www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 19, 2018

မိုးမိတ်မြို့နယ် အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ



နေပြည်တော် ၁၉-၂-၂ဝ၁၈

ကချင်ပြည်နယ်၊ မိုးမိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် မိုးလိုကျေးရွာ၏ တောင်ဘက် သုံးမိုင်ခန့်အကွာ၌ စုပုံထားသော တရားမဝင် ကျွန်းသစ်ခွဲသား ဆိုဒ်စုံ ၃၇၄ချောင်း (ခန့်မှန်း ၃ ဒသမ ၉တန်ခန့်)ကို လည်းကောင်း၊ ကြူဆာကျေးရွာ၏ အနောက်ဘက် ခုနစ်မိုင်ခန့်အကွာ၌ တရားမဝင်စုပုံထားသော ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၃၂၄ချောင်း (ခန့်မှန်း
၎ ဒသမ ၅တန်ခန့်) နှင့် ချိန်းဆောတစ်ခုတို့ကို လည်းကောင်း ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသည့် တရားမဝင်သစ်များနှင့် ချိန်းဆောတစ်ခု တို့ကို မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger