www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 22, 2016

ကမ္ဘာအေးမိုးလေ၀သ ရေဒါစခန်း၌ အချက်အလက်များ ဖမ်းယူနေပြီး ဂျပန်နိုင်ငံမှ တရားဝင်လွှဲပြောင်းပေးအပ်ပွဲ အောက်တိုဘာလကုန် ပိုင်းတွင် ကျင်းပမည်



ရန်ကုန် ၊ ၂၂-၉-၂၀၁၆

ဂျပန်နိုင်ငံမှ တည်ဆောက် တပ်ဆင်ပေးသည့် ကမ္ဘာအေး မိုးလေဝသ ရေဒါစခန်း၌ ရေဒါသတင်း အချက်အလက်များ စတင်ဖမ်းယူနေပြီး ဂျပန်နိုင်ငံမှ တရားဝင် လွှဲပြောင်း ပေးအပ်ပွဲကို အောက်တိုဘာလ ကုန်ပိုင်းတွင် ကျင်းပမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ ကမ္ဘာအေး မိုးလေဝသရေဒါ စခန်း တည်ဆောက်မှုနှင့် ရေဒါတပ်ဆင်ခြင်း လုပ်ငန်းအားလုံးပြီးစီး နေပြီဖြစ်ရာ ရေဒါမှ ဖမ်းယူရရှိသော အချက်အလက် များကို နေပြည်တော်ရှိ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနသို့ ပေးပို့လျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် စတင်အသုံးပြုနေပြီ ဖြစ်သော်လည်း ဂျပန်နိုင်ငံမှ တရားဝင်လွှဲပြောင်း ပေးအပ်ရန် ကျန်ရှိနေပြီး အောက်တိုဘာ လကုန်ပိုင်းတွင် လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပ သွားမည်ဖြစ်သည်။ ယင်း မိုးလေဝသရေဒါ များသည် ၄ဝဝ ကီလိုမီတာ အကွာအဝေး ရှိ တိမ်ဖြစ်ထွန်းမှု အခြေအနေများကို အမျိုးအစား ခွဲခြားခြင်း၊ တိမ်အမြင့်နှင့် တိမ်အထူအပါး ခွဲခြားခြင်း၊ မိုးရွာသွန်းမှု များကို ကြိုတင်သိရှိနိုင်ခြင်း၊ တိမ်များ ရွေ့လျားမှုနှင့် ဘင်္ဂလား ပင်လယ်အော်ရှိ မုန်တိုင်းများကို ထောက်လှမ်းနိုင်ခြင်း စသည်တို့ကို လေ့လာ သိရှိနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၌ သဘာဝ ဘေးအန္တရာယ်များ တွေ့ကြုံရလေ့ရှိပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံမှ မိုးလေဝသရေဒါ သုံးလုံးကို ရန်ကုန်မြို့ အပါအဝင် ကျောက်ဖြူနှင့် မန္တလေးမြို့တို့၌ တပ်ဆင်မည် ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ပေါင်း ၃ဝ ၌ အလိုအလျောက် မိုးလေဝသ ရေဒါများလည်း တပ်ဆင်ပေး သွားမည်ဖြစ်သည်။

ယင်းစီမံကိန်းများ အတွက် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၄ဝ ခန့် ကုန်ကျမည်ဖြစ်ပြီး စီမံကိန်းသုံးခု အနက် ပထမဆုံး အနေဖြင့် မိုးလေဝသ ရေဒါစခန်းများ တည်ဆောက်ခြင်း ဖြစ်၍ လက်ရှိတည် ဆောက်ပြီးသော ရန်ကုန်နှင့် ကျောက်ဖြူ ရေဒါစခန်း များ၌ သတင်း အချက်အလက် များ စတင်ဖမ်းယူနေပြီ ဖြစ်ကြောင်း သိရသည်။

စီမံကိန်းသုံးခု အနက် မန္တလေးမြို့၌ မိုးလေဝသ ရေဒါစခန်းကို ၂ဝ၁၅ ခုနှစ် သြဂုတ်လက စတင်တည်ဆောက် ခဲ့ကာ ၂ဝ၁၇ ခုနှစ်တွင် ပြီးစီးမည် ဖြစ်သည်။ ရန်ကုန်မြို့ရှိ ကမ္ဘာအေး မိုးလေဝသရေဒါ စခန်းကို ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ က စတင်တည်ဆောက် ခဲ့ကာ၂ဝ၁၆ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းတွင် အပြီး ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger