www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 7, 2016

ရန်ကုန်မြို့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အတွင်းပတ်လမ်း အပြင်ပတ်လမ်း စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည်


အမေရိကန်ပြည်ထောင်စု တွင် အသုံးပြုလျက်ရှိသည့် နှစ်ထပ်လမ်း တစ်နေရာ

ကမ္ဘာ့ဘဏ်အကူအညီဖြင့် တည်ဆောက်မည့်
ကင်ညာနိုင်ငံမှ နှစ်ထပ်လမ်း ပုံစံ

ရန်ကုန် ၊ ၇-၇-၂၀၁၆

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှု ကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် နှစ်ထပ်လမ်း စီမံကိန်း ဆောက်လုပ်ရန် အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် တောင်ကိုရီးယား ကုမ္ပဏီ တို့ ပူးပေါင်း၍ အတွင်းပတ်လမ်း၊ အပြင်ပတ် လမ်း စီမံကိန်းကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''ဒီ နှစ်ထပ်လမ်း စီမံကိန်းကို လာမယ့် ဘဏ္ဍာနှစ်မှာ စတင်ဖို့ ရည်ရွယ်ထားပါတယ်။ လက်ရှိလုပ်နေတဲ့ ခုံးကျော်တံတား တည်ဆောက် တာတွေက ယာဉ်ကြော ကျပ်တည်းမှုကို မဖြေရှင်း နိုင်သေးပါဘူး။ အဲဒါကြောင့် ရေရှည်မှာ အဆင်ပြေမယ့် နှစ်ထပ်လမ်း စီမံကိန်းကို ဆောင်ရွက် သွားမှာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)မှ တာဝန် ရှိသူတစ်ဦး က ပြောသည်။

ရန်ကုန်မြို့၏ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် နှစ်ထပ်လမ်း စီမံကိန်းကို ၂ဝ၁၄ ခုနှစ်တွင် စတင် တည်ဆောက်ရန် လျာထားခဲ့ခြင်း ဖြစ်ပြီး ဘဏ္ဍာငွေ အခက်အခဲ ကြောင့် တည်ဆောက်ရန် ကြန့်ကြာ နေခဲ့ခြင်း ဖြစ်ကြောင်း၊ စီမံကိန်း အတွက် ကုန်ကျမည့် ငွေမှာ အပြင်ပတ်လမ်း အတွက် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ကျော်နှင့် အတွင်း ပတ်လမ်းအတွက် အမေရိကန် ဒေါ်လာ ၂၅ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းမှာ ပုဇွန်တောင်၊ ရေကျော်မှစ၍ ဝေဇယန္တာလမ်း တစ်လျှောက်၊ ခရေပင်လမ်းမှ အောက် မင်္ဂလာဒုံလမ်း၊ ဘုရင့်နောင်လမ်း မှ ကြည့်မြင်တိုင် ကမ်းနားလမ်း အတိုင်း တည်ဆောက် သွားမည်ဖြစ်ပြီး နှစ်ထပ်လမ်း ပေါ်မှ မြို့တွင်း လမ်းမများသို့ ဝင်ရောက်နိုင်ရန် အတက်၊ အဆင်းလမ်းငယ် ၁၅ ခုခန့် ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger