www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 28, 2017

သဘာဝအရင်းအမြစ်များကို အသုံးချသော စိုက်ပျိုးမွေးမြူရေးစနစ် ပြန့်ပွားစေရန် ဆောင်ရွက်မည်


Permaculture စနစ်တစ်ခု

ရန်ကုန် ၊ ၂၈-၂-၂၀၁၇

စိုက်ပျိုးရေးလုပ်ငန်း များတွင် ဓာတ်မြေသြဇာ များအစား သဘာဝ အရင်းအမြစ်များ နှင့် မွေးမြူရေးလုပ်ငန်း များမှ စွန့်ပစ်ပစ္စည်း များကို ပြန်လည် အသုံးချပြီး ကုန်ကျစရိတ် လျော့နည်းစေကာ အထွက်နှုန်း ကောင်းမွန်သည့် စိုက်ပျိုးမွေးမြူရေး စနစ်ကို မြန်မာနိုင်ငံ တစ်ဝန်း ပြန့်ပွားစေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Farmer to Farmer Project မှ Project Manager ဒေါက်တာ သက်ခိုင် ထံမှ သိရသည်။

ပြည်တွင်းရှိ တောင်သူ လယ်သမားများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်သူများ အနေဖြင့် Permaculture နည်းစနစ်ကို ပိုမိုကျယ်ပြန့်စွာ သိရှိနားလည် လာစေရန် အသိပညာပေး ဟောပြောပွဲများ၊ သင်တန်းပို့ချခြင်း များကို ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ချင်းပြည်နယ် စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ဝေးလံသော ကျေးလက်ဒေသများ အထိ သွားရောက် လုပ်ဆောင်သွားရန် စီစဉ် ထားကြောင်း သိရသည်။

အဆိုပါ နည်းစနစ်ကို သြစတြေးလျ နိုင်ငံမှ စတင်တီထွင် ခဲ့ခြင်းဖြစ်ပြီး မွေးမြူရေး လုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ၊ အိမ်သုံးစွန့်ပစ် ပစ္စည်းများကို ပြန်လည် အသုံးပြုကာ လယ်ယာ စိုက်ပျိုးမြေ များကို ပြုပြင် ထိန်းသိမ်းပြီး သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်အတိုင်း လုပ်ကိုင် လည်ပတ်သော စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နည်းစနစ် တစ်ခု ဖြစ်သည်။

ထိုနည်းစနစ်တွင် စိုက်ပျိုးရေးခြံများ အတွင်း ပိုးမွှားများ မရှိစေရန် ဘဲများထည့်သွင်း မွေးမြူခြင်း၊ စွန့်ပစ်ရေများနှင့် မိုးရေများကို Permaculture နည်းစနစ်သုံး စိုက်ပျိုးရေးခြံများ ထဲသို့ အလိုအလျောက် ရောက်ရှိစေရန် မြောင်းတူး သွယ်တန်းခြင်း၊ သီးပင်စားပင်ကြီးများ အောက်တွင် ဝက်များ ထည့်သွင်း မွေးမြူခြင်း အစရှိသော စိုက်ပျိုးရေး အတွက်ရော မွေးမြူရေး အတွက်ပါ အကျိုးပြုစေမည့် နည်းလမ်းများ ပါဝင်သည်။

ယင်းနည်းစနစ် သည် သဘာဝ အရင်းအမြစ်များ ကိုသာ သုံးစွဲခြင်းကြောင့် ဓာတ်မြေသြဇာ များနှင့် ပိုးသတ်ဆေးများ ဝယ်ယူရသည့် ကုန်ကျစရိတ်ကို ၉ဝ ရာခိုင်နှုန်းကျော် လျှော့ချနိုင်ကြောင်း၊ ယခုအခါ သြစတြေးလျ၊ ကင်ညာ၊ ဆားဘီးယား နှင့် အီသီယိုးပီးယား စသည့်နိုင်ငံများ အပါအဝင် ကမ္ဘာတစ်ဝန်း၌ Permaculture နည်းစနစ်ကို အောင်မြင်စွာ အသုံးပြုစိုက်ပျိုး နေကြကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger