www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 22, 2016

မသင်္ကာဖွယ်တစ်ဦးအား ဖမ်းမိစစ်ဆေးရာမှ မိုင်းဖောက်ခွဲသည့် ဖြစ်စဉ်တွင် ၄င်းကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ကြောင်း ၀န်ခံထွက်ဆို


မာမွတ်ကာစီ (ဘ) မာမွတ်ဒူဆောင်း

နေပြည်တော် ၊ ၂၂-၁၁-၂၀၁၆

နိုဝင်ဘာ ၁၂ ရက်တွင် အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ (ကျီးကန်းပြင်) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မော်တော်ယာဉ် သုံးစီးဖြင့် ငါးခူရ စခန်းသို့ ပို့ဆောင်စဉ် နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် မောင်တောမြို့နယ်၊ မောင်နှစ်မ (တောင်)ရွာ အဝင် ဘေလီတံတား အမှတ် (၃၈)သို့ အရောက် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများမှ လက်လုပ်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ငယ် များဖြင့် ပစ်ခတ်မှုကြောင့် မော်တော်ယာဉ် တစ်စီး၏ နောက်ပိုင်း ပျက်စီးခဲ့သည့် သတင်းအား နိုဝင်ဘာလ ၁၃ ရက်ထုတ် မြဝတီသတင်းစာ ၌ လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်ည ၁၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ်၊ အောင်မင်္ဂလာ (ရခိုင်) ကျေးရွာအတွင်း မသင်္ကာဖွယ် မာမွတ်ကာစီ (ဘ) မာမွတ်ဒူဆောင်း ရောက်ရှိ လာသဖြင့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသည့် သတင်းအား နိုဝင်ဘာလ ၁၆ ရက်ထုတ် မြဝတီသတင်းစာ ၌လည်းကောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ ဖမ်းဆီးရမိ သင်္ကာမကင်း မာမွတ်ကာစီ (ဘ) မာမွတ်ဒူဆောင်း အား ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ- ၁၄၄ ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့်အား ဖောက်ဖျက် ကျူးလွန် သဖြင့် အရေးယူနိုင်ရေး စစ်ဆေးမေးမြန်း စဉ် ထွက်ဆိုချက် များအရ နိုဝင်ဘာ ၁၁ ရက်က မာမွတ်ကာစီ နှင့် လေးဦး တို့သည် မောင်နှစ်မ (တောင်) ရွာအဝင် ဘေလီတံတား အမှတ်(၃၈) အနီးတွင် ကျင်းတူး၍ မိုင်းတစ်လုံး မြှုပ်နှံခဲ့ပြီး သံကြိုးဖြင့်ဆွဲ၍ လယ်ကွင်းပြင်၌ သံကြိုးအား ထားခဲ့ကြောင်း၊ နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ၄င်းနှင့် အခြားဘင်္ဂါလီ တစ်ဦးတို့သည် မိုင်းဖောက်ခွဲရန် လယ်ကွင်း၌ စောင့်ဆိုင်းနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားသုံးစီး ဖြတ်သန်း လာသဖြင့် သံကြိုးအား ဆွဲ၍ မိုင်းဖောက်ခွဲခဲ့ပြီး ၄င်းတို့နှစ်ဦးမှာ ကျေးရွာသို့ ပြန်လာခဲ့ကြောင်း ဝန်ခံထွက်ဆို သဖြင့် ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်းနှင့် ကွင်းဆက် တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger