www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 7, 2016

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၆ ခုနှစ်မေလအထိ ကားတင်သွင်းမှု အစီးရေ ခြောက်သိန်းကျော် ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကားအစီးရေ အများဆုံးတင်သွင်းခဲ့



ရန်ကုန် ၊ ၇-၇-၂၀၁၆

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၆ ခုနှစ် မေလအထိ ငါးနှစ်ကျော် အတွင်း ကားတင်သွင်းမှု အစီးရေ ခြောက်သိန်းကျော် ရောက်ရှိနေပြီး ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် ကား အစီးရေ အများဆုံး တင်သွင်း ခဲ့ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၏ မှတ်တမ်းများ အရ သိရသည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ ၂ဝ၁၆ ခုနှစ် မေလအထိ ငါးနှစ်တာ အတွင်း ပင်လယ် ရေကြောင်းမှ သင်္ဘော အစင်းရေ ၇ဝဝ ဖြင့် ကားအစီးရေ စုစုပေါင်း ၆၇ဝဝဝဝ ကျော် တင်သွင်းခဲ့သည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှ စ၍ မော်တော်ယာဉ် တင်သွင်းမှုကို နိုင်ငံတော်က ခွင့်ပြုခဲ့ပြီး ပထမဆုံး ခွင့်ပြုသော နှစ်တွင် သင်္ဘော အစင်းရေ ၅၂ စင်းနှင့် ကားအစီးရေ ၅၄ဝဝဝ ကျော် တင်သွင်းခဲ့ပြီး ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်တွင် သင်္ဘော ၁၄၈ စင်းနှင့် ကားအစီးရေ ၁၃ဝဝဝဝ ကျော်၊ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် သင်္ဘော ၁၅၈ စင်းဖြင့် ကားအစီးရေ ၁၈ဝဝဝဝ ကျော် တင်သွင်း ခဲ့သည်။

၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် သင်္ဘော အစင်းရေ ၁၅ဝ ဖြင့် ကားအစီးရေ ၁၆ဝဝဝဝ ကျော် တင်သွင်းခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် သင်္ဘော ၁၆၄ စင်းနှင့် ကားအစီးရေ ၁၁ဝဝဝဝ ကျော် တင်သွင်း ခဲ့သည်။ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် မေလအထိ ကားတင် သွင်းမှုမှာ သင်္ဘော ၂၈ စင်းဖြင့် အစီးရေ ၁၇ဝဝဝ ကျော် တင်သွင်းပြီး ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ၂ဝ၁၁ ခုနှစ်မှ စတင်၍ ငါးနှစ်တာ ကာလအတွင်း ကားတင်သွင်းမှု များ၌ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ် တွင် သင်္ဘော ၁၅၈ စင်းဖြင့် ကားအစီးရေ ၁၈ဝဝဝဝ ကျော် အများဆုံး တင်သွင်းသော နှစ်ဖြစ်သည်။

လက်ရှိတွင် မြန်မာ့ ဆိပ်ကမ်းသို့ ရောက်ရှိပြီး တစ်နှစ်ကျော်ကြာ လာရောက် ထုတ်ယူခြင်း မရှိသော ကားအစီးရေ ၁၂ဝဝ ကျော်ရှိပြီး ဗဟို စက်ပစ္စည်းနှင့် စာရင်းဌာနသို့ အပ်နှံ၍ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်မှ သိရသည်။ (၄၄၃)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger