www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 12, 2015

မူဆယ်မြို့တွင် တရားမ၀င် သစ်များနှင့် သားရိုင်းတိရစ္ဆာန် ပစ္စည်းများ သိမ်းဆည်းရမိ



မူဆယ် ၊ ၁၂-၁-၂၀၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ၊ စွမ်စော်ရပ်ကွက် တွင် ယမန်နေ့ နံနက် ၁ဝ နာရီက တရားမဝင် သစ်များနှင့် သားရိုင်း တိရစ္ဆာန် ပစ္စည်းများ ရှာဖွေ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန်း ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ စွမ်စော်ရပ်ကွက် ၆-၇ လမ်းကြား၊ ဟုန်ကြိုင်မုန် ၅၃ နှစ် (ဘ) ဦးဟုန်ပေါင်းချိန် ကိုးကန့်/ဗုဒ္ဓ နေအိမ်ခြံဝင်း အတွင်းသို့ သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ ကြသည်။

ထိုသို့ ရှာဖွေရာတွင် ဂိုဒေါင်အတွင်းမှ တမလန်းသစ် ဆိုဒ်စုံ ရှစ်တုံး ၁ ဒသမ ၂၆၅၄ တန်ခန့်၊ ပိတောက် သစ်ခွဲခြမ်း လေးခြမ်း သုည ဒသမ ၅၁၂၆ တန်ခန့်၊ ဆင်စွယ် ဆိုဒ်စုံ ငါးချောင်း ၂၇ ဒသမ ၅ ကီလိုဂရမ် ခန့်၊ ကြံ့ချိုဟု ယူဆရသော ဦးချို တစ်ချောင်းနှင့် အပိုင်းအစ ငါးခု သုည ဒသမ ၃ ကီလိုဂရမ်ခန့်၊ ကျားသားရေ ဟု ယူဆရသော ၅ ပေx ၃ ဒသမ ၅ လက်မခန့် တစ်ချပ်၊ ကျားသစ် သားရေဟု ယူဆရသော ၇ ပေx ၂ ပေ ခန့် နှစ်ချပ်၊ ၅ ဒသမ ၅ ပေx ၁ ဒသမ ၈ ပေခန့် တစ်ချပ်၊ စုစုပေါင်း လေးချပ်၊ သင်းခွေချပ် အကြေးခွံဟု ယူဆရသော အကြေးခွံ ၈ ဒသမ ၅ ကီလိုဂရမ် ခန့် ၊ တိရစ္ဆာန် သည်းခြေအခြောက် မျိုးစုံဟု ယူဆရသော ပစ္စည်း ၃ ကီလိုဂရမ်ခန့်၊ ဆတ်ချိုဟု ယူဆ ရသော ဦးချိုနှစ်ချောင်း သုည ဒသမ ၄ ကီလိုဂရမ် ခန့်၊ တောင်ဆိတ်ချို ဟု ယူဆရသော အရှည် ၁၅ လက်မခန့်ရှိ ဦးချိုတစ်ချောင်း၊ တိရစ္ဆာ န်အစွယ်စုံ ၂၆ ခု သုည ဒသမ ၇ ကီလိုဂရမ် ခန့်၊ တိရစ္ဆာ န် အရိုးခြောက် မျိုးစုံ ၁၁၂ ကီလိုဂရမ်ခန့် တို့ကိုတွေ့ရှိရာ ရှာဖွေ ပုံစံဖြင့် သိမ်းဆည်း ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မူဆယ် မြို့မ ရဲစခန်းမှ တရားမဝင် သစ်များနှင့် သားရိုင်း တိရစ္ဆာ န်ပစ္စည်းများ လက်ဝယ် ထားရှိသူ ဟုန်ကြိုင်မုန် (ဘ) ဦးဟုန်ပေါင်းချိန်၊ စွမ်စော်ရပ်ကွက် နေသူအား (ပ)၃၂၊ ပပက၆(၁)၊ (ပ)၃၃၊ တောရိုင်းအက် ၃၇(က)ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

သိန်းဇော် (ရွှေလီဦး)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger