www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 29, 2015

၂၀၀၀ ကျပ်တန်နှင့် ၃၀၀၀ ကျပ်တန် အခွန်တံဆိပ်ခေါင်းများ ထပ်မံ ထုတ်လုပ်မည်


ရန်ကုန် ၊ ၂၉-၇-၂၀၁၅

စားသုံးသူများ အတွက် ကောက်ခံသည့် အခွန် တံဆိပ်ခေါင်း များတွင် ၂ဝဝဝ ကျပ် တန်နှင့် ၃ဝဝဝ ကျပ်တန် အခွန် တံဆိပ်ခေါင်းများ ထပ်မံ ထုတ်လုပ်ရန် စီစဉ် နေကြောင်း ပြည်တွင်း အခွန်ဦးစီးဌာန မှ သိရသည်။

''လုပ်ငန်းရှင်တွေ အဆင်ပြေ စေဖို့ ထပ်မံ ထုတ်လုပ်ပေးဖို့ စီစဉ်တာပါ။ အခွန်တံဆိပ် တွေကို ဂျာမနီနိုင်ငံ ကနေ မှာယူ နေတာပါ။ အခုပထမ တစ်ခေါက် စာချုပ် မပြီးပြတ်သေး တဲ့အတွက် နောက်တစ်ခေါက် ဒုတိယ အသုတ်မှာ ထပ်မံ ထုတ်လုပ်ဖို့ စီစဉ် နေတာပါ'' ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယခုအချိန်တွင် စားသုံးသူများ အတွက် ကောက်ခံသည့် အခွန်တံဆိပ် အမျိုးအစားမှာ ၅ဝ ကျပ်၊ ၁ဝဝ ကျပ်၊ ၂ဝဝ ကျပ်၊ ၅ဝဝ ကျပ်၊ ၁ဝဝဝ ကျပ်၊ ၅ဝဝဝ ကျပ် နှင့် ၁ဝဝဝဝ ကျပ် ဟူ၍ ခုနစ်မျိုးရှိပြီး စားသုံးသူ များနှင့် လုပ်ငန်းရှင်များ အဆင်ပြေ စေရန် ၂ဝဝဝ ကျပ်နှင့် ၃ဝဝဝ ကျပ် အခွန် တံဆိပ်ခေါင်း သစ်များ ထပ်မံ ထုတ်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။ 

စားသုံးသူများ  အတွက် အခွန် တံဆိပ်များကို ပြေစာများ ပေါ်တွင် ကပ်နှိပ်ပေးခြင်း မရှိပါက စားသုံးသူများ အနေဖြင့် ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ ဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီး ဌာနရုံးသို့ ဖြစ်စေ သက်သေ ပြေစာ အထောက်အထားဖြင့် တိုင်ကြား နိုင်ကြောင်း သိရသည်။

ပြေစာတွင် စားသုံးသူများ အတွက် ကောက်ခံသည့် အခွန် တံဆိပ်ခေါင်း ကပ်ခြင်းကို စားသောက်ဆိုင် များတွင် ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ တွင် စတင်ခဲ့ခြင်း ဖြစ်ပြီး ဟိုတယ်နှင့် တည်းခိုခန်း များတွင် အခွန် တံဆိပ်ခေါင်း ကပ်ခြင်းကို ယခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လင်းသူ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger