www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 9, 2016

မင်းလှမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေဘုန်းသာစေတီ နှင့် မင်းလခံတပ်ကြီး ရေတိုက်စားမှုမှ ကာကွယ်ရန် ကျောက်ရိုးရေကာတာ တည်ဆောက်



မင်းလှ ၊ ၉-၅-၂၀၁၆

မကွေးတိုင်း ဒေသကြီး အထက်မင်းလှမြို့ ၏ ရှေးဟောင်း သမိုင်းဝင် ရွှေဘုန်းသာစေတီ နှင့် မင်းလှ ခံတပ်ကြီးကို ဧရာဝတီမြစ်ရေ တိုက်စားခြင်းမှ ကာကွယ်ရန် ကျောက်ရိုး ရေကာတာ တည်ဆောက်မှု အခြေအနေမှာ ပထမအဆင့် ပြီးစီးခဲ့ကြောင်း အထက်မင်းလှ မြို့နယ် စာရေးဆရာ အသင်း အတွင်းရေးမှူး ဦးသောင်းလှိုင်၊ (မောင်သိမ်မွေ့)ထံမှ သိရသည်။

''ဧရာဝတီမြစ်ရဲ့ ရေလမ်းကြောင်း က ပြောင်းလာတယ်။ ဝါဆို၊ ဝါခေါင်မှာ ရေစီး အလွန်ပြင်း ပါတယ်။ ရွှေဘုန်းသာ စေတီနဲ့ မင်းလှ ခံတပ်ကြီး ဆီကို ရေလမ်းကြောင်း ဦးတည်နေ ပါတယ်။ ကမ်းပါးတွေ တဖြည်းဖြည်း ရေတိုက်စား လာတယ်။ အခု ရွှေဘုန်းသာ စေတီ တောင်ဘက် ပရိဝုဏ်ကနေ မင်းလှခံတပ်ကြီး ထိ အလျားပေ ၃၅ဝ၊ အမြင့်ပေ ၃ဝ လောက်ရှိတဲ့ ကျောက်ရိုး ရေကာတာကို ပထမအဆင့် တည်ဆောက် ပြီးစီးပါပြီ။ အရင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းတင် လက်ထက်က ပေ ၄ဝဝ အတွက် နိုင်ငံတော် ဘတ်ဂျက်ကနေ ငွေကျပ် သိန်း ၂ဝဝဝ ချပေးထား ပါတယ်။ အခု ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်မှာ ကျန်တဲ့ ပေ ၈၀၀ အတွက် ဘတ်ဂျက် တောင်းဖို့ အခုလက်ရှိ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကြီး ကို လွှဲပေးမယ်လို့ ဦးဝင်းတင် က ပြောပြပါတယ်''ဟု ၄င်းက ဆက်လက် ပြောပြသည်။

မကွေးတိုင်း ဒေသကြီး အထက်မင်းလှ မြို့တွင် အမျိုးသားရေး လက္ခဏာတစ်ခု ဖြစ်သည့် မင်းလှခံတပ် ကြီးသည် လွန်ခဲ့သည့်နှစ် ၅ဝ ကျော်ကလည်း ဧရာဝတီ မြစ်ရေ တိုက်စားမှုကြောင့် အရှေ့ခြမ်းမှာ ပြိုကျပျက်စီး ခဲ့ပြီး ခံတပ်၏ အပိုင်းအစများ ယနေ့ထိ တွေ့မြင် နိုင်သည်။ အဆိုပါ ခံတပ်ကြီး၏ သက်တမ်းမှာ နှစ်ပေါင်း ၁၅ဝ ရှိပြီ ဖြစ်ကြောင်း သိရသည်။ (၀၈၇)

ရတနာပုံနေ့စဉ် ၊ စာ(၂၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger