www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 2, 2017

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မတ်လအတွင်း နိုင်ငံတကာ ဈေးကွက်များသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် နှစ်သိန်းခန့် တင်ပို့ရောင်းချပေးနိုင်ခဲ့



နေပြည်တော် ၂-၅-၂၀၁၇

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ် မတ်လ တစ်လအတွင်း နိုင်ငံတကာ ဈေးကွက်များသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သိန်းခန့် တင်ပို့ရောင်းချ ပေးနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

ယခုအခါ မြန်မာ့ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေသကဲ့သို့ မြန်မာ့ဆန် နှင့်ဆန်ကွဲများကိုလည်း ပြည်ပဈေးကွက်များသို့ တိုးမြှင့်တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆောင်ရွက်မှု များအရ မြန်မာ့ဆန်နှင့် ဆန်ကွဲဖောက်သည် ဈေးကွက်နိုင်ငံများ တိုးတက်ရရှိ လာခဲ့သည်။

ထို့ကြောင့် မတ်လတစ်လ အတွင်းမှာပင် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၃ဒသမ၂၂၂ သန်းတန်ဖိုးရှိ ဆန်တန်ချိန် ၁ဝ၅၈၅၅ တန်ကျော်နှင့် အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၁၅၃သန်း တန်ဖိုးရှိ ဆန်ကွဲ ၁၃ဝ၂၁တန်ကျော် တင်ပို့ ရောင်းချပေးခဲ့ရသည်။

ထို့အတူ မတ်လတစ်လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ မြန်မာ့ဆန်ဖောက်သည် ဈေးကွက်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅၈၁ သန်းတန်ဖိုးရှိ ဆန် ၅၂၈ဝ၈ တန်နှင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၈၄သန်းတန်ဖိုးရှိ ဆန်ကွဲ၂၄၆၃၉ တန် တင်ပို့ရောင်း ချပေးခဲ့ရသည်။

ထို့ကြောင့် မတ်လတစ်လတွင်း မှာပင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတို့မှ အမေရိကန်ဒေါ်လာ ၈၈ ဒသမ ၄၄ သန်းတန်ဖိုးရှိ ဆန်နှင့်ဆန်ကွဲ တန်ချိန် ၁၉၆၃၂၃တန် တင်ပို့ ရောင်းချပေးခဲ့ရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger