www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 30, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ နယူးဒေလီမြို့သို့ ရောက်ရှိ၊ Army Base Workshop, IMAC Gurgaon တို့အားလေ့လာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
Unique Identification Authority of Function မှ ရှင်းလင်းပြသသော Biometric System Presentation အားကြည့်ရှု လေ့လာပြီး သိရှိလိုသည်များ မေးမြန်းစဉ်။

နေပြည်တော် ၊ ၃ဝ-၇-၂ဝ၁၅

အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဇူလိုင် ၂၈ ရက် ဒေသ စံတော်ချိန် နံနက် ၇ နာရီ ၅ဝ မိနစ်တွင် အိန္ဒိယ တပ်မတော် လေယာဉ်များဖြင့် ပူနေးလေဆိပ် မှ ထွက်ခွာရာ လေဆိပ်တွင် Chief Operation Officer, Group Captain Vij နှင့် ဇနီးမှ ပို့ဆောင် နှုတ်ဆက်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နယူးဒေလီ လေဆိပ်သို့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီတွင် ရောက်ရှိပြီး အိန္ဒိယ တပ်မတော်လေ မှ Air Vice Marshal Shouvik Roy နှင့်ဇနီး၊ တာဝန်ရှိသူ များက ရင်းနှီးစွာ ကြိုဆိုသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့သည် လေဆိပ်မှ မော်တော်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာကြရာ Delhi Cantoment &Sd Army Base Workshop သို့ ရောက်ရှိကြပြီး Army Base Workshop မှ Commandant and Managing Director Brigadier General Tejinder Jaggi နှင့် တာဝန်ရှိ သူများက ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် Army Base Workshop နှင့် ပတ်သက်သည့် သမိုင်းကြောင်း၊ ဖွဲ့စည်းပုံနှင့် စွမ်းဆောင်နိုင်ရည် များအား တာဝန်ရှိသူ တစ်ဦးက ပါဝါပွိုင့်ဖြင့် Conference hall တွင်ရှင်းလင်း တင်ပြရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည့် အချက်များအား မေးမြန်းပြီးနောက် အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်ကြသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်
 မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား 
Information Management and Analysis Centre- IMAC Gurgaon ရှိ 
Simulation ခန်းမတွင် တာဝန်ရှိသူတစ်ဦးက ပင်လယ်ရေကြောင်း လုံခြုံရေး
 ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြစဉ်

ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် Army Base Workshop အတွင်း လှည့်လည် ကြည့်ရှုကြရာ Brigadier General Tejinder Jaggi နှင့် တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်း ပြသသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် Information Management and Analysis Centre- IMAC Gurgaon သို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ရောက်ရှိပြီး IMAC Gurgaon မှ Deputy Chief of Naval Staff Vice Admiral R K Pattanaik နှင့်အဖွဲ့ဝင်များက ရင်းနှီးစွာ ကြိုဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် 
Army Base Workshop မှ Commandant and Managing Director Brigadier General Tejinder Jaggi တို့ အထိမ်းအမှတ် တံဆိပ်များ အပြန်အလှန် ပေးအပ်စဉ်

ဆက်လက်၍ Simulation ခန်းမတွင် ပင်လယ် ရေကြောင်း လုံခြုံရေး ဆောင်ရွက်မှု များအား တာဝန်ရှိ သူများက ရှင်းလင်း တင်ပြပြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များက သိရှိလို သည်များကို မေးမြန်းကာ Simulation နှင့် System ဆိုင်ရာများအား ကြည့်ရှု လေ့လာ၍ တည်းခိုရာ ဟိုတယ်သို့ ညနေ ၄ နာရီတွင် ပြန်လည် ရောက်ရှိသည်။ ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့် အဖွဲ့ဝင်များသည် ညနေ ၄ နာရီခွဲတွင် Taj Palace ဟိုတယ် Oval Room တွင် Unique Identification Authority of Function မှ ရှင်းလင်း ပြသသော Biometric System Presentation အား ကြည့်ရှု လေ့လာပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိ လိုသည်များ မေးမြန်းကာ အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ် ကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂/၁၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger