www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 8, 2014

ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဂျပန်နိုင်ငံလွှတ်တော် ဥပဒေရေးရာ နှင့် အုပ်ချုပ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ



ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း 
ဂျပန်နိုင်ငံလွှတ်တော် ဥပဒေရေးရာ နှင့် အုပ်ချုပ်ရေးဆိုင်ရာ အမြဲတမ်းကော်မတီဥက္ကဋ္ဌ 
နှင့်အဖွဲ့အား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၈-၁-၂၀၁၄

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း သည် ဂျပန်နိုင်ငံ လွှတ်တော် ဥပဒေရေးရာ နှင့် အုပ်ချုပ်ရေး ဆိုင်ရာ အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ H.E Mr. Ichiro AISAWA နှင့် Liberal Democratic Party ( LDP ), Democratic Party, Japan Restoration Party တို့မှ လွှတ်တော် ကိုယ်စားလှယ် များအား ယမန်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ၊ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင် ၌ လက်ခံ တွေ့ဆုံ ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း နှင့်အတူ ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသည့် ဦးဌေးဦး ၊ ဒေါက်တာ ခင်ရွှေ ၊ ဦးဌေးမြင့် ၊ ကော်မတီ အတွင်းရေးမှူး များ ဖြစ်ကြသော ဦးစောလှထွန်း ၊ ဦးကြည်သာ ၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံး မှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဂျပန် - မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ပိုမို တိုးတက် ခိုင်မြဲရေး ၊ ဂျပန် - မြန်မာ နှစ်နိုင်ငံ လွှတ်တော်များ အကြား ချစ်ကြည် ရင်းနှီးမှု ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့် ဆောင်ရွက် နိုင်ရေး အတွက် နှစ်နိုင်ငံ လွှတ်တော် ချစ်ကြည်ရေး အသင်း အဖွဲ့စည်းရေး ဆိုင်ရာ ကိစ္စရပ်များ ၊ ဂျပန် - မြန်မာ နှစ်နိုင်ငံ လွှတ်တော် အချင်းချင်း ၊ အစိုးရ အချင်းချင်း ၊ ပြည်သူ အချင်းချင်း ကဏ္ဍစုံ ချစ်ကြည် ရင်းနှီးမှု နှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေး ကြကြောင်း သိရှိရသည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger