www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 16, 2016

မင်းဘူး(စကု)မြို့နယ် ကုလားပါးကျေးရွာရှိ ရှေးဟောင်း ဆုတောင်းပြည့်စေတီ ထပ်မံပြိုကျရာမှာ ဘုရားရှင်ဓာတ်တော်များ ထွက်ရှိလာ



မင်းဘူး ၊ ၁၆-၁၁-၂၀၁၆

မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ် ကုလားပါး ကျေးရွာတွင် နိုဝင်ဘာ ၁၀ ရက်က ပြိုကျခဲ့သည့် ရှေးဟောင်း ဆုတောင်းပြည့် စေတီတော်ကြီး ၏ စေတီတော် အတွင်းရှိ ဆုတောင်းပြည့် ဘုရားကြီး မျက်နှာတော် နိုဝင်ဘာ ၁၄ ရက်တွင် ထပ်မံပြိုကျ ပဲ့ထွက်ခဲ့ရာမှ ဘုရားရှင် ဓာတ်တော်များ ထွက်ရှိလာကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

အဆိုပါ ရှေးဟောင်း ဆုတောင်းပြည့် စေတီတော်ကြီးမှာ အင်းဝခေတ်၊ ညောင်ရမ်းခေတ် ကတိုင် တည်ထားကိုးကွယ် ခဲ့သည့် စေတီတော်ကြီး ဖြစ်ကာ စေတီတော်၏ အောက်ခြေတွင် လိုဏ်ဂူ ပါရှိကာ အတွင်းတွင် ဆုတောင်းပြည့် ရုပ်ပွားတော် မြတ်ကြီးရှိပြီး ယခု ထွက်ရှိလာသော ဓာတ်တော်များမှာ ရုပ်ပွားတော် မြတ်ကြီး၏ မျက်နှာတော် အတွင်းမှ အညိုရောင် လေးဆူနှင့် အဖြူရောင် ရှစ်ဆူ ပေါင်းဓာတ်တော် ၃၂ ဆူ ထွက်ရှိလာကြောင်း သိရသည်။

ထိုသို့ ဆုတောင်းပြည့် ဘုရားကြီး မျက်နှာတော် ပြိုကျမှုကြောင့် မင်းဘူး(စကု) မြို့နယ် အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်၊ အတွင်းရေးမှူး ဆရာတော်တို့ ရောက်ရှိလာပြီး ဓာတ်တော် ၃၂ ဆူမှ ၂ ဆူမှာ ဘုရားရှင်၏ ဓာတ်တော်များ ဖြစ်ကာ ကျန်အဆူ ၃ဝ မှာ ရဟန္တာ ဓာတ်တော်များ ဖြစ်နိုင်ကြောင်း၊ ၄င်းဓာတ်တော် များအားခွဲကာ ဓာတ်တော်များကို ကျေးရွာရှိ ဆရာတော် ဘဒ္ဒန္တအိနြ္ဒိယ ကျောင်းတွင် ထားရှိပြီး နေ့ပိုင်းတွင် အများပြည်သူ ဖူးမြော်ကြည်ညို နိုင်စေရန် ဘုရား တန်ဆောင်း အတွင်း ထားရှိကြောင်း ၄င်းက ဆက်လက် ပြောပြသည်။

ဆုတောင်းပြည့် စေတီတော် မြတ်ကြီးမှာ ရှေးဟောင်း ဂူဘုရားမျိုး ဖြစ်ကာ စေတီတော်၏ အနောက်ဘက်ခြမ်း ပြိုကျခဲ့ သော်လည်း စေတီတော်နှင့် ဂူဘုရားမှာ ပြိုကျမှု မရှိသေးဘဲ အန္တရာယ်ရှိ အနေအထားတွင် ရှိကြောင်း၊ ပြိုကျသည့် အုတ်ခဲပုံများကို ရှင်းလင်းဖယ်ရှား နိုင်ခြင်း မရှိသေးဘဲ ယခုကဲ့သို့ ဂူဘုရားအတွင်း ရုပ်ပွားတော်ကြီးမှ မျက်နှာတော် ထပ်မံပြိုကျ ခဲ့ကြောင်း သိရသည်။ (စိုးထက်-မင်းဘူး)

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger