တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ထံ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက် ဘောလုံးပြိုင်ပွဲအတွက် အလှူငွေပေးအပ်စဉ်။
နေပြည်တော် ၂-၅-၂၀၁၇
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံး/ထွက်ဘောလုံးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပံ့ပိုးငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ တပ်မတော်အားကစားနှင့် ကာယပညာအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဇော်သိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တပ်မတော်မှ မတည်လှူဒါန်းရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီး တပ်မတော်မှ ပံ့ပိုးလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၃၀၀၀ အား ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင် စကားပြန်လည် ပြောကြားသည်။
ထို့နောက် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံ့လက်ရွေးစင် အားကစားသမား ဟောင်းများနှင့် အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီး ဂါရ၀ပြုချီးမြှင့် ငွေများပေးအပ်ကာ ဘောလုံးကစားသမားများနှင့် ကလပ်အသင်း ခေါင်းဆောင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
#Thyemyawadydaily
No comments:
Post a Comment