www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 22, 2015

ဆိုက်ဘာလုံခြုံရေးနှင့် ပတ်သက်သည့် ဥပဒေ ထပ်မံထွက်ပေါ်ရန် လိုအပ်


ရန်ကုန် ၊ ၂၂-၁၀-၂၀၁၅

မြန်မာနိုင်ငံ၌ သတင်း အချက်အလက် နှင့် နည်းပညာ အသုံးပြုမှု များပြား လာသည် နှင့်အမျှ ဆိုက်ဘာ ရာဇဝတ်မှုများ ဖြစ်ပေါ် လာပါက အရေးယူ ဆောင်ရွက်နိုင်ရန် အတွက် ဆိုက်ဘာ လုံခြုံရေးနှင့် ပတ်သက်သည့် ဥပဒေထပ်မံ ပေါ်ထွက်လာရန် လိုအပ်ကြောင်း သတင်း အချက်အလက် နှင့် နည်းပညာ ကဏ္ဍ ဆောင်ရွက်နေသူ တချို့က အကြံပြု ပြောသည်။

တစ်ကမ္ဘာလုံး၌ အင်တာနက် အသုံးပြုမှုကို စီးပွားရေး၊ ကျန်းမာရေး ၊ နည်းပညာ စသည့် သတင်း အချက်အလက် များတွင် အသုံးပြု လာသည်မှာ ကောင်းမွန်မှု ရှိသော်လည်း မလိုလား အပ်သည့် ပြဿနာများ ဖြစ်ပေါ်လာပါကအသုံးပြုသူများ လိုက်နာရမည့် အချက်များ ရှိကြောင်း၊ ဥပဒေ အပိုင်းတွင် နိုင်ငံတိုင်း၌ အရေးယူ နိုင်သည့် ဥပဒေ ရှိရန်လိုအပ်ပြီး ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် သင့်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင် က ပြောသည်။

နည်းပညာ အသုံးပြုသူ ပိုမိုများပြား လာခြင်းကြောင့် ဆိုက်ဘာ မှုခင်းများ ဖြစ်ပေါ် လာခဲ့လျှင် ဖြေရှင်းနိုင်ရန်၊ နည်းပညာ အရ တားဆီးရေး ဖြစ်ပေါ် လာခဲ့လျှင် တားဆီး စစ်ဆေး အရေးယူ နိုင်သည့် ဥပဒေများ ဖြစ်ပေါ်လာရန် ဆောင်ရွက်သွား ရမည် ဖြစ်သည်။

လက်ရှိတွင် မိုဘိုင်းလ်ဖုန်းများ၊ ကွန်ပျူတာ များ၌သာ အချက်အလက် သိမ်းဆည်း ရုံတင်မကဘဲ အွန်လိုင်း၌ပါ သိမ်းဆည်း လာကြသည့် အတွက် သတင်း အချက်အလက်နှင့် ပတ်သက်သည့် ပြဿနာများ ပေါ်ပေါက်လာ ပါက ဖြေရှင်းနိုင်ရန် အတွက် လက်ရှိဥပဒေ အပြင် သီးခြား ဥပဒေ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း သိရသည်။

''ဆိုက်ဘာ လုံခြုံရေးနှင့် ပတ်သက်၍ သုံးစွဲသူများ အကြား အသိပညာများ ကျယ်ပြန့်စွာ သိရှိနိုင်စေရန် လိုအပ်ကြောင်း၊ သုံးစွဲသူများ အနေဖြင့် သတင်း အချက်အလက် လုံခြုံမှု အတွက် နည်းပညာပိုင်း အားနည်းမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ကြောင့် ဆိုက်ဘာ လုံခြုံရေး နည်းပညာရှင်များ အဖြစ် အသက်မွေး နိုင်ရန်နှင့် မျိုးဆက်သစ် လူငယ်များ ပါဝင်လာ စေရန် ဆိုက်ဘာ လုံခြုံရေး နည်းပညာနှင့် သက်ဆိုင်သည့် ပြိုင်ပွဲများ ပြုလုပ်ပေးလျက် ရှိကြောင်း၊မြန်မာနိုင်ငံ၏ လက်ရှိ မိုဘိုင်းလ်ဖုန်း သုံးစွဲမှု ပမာဏ သည်လည်း လူဦးရေ၏ ၅ဝ ရာခိုင်နှုန်းကျော် သုံးစွဲလျက်ရှိပြီး အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေနှစ်ရပ် ဖြစ်သည့် Electronic Transition Law ကို ၂ဝဝ၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ကာ ဆက်သွယ်ရေး ဥပဒေကို ၂ဝ၁၃ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger