www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 2, 2017

ဒေသခံပြည်သူများ၏ စားရေးအထောက်အကူဖြစ်စေရန် တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများ၊ အသီး အရွက်များနှင့် အသားငါးများအား ဆက်လက်ရောင်းချ



နေပြည်တော် ၂-၅-၂၀၁၇

ဒေသခံပြည်သူလူထု၏ စားရေးတွင် အထောက်အကူဖြစ်စေရန်နှင့် ကုန်ဈေးနှုန်း မြင့်တက်လာမှုအား တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်ရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ဘက်စုံစိုက်ပျိုး မွေးမြူရေးခြံများမှ
ထွက်ရှိသော အသား၊ ငါးများ၊ ဟင်းသီးဟင်း ရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများကို တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များက တပ်နယ်များ၌ ဒေသခံပြည်သူများအား ဈေးနှုန်းချိုသာစွာဖြင့် စီစဉ်ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၌ လားရှိုးမြို့၊ အမှတ်(၉)ရပ်ကွက် ဘူတာလမ်းနှင့်အမှတ် (၁၂) ရပ်ကွက်ရှိ လားရှိုးကြီးဈေးအနီးတို့တွင် လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌အောင်ပန်းမြို့၊ မြို့မဈေး၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေး ရွာတို့တွင်လည်းကောင်း၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ခိုလမ်မြို့၊ (၂၆)မိုင် ကျေးရွာ၊ နားပွဲလမ်းဆုံတွင်လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကောက်ကော့(၂)လမ်း၊ ဝမ်တုံကျေးရွာ၊ နောင်နွန်းရပ်ကွက်၊ ယန်းလူးဈေးနှင့် ရဲဘော်ဟောင်းရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးတို့တွင်လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ကလိန်အောင်မြို့ဈေးရှေ့၊ မြိတ်မြို့၊ ရွှေပေးကျေးရွာဈေးရှေ့၊ မြိတ်မြို့ဆိပ်ကမ်း၊ တနင်္သာရီမြို့ တပ်နယ်ဈေး၊ ဇဝဲကျေးရွာ၊ ဘုတ်ပြင်းမြို့တပ်နယ်ဈေး၊ မြို့မဈေးရှေ့၊ ကရသူရိမြို့ဈေးနှင့် ကျောက်ထနောင်း တပ်နယ်ဈေးတို့တွင် လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဂိတ်၊ အင်းစိန်မြို့နယ်၊ သံမဏိစက်ရုံရှေ့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီး ရပ်ကွက်နှင့် ဦးဝိစာရလမ်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်နှင့် သန်လျင်ဈေးရှေ့၊ မင်္ဂလာဒုံမြို့နယ်၊ တောတိုက်ရပ်ကွက်၊ မှော်ဘီမြို့နယ်၊ တပ်နယ် အခွန်လွတ်ဈေး၊ လှည်းကူးမြို့မဈေးနှင့်သရက် ကုန်းဈေး၊ တိုက်ကြီးမြို့နယ်၊ ဖောင်ကြီးလမ်းဆုံ၊ ကွမ်းခြံကုန်းမြို့နယ်၊ မေတ္တာရွာတို့တွင် လည်းကောင်း၊ အနောက်တောင်တိုင်းစစ် ဌာနချုပ်၌ ပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက် ကမ်းနားလမ်း၊ ကွမ်းခြံဈေး၊ မြောင်းမြမြို့
ကမ်းနားစက်လှေဆိပ်၊ ဟင်္သာတမြို့၊ တိုက်ကျောင်းဈေးနှင့် ပြည်သူ့ဆေးရုံရှေ့တို့တွင် လည်းကောင်း၊ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၌ ပဲပဒုံဂိတ်၊ ဘူးသီးတောင်မြို့၊ မြို့မဈေးတို့ တွင်လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၌ ကလေးမြို့၊ ပင်လုံလမ်းမတော်လမ်း၊ ချမ်းမြေ့အောင်စည် ရပ်ကွက်၊ ကားလေးဝင်းအတွင်း၊ အရာတော်မြို့နယ်၊ ရွာသာကျေးရွာ တို့တွင်လည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၌ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ကားကြီးကွင်း၊ မန္တလေးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာဈေးတို့ တွင်လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ၌ တောင်ငူမြို့၊ အထွေထွေရောဂါ ကုဆေးရုံကြီး၊ ဆွာမြို့ဈေး၊ အုတ်တွင်းမြို့ အုတ်တွင်းလမ်းဆုံ၊ သံတောင်ကြီးမြို့၊ အင်းဝဘဏ်ရှေ့၊ရွှေကျင်မြို့နယ်၊ ရှမ်းစုကျေးရွာ၊ ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီး၊ အင်းတကော်မြို့၊ အင်းတကော်တာဆုံ၊ တောင်သုံးလုံးလမ်းဆုံ၊ ညောင်လေးပင်မြို့နယ်၊ တောကျွဲအင်းကျေးရွာ၊ ပြည်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး၊ ပေါက်ခေါင်းမြို့၊ ကုတင်ငါးဆင့်ကျေးရွာ၊ ပန်းတောင်းမြို့နယ်၊ ကျောက်ဖူးကျေးရွာ၊ တောင်ဘွေကျေးရွာ၊ သာယာဝတီမြို့နယ်၊ လှည်းလမ်းကူးကျေးရွာနှင့် မင်းလှမြို့ဈေးတို့တွင်လည်းကောင်း ဒေသခံပြည်သူများအတွက် တန်ဖိုးသင့်ထမင်း၊ ဟင်းလျာများနှင့် သန့်ရှင်းလတ်ဆတ်သည့် ဟင်းသီးဟင်းရွက်များ၊ အသားငါးများကို ဈေးနှုန်းချိုသာစွာဖြင့် အသီးသီးရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger