www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 25, 2013

ဖဲကြိုးဖြူနေ့အခမ်းအနား ကျင်းပ




တောင်ကြီး ၊ ၂၅-၁၁-၂ဝ၁၃

ရှမ်းပြည်နယ် ၊ တောင်ကြီးမြို့ ၊ လမ်းမတော် ရပ်ကွက်ရှိ စိန့်ဂျိုးဇက် အောက်မေ့ဘွယ် ဓမ္မာရုံ ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကမ္ဘာ့ အမျိုးသမီးများ အကြမ်းဖက် ခံရမှု ရပ်တန့်ရေးနေ့ (ဖဲကြိုးဖြူနေ့) အခမ်းအနား ကျင်းပ ပြုလုပ် သည်။

အဆိုပါ အခမ်းအနားသို့ ဘာသာ ပေါင်းစုံမှ ဆရာတော်များ ၊ ဘာသာရေး ခေါင်းဆောင်များ ၊ လူမှုရေး အသင်းအဖွဲ့ များ ၊ ဆရာ ဆရာမများ နှင့် ကျောင်းသား ကျောင်းသူများ ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက် ကြသည်။ 

အစီအစဉ် အရ ရှမ်းပြည်နယ် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ဥက္ကဌ ဒေါ်စပ်ဟေမာသိုက် က အဖွင့် အမှာစကား ပြောကြားပြီး တာဝန်ရှိသူ တစ်ဦးက ဖဲကြိုးဖြူနေ့ အကြောင်း ရှင်းလင်း ပြောကြားသည် ။ ထို့နောက် အခမ်းအနား သို့ တက်ရောက် လာသူများက ဖဲကြိုးဖြူ ကို အပြန်အလှန် တပ်ဆင် ပေးကြပြီး နောင်တောင်း ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းမှ ဆရာတော် ဦးပညာ က သြဝါဒ စကား ပြောကြား သည်။ 

ဆက်လက်၍ အခမ်းအနား သို့ တက်ရောက် လာသူများက ဖဲကြိုးဖြူနေ့ နှင့် ပတ်သက်သည့် အကြောင်းအရာ များကို လည်းကောင်း ၊ ဖဲကြိုးဖြူနေ့ သီချင်းများဖြင့် လည်းကောင်း ၊ တစ်ခန်းရပ် ပြဇာတ်များ ဖြင့် လည်းကောင်း ဖျော်ဖြေ တင်ဆက် ခဲ့ကြကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger