www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 9, 2018

ရုရှားနိုင်ငံက သရက်သီးခြောက် ၁ဝ တန်ဝယ်ယူရန် ကမ်းလှမ်းထားသော်လည်း လိုအပ်ချက်အတိုင်း တင်ပို့နိုင်ခြင်းမရှိ




ရန်ကုန် ၉-၂-၂ဝ၁၈

ယခုနှစ်အတွင်း ရုရှားနိုင်ငံက သရက်သီးခြောက် ၁ဝ တန်ဝယ်ယူရန် ကမ်းလှမ်း ထားသော်လည်း ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် စက်ရုံ၊ အလုပ်ရုံအခက်အခဲ များကြောင့် တင်ပို့နိုင်ခြင်းမရှိကြောင်း မြန်မာ့သရက်ဈေး ကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးကိုကိုထံမှ သိရသည်။

နေပြည်တော်ရှိ ပြည်တွင်း ကုမ္ပဏီတစ်ခု ဖြစ်သည့် မြန်မာ့ရွှေသစ်သီး ဝလံကုမ္ပဏီမှ သရက်သီးခြောက်နှင့် အနှစ်များကို ထုတ်လုပ်၍ ရုရှားနိုင်ငံသို့ ယမန်နှစ်ကစတင် တင်ပို့ခဲ့ကြောင်း သိရသည်။

''သရက်သီးခြောက်လည်း အများကြီး လိုချင်ကြတယ်။ ဒါပေမဲ့ စက်ရုံ၊ အလုပ်ရုံ မရှိသေးပါဘူး။ ရုရှားက ဒီနှစ် အနည်းဆုံး သရက်သီးခြောက် ၁ဝ တန်မှာတယ်'' ဟု ဦးကိုကိုက ပြောသည်။

သရက်သီးခြောက် ပြုလုပ်မည်ဆိုပါက အခွံခွာ၊ အစေ့ထုတ်ပြီး အသားကို အခြောက်ခံရမည်ဖြစ်ရာ အနည်းဆုံး သရက်သီး တစ်ကီလိုတွင် သရက်သီးအခြောက် ၁၅ဝ ဂရမ်သာရရှိကြောင်း၊ သရက်သီးတန် ၈ဝ ခန့် သရက်သီး အခြောက်ခံလျှင် အနည်းဆုံး ၁ဝ တန်ခန့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

''သရက်သီး အခြောက်လုပ်ဖို့ အခြောက်ခံ စက်လိုနေတာပါ။ လုပ်ငန်းရှင်တစ်ယောက်က နေပြည်တော်မှာ စက်ရုံတည်ပြီး စတင်နေပါပြီ။ ဒါပေမဲ့ သရက်သီးခြောက် စက်ရုံတစ်ရုံတည်းနဲ့ မလုံလောက်နိုင်တဲ့ အတွက်နောက်ထပ် စက်ရုံငါးရုံလောက် လိုပါတယ်'' ဟု ဦးကိုကိုကပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger