www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

ရန်ကုန်မြို့ရှိ စည်းကမ်းမလိုက်နာသည့် စားသောက်ဆိုင်ပေါင်း ၂၈၂ ဆိုင်ကို လိုင်စင်ပိတ်သိမ်းခဲ့



ရန်ကုန် ၊ ၂၂-၁၁-၂၀၁၆

ယခု ဘဏ္ဍာနှစ်အတွင်း ရန်ကုန်မြို့ရှိ စားသောက်ဆိုင် ပေါင်း ၇၃ဝ၃ ဆိုင်ကို စစ်ဆေးခဲ့ပြီး သတ်မှတ် စည်းကမ်းများ မလိုက်နာသည့် ဆိုင်ပေါင်း ၂၈၂ ဆိုင်ကို လိုင်စင်ပိတ်သိမ်း ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာန မှ သိရသည်။

ယခု ဘဏ္ဍာနှစ်အတွင်း စားသောက်ဆိုင် ပေါင်း ၇၉၄၇ ဆိုင်ကို စစ်ဆေးရန်ရှိပြီး လက်ရှိအချိန်ထိ စစ်ဆေးပြီး ဆိုင်ပေါင်း ၇၃ဝ၃ ဆိုင်ရှိကာ လိုင်စင်ပိတ်သိမ်း ခဲ့သည့် ဆိုင်ပေါင်း ၂၈၂ ဆိုင်ရှိကြောင်း သိရသည်။

စားသောက်ဆိုင်များ လိုက်နာရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ကျန်းမာရေးဌာနက စည်းကမ်းချက် ၁၂ ချက် ထုတ်ပြန်ထားပြီး စားသောက်ဆိုင် များကို နှစ်စဉ် စစ်ဆေးခြင်း နှင့် ရှောင်တခင် စစ်ဆေးခြင်းများ လုပ်ဆောင်လျက် ရှိရာ လိုက်နာရန် စည်းကမ်းများနှင့် ကြီးကြပ်ခြင်း၊ စားဖိုဆောင် စစ်ဆေးခြင်းများ လုပ်ဆောင်၍ စားသုံးရန် သင့်လျော်သော အစားအသောက် ထောက်ခံချက် လက်မှတ် ထုတ်ပေးလျက် ရှိကြောင်းနှင့် စည်းကမ်း ဖောက်ဖျက်ကြောင်း တွေ့ရှိပါက ထောက်ခံချက် လက်မှတ်ကို ပြန်လည် သိမ်းယူကြောင်း သိရသည်။

ယင်းသတ်မှတ် စည်းကမ်းချက် များကို လိုက်နာခြင်း မရှိပါက ၂ဝ၁၃ ခုနှစ် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေပုဒ်မ (၅၃) အရ ဒဏ်ကြေးငွေ ရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင် လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ကာလ အကန့်အသတ်ဖြင့် ရုပ်သိမ်းခြင်း၊ လုပ်ငန်းလိုင်စင် နှင့် မှတ်ပုံတင် လက်မှတ် သို့မဟုတ် ခွင့်ပြုမိန့်ကို ပယ်ဖျက်ခြင်းများ လုပ်ဆောင်နိုင် ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger