www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 21, 2016

KKO ခွဲထွက်အဖွဲ့မှ အဖွဲ့ဝင်များနှင့် လက်နက်၊ ခဲယမ်းများ သိမ်းပိုက်ရမိ


ဖမ်းဆီးရမိ KKO ခွဲထွက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးနှင့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်



နေပြည်တော် ၊ ၂၁-၁၀-၂၀၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်၊ မိဖာလဲကျေးရွာ တစ်ဝိုက်၌ KKO ခွဲထွက်အဖွဲ့မှ နော့ကီ ဦးဆောင်သော အင်အား ခုနစ်ဦးခန့် ရောက်ရှိခိုအောင်း နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းသည် အောက်တိုဘာ ၁၉ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် အဆိုပါနေရာသို့ သွားရောက် နယ်မြေ ရှင်းလင်းရာ ၄င်းအဖွဲ့မှ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်သဖြင့် တပ်မတော် မှပြန်လည်ပစ်ခတ် ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် ရန်သူသည် မြောက်ဘက် သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် တပ်မတော်မှ စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူဘက်မှ နော့ကီ အပါအဝင် အလောင်း လေးလောင်း၊ သေနတ်သုံးလက်၊ ကျည်အိမ်မျိုးစုံ သုံးခု၊ ကျည်မျိုးစုံ ၃၈ တောင့် သိမ်းပိုက်ရရှိ ခဲ့သည်။

၎င်းနေရာ တစ်ဝိုက်အား ဆက်လက် ရှင်းလင်းရာ လက်နက် နှစ်လက်၊ ၄င်းကျည်အိမ် တစ်ခုနှင့် ကျည်သုံးတောင့် တို့ကို ထပ်မံသိမ်းပိုက် ရရှိခဲ့သည်။

ဆက်လက်၍ နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ မိဖာလဲကျေးရွာ အနီးသို့ ရောက်ရှိ ရှင်းလင်းစဉ် ကျေးရွာအတွင်းမှ သေနတ်ထိမှန် ဒဏ်ရာရရှိ ထားသည့် KKO ခွဲထွက်အဖွဲ့မှ ဗလ (ဘ) ဦးမောင်တင် ကို ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါနေရာ တစ်ဝိုက်နှင့် ပတ်ဝန်းကျင် နေရာများအား တပ်မတော် စစ်ကြောင်းများမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger