www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 31, 2015

တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် နှင့် ရေတပ် ဦးစီးချုပ် တို့အား သီးခြားစီ သွားရောက်တွေ့ဆုံ


နေပြည်တော် ၊ ၃၁-၇-၂၀၁၅

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC တို့ အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်စဉ်

အိန္ဒိယသမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC အား ဇူလိုင် ၂၉ ရက် ဒေသ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃ဝ မိနစ်တွင် အိန္ဒိယြ ကည်းတပ် ဦးစီးချုပ်ရုံး၌ တွေ့ဆုံသည်။

ရှေးဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC က Army Battle Honour Mess ၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။

ယင်းနောက် ကြည်းတပ် ဦးစီးချုပ် အစည်းအဝေး ခန်းမ၌ ဆက်လက်တွေ့ဆုံ ဆွေးနွေး ခဲ့ကြပြီး တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် အနေဖြင့် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်ရာတွင် စွမ်းရည် ထက်မြက်သည့် တပ်မတော် တည်ဆောက် နိုင်ရန်မှာ အရေးကြီးကြောင်း၊ မိမိတို့၏ ကာကွယ်ရေး မူဝါဒအရ အိမ်နီးချင်း နိုင်ငံ၏ တည်ငြိမ်မှုကို ထိခိုက်စေမည့် ကိစ္စအား ဆောင်ရွက်သည့် မည်သည့် အဖွဲ့အစည်း ကိုမဆို လက်မခံကြောင်း၊ ထို့ကြောင့် နယ်စပ် ဒေသတွင် ပူးပေါင်း ဆောင်ရွက်မှု များစွာ ပြုလုပ်နေခြင်း ဖြစ်ကြောင်း၊ တပ်မတော် နှစ်ရပ် ဆက်ဆံရေးတွင် အဆင့်မြင့် အရာရှိကြီးများ၏ ခရီးစဉ် သာမက အဆင့်တိုင်း ရင်းနှီးမှု  ရရှိစေမည့် ခရီးစဉ် များလည်း စေလွှတ်နိုင်ရန် လိုအပ်ကြောင်း၊ သင်တန်းပိုင်း ဆိုင်ရာတွင် မြန်မာနိုင်ငံမှ သင်တန်းသားများ လာရောက် တက်နေကြောင်း၊ ပိုမိုတိုးမြှင့် စေလွှတ် သွားမည်ဖြစ်ပြီး အနာဂတ် ဆက်ဆံမှုပိုမို ခိုင်မာအောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA ဆောင်ရွက်မှု အခြေအနေ များကို ဆွေးနွေး ပြောကြားသည်။

အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ် က မိမိတို့ နှစ်နိုင်ငံ နယ်စပ်တွင် ကြီးမားသော ပြဿနာမရှိဘဲ ပူးပေါင်း ဆောင်ရွက်မှု ကောင်းမွန် ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ရင်းနှီးသည့် မိတ်ဆွေနိုင်ငံ ဖြစ်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ခရီးစဉ်သည် တပ်မတော် နှစ်ရပ် ချစ်ကြည် ရင်းနှီးမှု၏ ပြယုဂ် ဖြစ်ပါကြောင်း၊ Level တိုင်းတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်သွားမည် ဖြစ်ပြီး သင်တန်းသား များကိုလည်း ယခုထက် ပိုမို စေလွှတ်ပေး စေလိုကြောင်းဖြင့် ဆွေးနွေး ပြောကြားသည်။

တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယ တပ်မတော် ကြည်းတပ်ဦးစီးချုပ် General Dalbir Singh, PVSM, UYSM, AVSM, VSM, ADC တို့သည် အထိမ်းအမှတ် တံဆိပ်နှင့် အမှတ်တရ လက်ဆောင်များ အပြန်အလှန် ပေးအပ်ကြသည်။

ပြီးနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်အဖွဲ့ဝင် များအား အိန္ဒိယ တပ်မတော် ကြည်းတပ် ဦးစီးချုပ်နှင့် တာဝန်ရှိ သူများက ရှင်းလင်းဆောင်တွင် Integration of Indian Army နှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေးရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က သိရှိလိုသည် များကို မေးမြန်းသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အိန္ဒိယ တပ်မတော် ရေတပ်ဦးစီးချုပ် Admiral RK Dhowan, PVSM, AVSM, YSM, ADC တို့ တွေးဆုံ ဆွေးနွေးစဉ်

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အိန္ဒိယ တပ်မတော် ရေတပ်ဦးစီးချုပ် Admiral RK Dhowan, PVSM, AVSM, YSM, ADC အား အိန္ဒိယရေတပ် ဦးစီးချုပ်ရုံး၌ တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်(ရေ) တပ် နှစ်ခုအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စများ၊ ပင်လယ် ရေကြောင်း လုံခြုံရေးနှင့် လေကြောင်း ကင်းထောက် အပါအဝင် သတင်း ထောက်လှမ်းမှု ကဏ္ဍများ၊ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများ၊ သင်တန်းပိုင်း ဆိုင်ရာ ကိစ္စများအား ဆွေးနွေး ပြောကြားသည်။

အိန္ဒိယ တပ်မတော် ရေတပ်ဦးစီးချုပ် Admiral RK Dhowan, PVSM, AVSM, YSM, ADC က မြန်မာ့ တပ်မတော်(ရေ)နှင့် Ship Visit အပါအဝင် ပူးပေါင်း ဆောင်ရွက်မှု ကဏ္ဍများကို မြှင့်တင် နိုင်ခဲ့ကြောင်း၊ Maritime Security နှင့် ထောက်လှမ်းရေး သတင်း ဖလှယ်မှုများ ကိုလည်း ပူးတွဲ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ Training ပိုင်းဆိုင်ရာ များကိုလည်း သင်တန်းသားများ တိုးမြှင့် ဆောင်ရွက်နိုင် ပါကြောင်း၊ ယခု ခရီးစဉ်သည် မိမိတို့ ရေတပ်ဖွဲ့ နှစ်ရပ် အပါအဝင် တပ်မတော် နှစ်ရပ်၏ ချစ်ကြည်ရေးကို မြှင့်တင်နိုင်သည့် ခရီးစဉ် ဖြစ်ကြောင်းဖြင့် ဆွေးနွေး ပြောကြား ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

#Themyawadydaily



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger