www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 21, 2016

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း Naro-Fominsk မြို့ရှိ အမှတ်(၄) လုံခြုံရေး တင့်ကားတပ်မ နှင့် Klimovsk မြို့ရှိ JSC "Tsniitochmash" သို့ သွားရောက် လေ့လာ


ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
အမှတ်(၄) လုံခြုံရေး တင့်ကားတပ်မ၌ တင့်ကားများ တပ်စု ၊ တပ်ခွဲအလိုက် လက်တွေ့ ပစ်ခတ်
 လေ့ကျင့်နေမှုများကို ကြည့်ရှု လေ့လာစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
အမှတ်(၄) လုံခြုံရေး တင့်ကားတပ်မ မှ တာဝန်ရှိသူများနှင့် အတူ အမှတ်တရ ဓာတ်ပုံရိုက်စဉ်

နေပြည်တော် ၊ ၂၁-၁၀-၂၀၁၆

ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အောက်တိုဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် Naro-Fominsk မြို့ရှိ အမှတ်(၄) လုံခြုံရေး တင့်ကားတပ်မ သို့ ရောက်ရှိရာ အဆိုပါ တပ်မ၏ ဒုတိယ တပ်မမှူး Col. Kuandikov Omangelydi Kxadjimuratovich နှင့် တာဝန်ရှိသူ များက ကြိုဆို ကြသည်။

ရှေးဦးစွာ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် အမှတ်(၄) လုံခြုံရေး တင့်ကားတပ်မ Museum သို့ သွားရောက် လေ့လာရာ တာဝန်ရှိသူ များက အဆိုပါတပ်မ၏ နောက်ခံသမိုင်း ကြောင်း၊ စစ်မြေပြင် အသီးသီး၌ ပါဝင်ထမ်းဆောင် ခဲ့မှုများအား ကဏ္ဍအလိုက် လိုက်လံရှင်းလင်း ပြသသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) သည် ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးသည်။

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် လေ့ကျင့်ရေး သင်တန်းခန်းမ များ၌ သင်ထောက်ကူ ပစ္စည်းများနှင့် လေ့ကျင့် နေမှုများ၊ လေ့ကျင့်ရေး ကွင်းတွင် T-80  တင့်ကားများ တပ်စု၊ တပ်ခွဲအလိုက် လက်တွေ့ပစ်ခတ် လေ့ကျင့်နေမှုများ၊ ယန္တရားတင် ခြေလျင် တပ်ဖွဲ့ဝင် များ၏ တပ်စိတ်၊ တပ်စုအလိုက် လေ့ကျင့်နေမှု များကို လှည့်လည် ကြည့်ရှု လေ့လာကြသည်။

ယင်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်အဖွဲ့ဝင် များအား အနောက်ပိုင်း စစ်ဒေသ ကွပ်ကဲမှု ဌာနချုပ်မှူး Col.Gen. Kartapolov Andrei Valerievich ကိုယ်စား အမှတ်(၄) လုံခြုံရေး တင့်ကား တပ်မမှူး Col.Kolesnikov Andrei Borisovich က ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လယ်စာ စားပွဲအပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အမှတ်(၄) လုံခြုံရေး တင့်ကား တပ်မမှူး တို့ သည် လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

ဆက်လက်ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင် များသည် Klimovsk မြို့ရှိ JSC "Tsniitochmash" သို့ရောက်ရှိကြရာ တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက်ကြသည်။

ထို့နောက် JSC "Tsniitochmash" ၏ စက်ပစ်ကွင်း သို့သွားရောက်၍ လက်နက်ငယ် အမျိုးမျိုး စမ်းသပ်ပစ်ခတ် မှုများကို ကြည့်ရှုကြပြီး JSC "Tsniitochmash" အတွင်းရှိ ခင်းကျင်းပြသ ထားသော စစ်ဝတ်တန်ဆာ နှင့် စစ်လက်နက် ပစ္စည်းများကို လှည့်လည် ကြည့်ရှုလေ့လာ ကြရာ တာဝန်ရှိသူ များက လိုက်လံ ရှင်းလင်းပြသ ခဲ့ကြ ကြောင်း သတင်း ရရှိသည်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အမှတ်(၄) လုံခြုံရေးတင့်ကားတပ်မ Museum အား
 ကြည့်ရှုလေ့လာစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Klimovsk မြို့ရှိ JSC "Tsniitochmash" မှ ထုတ်လုပ်သော စစ်ဝတ်တန်ဆာ များကို ကြည့်ရှု လေ့လာစဉ်

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား Klimovsk မြို့ရှိ JSC "Tsniitochmash" မှ ထုတ်လုပသည့် လက်နက်များ စမ်းသပ်ပစ်ခတ် ပြစဉ်


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger