www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 12, 2015

မန္တလေး၌ ဆိုင်ကယ်ဖြင့် လုယက်မှု ပျောက်စေရေး CCTV ကင်မရာများ တပ်ဆင်ရန်စည်းရုံး



မန္တလေး ၊ ၁၂-၁၁-၂၀၁၅

မန္တလေးမြို့ တွင်းတွင် ဆိုင်ကယ်ဖြင့် လုယက်သည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွား တတ်ခြင်းကြောင့် လူစည်ကားသော နေရာများတွင် CCTV ကင်မရာ တပ်ဆင်ရန် အတွက် စည်းရုံးမှုများ လုပ်ဆောင် နေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

CCTV ကင်မရာများကို ဈေး၊ ဘူတာ၊ သင်္ဘောဆိပ်ကမ်း၊ လမ်းဆုံလမ်းခွ၊ ဘဏ် များနှင့် ဈေးဝယ်စင်တာ များ၌ တပ်ဆင် သွားခြင်းဖြင့် လုယက်မှုနှင့် အခြားမှုခင်း များကို ဖော်ထုတ်ရာတွင် အကူအညီ ရရှိနိုင်မည် ဖြစ်သဖြင့် ယခုကဲ့သို့ စည်းရုံးမှုများ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

မန္တလေးခရိုင် အတွင်းတွင် လုယက်မှု အများဆုံး ဖြစ်သည့် အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံ မြို့နယ်၊ မဟာအောင်မြေ မြို့နယ်၊ ချမ်းမြသာစည် မြို့နယ် တို့ဖြစ်သဖြင့် ယင်းမြို့နယ် တို့တွင် အမှုကျူးလွန် ခဲ့ဖူးသည့် သူများကို စောင့်ကြည့် လေ့လာခြင်း၊ လုယက်မှု ရှိလျှင် ချက်ချင်း အရေးယူ ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ဆိုင်ကယ်ဖြင့် လုယက်မှု ကျဆင်းရေး အတွက် ခရိုင်/မြို့နယ် အလိုက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံ ရဲတပ်ဖွဲ့များ၊ အမာခံ သတင်းပေးများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် များဖြင့် ပူးပေါင်း၍ နေ့ညမပြတ် စောင့်ကြည့်ကာ လိုအပ်သည်နှင့် တစ်ပြိုင်နက် အရေးယူ ဆောင်ရွက်နိုင်ရန် စီစဉ်လျက် ရှိသည်။

မန္တလေးခရိုင် အတွင်း ၂ဝ၁၃ ခုနှစ်တွင် ဆိုင်ကယ်ဖြင့် လုယက်မှု ၆၁ မှုရှိပြီး ၃၇ မှု ဖော်ထုတ်ကာ တရားခံ ၇၈ ဦး ဖမ်းဆီးရမိ ခဲ့ကြောင်း၊ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ လကုန် အထိ အမှု ၇၇ မှုဖြစ်ပွားခဲ့ပြီး ၂၅ မှု ဖော်ထုတ်ကာ တရားခံ ၆၁ ဦးကို အရေးယူ ထားကြောင်း တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger