www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 6, 2015

အခွန်ထမ်းဆောင်ရန် ပျက်ကွက်ပြီး ဆက်သွယ်မှု မရရှိသည့်ကုမ္ပဏီများကို မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်တော့မည်


ရန်ကုန် ၊ ၆-၂-၂၀၁၅

အခွန် ထမ်းဆောင်ရန် ပျက်ကွက်ပြီး ဆက်သွယ်မှု မရရှိသည့် ကုမ္ပဏီ များကို ကုမ္ပဏီ မှတ်ပုံတင် စာရင်းမှပယ်ဖျက် တော့မည် ဖြစ်ကြောင်း သိရသည်။

အခွန်ဆောင်ရန် ပျက်ကွက်ပြီး ဆက်သွယ်မှု မရရှိသည့် ကုမ္ပဏီ များကို ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထားကာ ဆက်သွယ်မှုကို စောင့်ဆိုင်း ပေးမည်ဖြစ်ပြီး ၄င်းရက်ထက် ကျော်လွန်ပါက ကုမ္ပဏီ မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်မည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။ ထိုကဲ့သို့ အခွန် ထမ်းဆောင်ရန် ပျက်ကွက်ပြီး ဆက်သွယ်မှု မရရှိသည့် ကုမ္ပဏီ အရေအတွက်မှာ ၁၉၇ ခု ရှိသည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။

၎င်း ကုမ္ပဏီများမှာ ပဲခူးတိုင်း ဒေသကြီးမှ ၂၁ ခု၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၉၅ ခုနှင့် ကရင်ပြည်နယ်မှ ၈၁ ခု စုစုပေါင်း ၁၉၇ ခုဖြစ်ကြောင်း သိရသည်။

အခွန်ပျက်ကွက် နှင့် ဆက်သွယ်မှု ပြတ်တောက် နေသည့် ကုမ္ပဏီများ အနေဖြင့် လာရောက် ညှိနှိုင်းပါက လိုအပ်သည့် လိပ်စာ အချက်အလက်များ တရားဝင် ထားရှိခြင်းနှင့် အခွန်ဆိုင်ရာ လိုက်နာစေခြင်း စသည်တို့ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကုမ္ပဏီ စုစုပေါင်း ၃၅ဝဝဝ ကျော်ရှိပြီး၊ ၄င်းတို့အထဲမှ အခွန် ထမ်းဆောင် နေသော ကုမ္ပဏီမှာ ၂ဝဝဝဝ ကျော်သာ ရှိကြောင်း အခွန် စစ်ဆေးရေး ဘုတ်အဖွဲ့မှ သိရသည်။

ကျော်လွင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger