www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 14, 2015

မြန်မာ့လက်မှု ရွှေချည်ထိုးရုပ်သေးရုပ် အပါအဝင် မင်းသား မင်းသမီးရုပ်များကို နိုင်ငံခြားခရီးသွား ဧည့်သည်များ ကြိုက်နှစ်သက်ခြင်းကြောင့် ရောင်းအား ကောင်းမွန်လျက်ရှိ



ရန်ကုန် ၊ ၁၄-၁၂-၂ဝ၁၅

မြန်မာ့လက်မှု ရွှေချည်ထိုး ရုပ်သေးရုပ်များ အပါအဝင် ရွှေချည်ထိုး မင်းသား၊  မင်းသမီးရုပ်နှင့် တိရစ္ဆာန်ရုပ် များကို နိုင်ငံခြား ခရီးသွား ဧည့်သည်များ ကြိုက်နှစ်သက်စွာ ဝယ်ယူအားပေးမှု များပြား လာခြင်းကြောင့် ရုပ်သေးရုပ်မှာ ရောင်းအား ကောင်းမွန်လျက် ရှိကြောင်း အမရပူရမြို့နယ် ရှိ မြန်မာ့ရုပ်သေးရုပ် ရောင်းဝယ်ရေး လုပ်ငန်း မှ သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြား ခရီးသွား ဧည့်သည်များ တစ်နှစ်ထက် တစ်နှစ် လည်ပတ်မှု များပြားလာသည့် အပြင် ၂ဝ၁၅ ခုနှစ် နှစ်ကုန်ပိုင်း အထိ ခရီးသွား ဧည့်သည် ငါးသန်းကျော် ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

နိုင်ငံခြား ခရီးသွားဧည့်သည် များသည် မြန်မာနိုင်ငံရှိ မြန်မာ့လက်မှု ပစ္စည်းများကို စိတ်ဝင်စားစွာ ဝယ်ယူလာကြ ခြင်းကြောင့် မြန်မာ့ လက်မှုထည် ရွှေချည်ထိုး ရုပ်သေးရုပ်များ၊ မင်းသား၊ မင်းသမီးရုပ်များ၊ ဆင်ရုပ်၊ ကျားရုပ်နှင့် ဂဠုန်ရုပ် တို့ကို ဝယ်ယူသူများပြား လာကြောင်း သိရ သည်။

''ရုပ်သေးရုပ် တွေကို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ အဝယ်များတယ်။ ပြီးတော့ ထိုင်းနိုင်ငံကို တင်ပို့ရတယ်။ ပုဂံ၊ မန္တလေးမြို့က စတိုးဆိုင်တွေကို ပို့ရတယ်။ ရန်ကုန်မြို့ မှာက ဟိုတယ်တွေ၊ မိုတယ်တွေက မှာယူတယ်။ အများဆုံး ကတော့ ထိုင်းနိုင်ငံကို ပို့ရတယ်။ ပြည်တွင်းမှာ အများဆုံး ပို့ရတာကတော့ ပုဂံပေါ့၊ ပုဂံကို နိုင်ငံခြား ခရီးသွား ဧည့်သည်တွေ လာတယ်လေ။ သူတို့က ရွှေချည်ထိုး ရုပ်သေးရုပ်တွေ၊ မင်းသား၊ မင်းသမီးရုပ် တွေကို ဝယ်ကြတယ်'' ဟု မြန်မာ့ရုပ်သေးရုပ် ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

မြန်မာ့ ရုပ်သေးရုပ်များသည် အရွယ်အစား အလိုက် ဈေးအမျိုးမျိုးရှိပြီး တစ်ရုပ်လျှင် ကျပ် ၃၈ဝဝ မှ ကျပ် ၁ဝဝဝဝ ကျော် နှစ်သောင်းအထိ ရှိကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger