www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 22, 2016

ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ပြီး ပိုမိုထူးချွန်ရန် Play Therapy ကို အသုံးချသည့် သင်တန်း မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်မည်



ရန်ကုန် ၊ ၂၂-၉-၂၀၁၆

မြန်မာနိုင်ငံရှိ မွေးကင်းစမှ အရွယ်ရောက်သည် အထိ ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်ပြီး ပိုမိုထူးချွန် ထက်မြက်စေရန် ပံ့ပိုးကူညီ ရာတွင် အရေးပါသည့် Play Therapy အသုံးချသည့် သင်တန်းကို အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ Oxford Myanmar Medical College (OMMC) ၌ ပထမဆုံး ဖွင့်လှစ်မည် ဖြစ်ကြောင်း ဒေါက်တာ ကျော်သီဟ (Operations Director Myanmar International University) ထံမှ သိရသည်။

အဆိုပါ သင်တန်းကို ဗြိတိန်နိုင်ငံရှိ Play Therapy International နှင့် Oxford Myanmar Medical College (OMMC) တို့ပူးပေါင်း၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး သင်တန်း ကာလမှာ တစ်နှစ်နှင့် ရှစ်လ ကြာမြင့်မည် ဖြစ်သည်။

သင်တန်းသား ဦးရေ ၂ဝ လက်ခံမည် ဖြစ်ပြီး သင်တန်းကြေးမှာ အမေရိကန် ဒေါ်လာ ၂၅ဝဝ သတ်မှတ် ထားကြောင်းနှင့် သင်တန်း တက်ရောက် လိုသူများသည် တက္ကသိုလ်ဝင် တန်း အောင်မြင်ပြီးသူ Play Therapy ကို စိတ်ပါဝင်စားသူ မည်သူမဆို အသက် အကန့်အသတ်မရှိ တက်ရောက် နိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ၌ ကလေးများ ဉာဏ်ရည် ဖွံ့ဖြိုးရေးအတွက် ပထမဆုံး ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ကလေးမိဘများ၊ ကလေးများနှင့် ပတ်သက်သည့် လုပ်ငန်း လုပ်ကိုင်သူ များနှင့် ကလေးများ ကို ပြုစု စောင့်ရှောက်သည့် သူနာပြုများ အနေဖြင့် တက်ရောက်ရန် လိုအပ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို တက်ရောက် လိုပါက Myanmar International University အမှတ်(၇ဝ/ ဗ ) ဖိုးစိန်လမ်းနှင့် နတ်မောက် လမ်းသစ်ထောင့် နှင့် Oxford Myanmar Medical College အမှတ် (၃၅၁/၃၅၅) သိမ်ဖြူလမ်း ဗိုလ်မင်းရောင် မီးပွိုင့် ရန်ကုန်မြို့ ဖုန်း- ဝ၉- ၃ဝဝ၇ ၁၇ဝ၃ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger