www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 19, 2018

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ သေဒဏ်ချမှတ် ပေးရေး မတ္တရာမြို့ နယ်တွင် ဒေသခံများ ဆန္ဒထုတ်ဖော်



မတ္တရာ ၁၉-၂-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် ဝန်းစုကျေးရွာတွင် ဖြစ်ပွားခဲ့သည့် နှစ်နှစ်ကျော်ကလေးငယ် မုဒိမ်းကျင့်ခံရပြီး သေဆုံးခဲ့မှုနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူကို သေဒဏ်ချမှတ်ပေးရေး ယနေ့နံနက် ၉ နာရီမှ မွန်းတည့် ၁၂နာရီကျော်ထိ ဒေသခံများ ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် မတ္တရာမြို့နယ်ဒေသခံ ဦးသန်းလွင်က ပြောပြသည်။

"ပထမအချက်အနေနဲ့ မုဒိမ်းကျင့်သတ်ခဲ့တဲ့ ပြစ်မှုကျူးလွန်သူ ဖြိုးထက်အောင်ကို သေဒဏ်ချမှတ် ပေးရေးနဲ့ ဒီသက်ငယ်မုဒိမ်းတွေနဲ့ ပတ်သက်လို့ ဥပဒေတစ်ရပ် အမြန်ဆုံးပြဋ္ဌာန်းပေးရေး တောင်းဆိုခဲ့ကြတာပါ။ ခွင့်ပြုမိန့်တင်ထားတဲ့ လူဦးရေထက်တော့ ပိုများပါတယ်။ ဝန်းရံသူအင်အား နှစ်သောင်းခွဲ လောက်ထိရှိပါတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲကို ယနေ့နံနက် ၉နာရီမှ မွန်းတည့်၁၂နာရီကျော်ထိ မတ္တရာမြို့အဝင်မှစတင်၍ မတ္တရာမြို့ဟစ်တိုင်ကွင်းထိ သက်ငယ်မုဒိမ်း သေဒဏ်ချမှတ်ပေးရေး ကြွေးကြော်ကာ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

"တစ်နိုင်ငံလုံးက လူတွေပါတယ်လို့ကို ပြောလို့ရပါတယ်။ မန္တလေးတိုင်း ဒေသကြီးထဲက မြို့နယ်အကုန်နီးပါး ပါပါတယ်။သူတို့အနေနဲ့ ကိုယ့်အသိစိတ်နဲ့ လာရောက်ပူးပေါင်းပြီး ဒီသက်ငယ်မုဒိမ်းမှုကို သေဒဏ်သတ်မှတ် ပေးဖို့ အတွက် တောင်းဆိုဆန္ဒပြ ခဲ့ကြတာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

နှစ်နှစ် ငါးလအရွယ်ရှိ ကလေးငယ်ကို မုဒိမ်းကျင့်ခဲ့ရာ ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ဖြိုးထက်အောင်ကို ရေနံ့သာ ကျေးရွာရဲစခန်းတွင် (ပ) ၂၆/၂ဝ၁၈၊ရာဇသတ်ကြီး ဥပဒေပုဒ်မ၃၇၆/ ၃ဝ၂ဖြင့် အမှုဖွင့်ဖမ်းဆီးထားပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger