www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 25, 2013

မုံရွာမြို့နယ် တွင် စိုက်ပျိုးထားသော နံ့သာနီအပင်များ ရွေးကြီးစေ့ အပင်များနှင့် မှားယွင်း စိုက်ပျိုးမိ


စီးပွားဖြစ် နံ့သာနီ စိုက်ခင်း

မုံရွာ ၊ ၂၅-၁၁-၂ဝ၁၃

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ် တွင် နှစ်ရှည် အဖိုးတန် အပင်ဖြစ်သော နံ့သာနီ မျိုးစေ့များကို အိန္ဒိယနိုင်ငံမှ မှာယူ တင်သွင်း၍ စိုက်ပျိုးခဲ့ရာ ယခုအခါ ရွေးကြီးစေ့ အပင်များ ဖြစ်နေကြောင်း သိရသည်။

မုံရွာမြို့တွင် နေထိုင်သော သစ်တော ဝန်ထမ်းဟောင်း တစ်ဦးက " အိန္ဒိယ ဘက်ကနေ လွန်ခဲ့တဲ့ (၂) နှစ်ဝန်းကျင် ကစ၍ နံ့သာနီ မျိုးစေ့ တင်သွင်းပြီး မုံရွာမြို့နယ် မှာ စိုက်ပျိုးခဲ့ ပါတယ် ၊ အိန္ဒိယမှာ အသုံးပြုတဲ့ ဒေသ အခေါ်အဝေါ် ( Common name ) အနေနဲ့ နံ့သာနီအပင် ကို ( Red Sandal Wood ) ဟုခေါ်သလို ရွေးကြီးစေ့ ကိုလည်း အဲ့ဒီ နာမည်အတိုင်း ခေါ်ပါတယ် ၊ နံ့သာနီ မျိုးစေ့ကို မပြန့်နှံ့ စေရန် ဥပဒေနှင့် ကန့်သတ်ထား ပါတယ် ၊ အပင်အနေ နဲ့တော့ နံ့သာနီနှင့် ရွေးကြီးစေ့ အပင်က ကွာပါတယ် ၊ ယခင်က နံ့သာနီပင် မမြင်ဖူးတော့ မှာယူ စိုက်ပျိုးခဲ့ ကြပါတယ် ၊ အခုလို အပင်ကြီးမှ ရွေးကြီးပင် တွေဖြစ်တယ် ဆိုတာ သိရပါတယ် ၊ ဒါကြောင့် နံ့သာနီ စိုက်ခင်းအချို့ ရွေးကြီးပင် တွေဆိုပြီး ခုတ်ပြစ် နေကြ ပါတယ် .... " ဟု ပြောကြား ခဲ့သည်။

နံ့သာနီ အသီးနှင့် အရွက်

နံ့သာနီ အပင်သည် ရုက္ခဗေဒ အမည်အရ Pterocarpus Santalinus ၊ Common Name - Red Sandal Wood ဟုခေါ်ဆိုပြီး အရွက် ၊ အပွင့် ၊ အသီး တို့မှာ ပိတောက်ပင် နှင့်ဆင်တူကာ အိန္ဒိယ နိုင်ငံနှင့် ပါကစ္စတန် နိုင်ငံတို့တွင် ပေါက်ရောက် လေ့ရှိသည်။ ရွေးကြီးပင် သည် ရုက္ခဗေဒ အမည်အရ Adenanthera Pavonina - Saga ၊ Common Name - Red Sandal Wood  ဟုခေါ်ပြီး အရွက်မှာ ကုက္ကိုလ်ရွက် နှင့် သဏ္ဍန်တူပြီး အနည်းငယ် သေး၍ အပွင့်မှာ အဝါရောင် ဖြစ်ပြီး  အစေ့မှာ ပန်းထိမ် လုပ်ငန်းသုံး အနီရောင် ရွေးကြီးစေ့ ကဲ့သို့ဖြစ်ကာ မြန်မာနိုင်ငံ အတွင်း ရွက်ကြွေတော ၊ ရွက်ပြတ်တော များတွင် အလေ့ကျ ပေါက်ရောက်လေ့ ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံမှ နံ့သာနီ အသားအား တိုင်းရင်း ဆေးဝါးများတွင် အဓိက အသုံးပြု၍ ရေမွှေး ၊ ဖန်စီ ပစ္စည်းများ ၊ ပန်းပုရုပ်ထု များတွင် အသုံးပြု သဖြင့် နံ့သာနီသား ဝယ်လိုအား များပြား ခြင်းကြောင့် နံ့သာနီ မျိုးစေ့များကို ပျိုးထောင်၍ စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger