www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 21, 2016

ဝါးပိတ်ကျေးရွာအနီး အာဒါလွတ်စိုက်ခင်းအတွင်းမှ သေနတ်တစ်လက် သိမ်းဆည်းရမိ





နေပြည်တော် ၊ ၂၁-၁၀-၂၀၁၆

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် ယမန်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ၀ါးပိတ်ကျေးရွာ အထွက် ၊ အာဒါလွတ်စိုက်ခင်း အတွင်း ၀ှက်ထားသော ၁၂ ဗို့ဆလိုက် အက်ရှင် သေနတ်တစ်လက် အား ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ လက်နက်သည် မောင်တောမြို့နယ် နှင့် ရသေ့တောင် မြို့နယ်များရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ် နှင့် ကွပ်ကဲမှု အောက်ရှိ ကင်းစခန်း များအား အောက်တိုဘာ ၉ ရက်က အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ စီးနင်း တိုက်ခိုက်စဉ် အကြမ်းဖက် စီးနင်း တိုက်ခိုက် သူများ၏ နောက်သို့ ပါရှိသွားသော လက်နက် ဖြစ်ပြီး အဆိုပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းမှ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger