www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2019

ပထမအကြိမ် KG သူငယ်တန်း ဓမ္မစကူး ဆရာဖြစ် သင်တန်းဖွင့်

ပထမအကြိမ် KG သူငယ်တန်း ဓမ္မစကူး ဆရာဖြစ် သင်တန်းဖွင့်
-
မြိတ်  ဇန်နဝါရီ  ၇ 
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တပ်ပြင်ရပ် သာသနာ့ဝံသ(ခဲဖို) ကျောင်းတိုက် ဓမ္မာရုံဆောင်၌ ယနေ့နံနက် ၇ နာရီခွဲတွင် မြိတ်မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ်မြောက် KG ၊ သူငယ်တန်း ဓမ္မစကူးဆရာဖြစ် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။ 
-
ရှေးဦးစွာ အခမ်းအနား တက်ရောက်လာသူများက နမောတဿ သုံးကြိမ်  ရွတ်ဆိုရှိခိုးကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ကန်သာစာသင်တိုက် နာယက ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။ ထို့နောက် တနင်္သာရီတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ၊ မြိတ်မြို့နယ် ဓမ္မစကူးဖောင်ဒေးရှင်း ကော်မတီဂုဏ်ထူးဆောင်နာယက မော်တောင် ပရိယတ္တိစာသင်တိုက် နာယက ဆရာတော်က ဓမ္မစကူးနှင့် ပတ်သက်သည့် သြဝါဒကထာများ မြွက်ကြားတော်မူသည်။ 
-
ယင်းနောက် မြိတ်မြို့နယ်ဓမ္မစကူး ကော်မတီ   ပြန်ကြားရေး တာဝန်ခံ ဆရာတော်က KG ၊  သူငယ်တန်း ဓမ္မစကူးဆရာဖြစ် သင်တန်းကာလအတွင်း၌ သင်တန်းသား၊ သင်တန်းသူများလိုက်နာကျင့်သုံးရမည့် စည်းကမ်းချက်များနှင့် ဆောင်ရန်၊ ရှောင်ရန်များကို မိန့်ကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၃ဝ ဦး တက်ရောက်ကြပြီး KG ၊  သူငယ်တန်း ဓမ္မစကူးဆရာဖြစ်သင်တန်းကို နည်းပြဆရာ၊ ဆရာမ သုံးဦးက ဇန်နဝါရီ၇ ရက်မှ ၁၁ ရက်အထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger