www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 2, 2015

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် မြို့ချောင်းတိုက်နယ် (အထူး)ဆေးရုံ မကြာမီ ဖွင့်လှစ်မည်


ရန်ကုန် ၊ ၂-၂-၂၀၁၅

ရန်ကုန်- နေပြည်တော်- မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် ယာဉ် မတော်တဆ မှုများနှင့် အရေးပေါ် ရောဂါများ ဖြစ်ပေါ် လာပါက ကုသနိုင်ရန် ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါးမြို့ အနီးရှိ မြို့ချောင်းရွာ ၌ တိုက်နယ် (အထူး) ဆေးရုံသစ် တစ်ရုံ ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့ချောင်းတိုက်နယ် (အထူး) ဆေးရုံကြီး ကို တင်ဒါ အောင်မြင်သော မြင့်မိုရ်လွှမ်း ကုမ္ပဏီမှ တည်ဆောက်လျက် ရှိရာ လက်ရှိတွင် ယင်းဆေးရုံ၌ အရေးပေါ် လူနာဆောင် နှင့် ဝန်ထမ်းအိမ်ရာ တစ်လုံးကို တည်ဆောက် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

ကျန်ရှိသည့် ခွဲစိတ်ခန်း နှစ်ခန်း၊ ဓာတ်မှန်ခန်း တစ်ခန်း၊ သားဖွားခန်း တစ်ခန်း၊ ECG ခန်းတစ်ခန်း၊ အထူး ကြပ်မတ်ဆောင် တစ်ခန်းနှင့် အစည်းအဝေး ခန်းမတို့မှာ ဧပြီလကုန် တွင် ပြီးစီးမည်ဟု သိရသည်။

အဆိုပါ မြို့ချောင်း တိုက်နယ် (အထူး) ဆေးရုံတွင် ယာဉ်မတော် တဆမှုများ အပြင် အခြား အရေးပေါ် ရောဂါများ အတွက် ခေတ်မီ စက်သစ်ကြီးများ အသုံးပြု၍ ကုသ ပေးနိုင်ရန် ပြင်ဆင်လျက် ရှိသည်။

ရန်ကုန်- နေပြည်တော်- မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် နေ့စဉ် ယာဉ်အစီးရေ ၁၂ဝဝဝ ခန့် သွားလာလျက် ရှိပြီး ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားတတ် သဖြင့် ခရီးသည် အများအပြား အသက် ဆုံးရှုံးမှုများ ရှိခြင်းကြောင့် ယခုကဲ့သို့ တိုက်နယ် ဆေးရုံသစ် တည်ဆောက် ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့ချောင်း တိုက်နယ် ဆေးရုံ အပြင် ရန်ကုန်- မန္တလေး အမြန် လမ်းမကြီး ပေါ်ရှိ မိတ္ထီလာ နှင့် မန္တလေး ကြားရှိ အလယ်ရွာ ၌လည်း တိုက်နယ် (အထူး) ဆေးရုံ တစ်ရုံကို တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger