www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 16, 2016

တောင်ကြီးတန်ဆောင်တိုင် ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ


တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ပိတ်ပွဲအခမ်းအနားတွင် မီးရှူးမီးပန်းများ ပစ်ဖောက်နေမှုကို တွေ့ရစဉ်

တောင်ကြီး ၊ ၁၆-၁၁-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီခွဲတွင် တောင်ကြီးမြို့ ကျောင်းကြီးစု ရပ်ကွက်ရှိ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး များနှင့် တာဝန်ရှိသူတို့က ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ် ခြေနှစ်ချောင်း၊ နေ့လွှတ် ခြေလေးချောင်း၊ နေ့လွှတ်အုပ်စု၊ မသိုးသင်္ကန်း ရက်လုပ်ပြိုင်ပွဲ၊ မြို့လုံးကျွတ် မဟာ ဘုံကထိန် လှည့်လည်ပွဲ၊ ညမီးပဒေသာ လှည့်လည်ပူဇော်ပွဲ နှင့် ဓာတ်ပုံပြိုင်ပွဲ တို့တွင်  ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်သည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်  နှင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝင်းမင်းထွန်း တို့က ညမီးကြီး ပြိုင်ပွဲတွင် ပထမဆုရ KBZ Bank မီးကို ငွေကျပ် ၇၅ သိန်း၊ ဒုတိယဆုရ ကြယ်ပြောင်မီး ကို ငွေကျပ် ၅၅ သိန်း၊ တတိယဆုရ ကားပွဲစားအိုမီး ကို ငွေကျပ် ၄၈ သိန်း၊ ညလွှတ် စိန်နားပန် ပထမဆုရ ရွှေရောင်မီးကို ငွေကျပ် သိန်း ၃ဝ၊ ဒုတိယဆုရ ရောင်စုံမီးကို ငွေကျပ် ၂၅ သိန်းနှင့် တတိယဆုရ ရွှေဓနုမီး ကို ငွေကျပ် ၂၃ သိန်း တို့အား ပေးအပ်သည်။

ယင်းနောက် ရှမ်းပြည်နယ် ယဉ်ကျေးမှု အကအဖွဲ့နှင့် တိုင်းရင်းသား ယဉ်ကျေးမှု အကအဖွဲ့တို့က ကိန္နရီ ကိန္နရာအက၊ ဓားသိုင်းအက၊ ''အရောက်လှမ်းခဲ့ပါ'' တန်ဆောင်တိုင် သီချင်းတို့ဖြင့် ကပြဖျော်ဖြေ ကြသည်။

ထို့နောက် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် က တန်ဆောင်တိုင် ပွဲတော် ပိတ်သိမ်းကြောင်း ကြေညာကာ ပိတ်ပွဲ အထိမ်းအမှတ် မီးရှူးမီးပန်းများ ပစ်ဖောက်၍ ညမီးကြီး၊ စိန်နားပန် တစ်လုံးစီနှင့် မီးပုံးပျံငယ် ၁ဝဝဝ တို့ကို လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ပွဲသို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းမှူး နှင့် အရာရှိကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တန်ဆောင်တိုင် ပွဲတော် ကျင်းပရေး လုပ်ငန်းကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သူများနှင့် ပြိုင်ပွဲဝင်များ တက်ရောက် ကြသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger