www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 15, 2013

ဆံတော်ရှင် မြတ်မော်တင် စေတီတော် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပမည်




ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရား၏ သာသနာ တော်တွင် ဆံတော် ၊ မွေတော် ၊ ဓာတ်တော် များကို ဌာပနာ ပြု၍ တည်ထား ကိုးကွယ်ခဲ့သော စေတီတော် အဆူဆူတွင် မြန်မာနိုင်ငံ ၌ ပထမဆုံး တည်ထား ခဲ့သော မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော် ကြီးသည် ဧရာဝတီတိုင်း ၊ ငပုတော မြို့တွင် တည်ရှိသည်။

မြတ်မော်တင် စေတီတော်မြတ် ကြီးသည် ရှေးယခင်က ပွင့်တော်မူ ခဲ့သော ဘုရားရှင် တို့၏ ဓာတ်တော် ၊ မွေတော်များ တည်နေ ကိန်းဝပ် တော်မူကြောင်း ကို ဂေါတမ မြတ်စွာ ဘုရား ကိုယ်တော်တိုင် မိန့်ကြား တော်မူ ခဲ့ဖူး၍ သက်တော် ထင်ရှား ဂေါတမ မြတ်စွာ ဘုရား၏ ဆံတော်ဓာတ်များ ကိန်းဝပ် တော်မူရာ စေတီတော်မြတ် ဖြစ်သည့် အပြင် ဂေါတမ မြတ်စွာဘုရား ရှင်ကိုယ်တိုင် နှစ်ကြိမ်ကြွ ရောက်ခဲ့ဖူးရာ နေရာလည်း ဖြစ်ကြောင်း သမိုင်း အထောက်အထား အခိုင်အမာ ရှိနေသဖြင့် မြတ်မော်တင် ဆံတော်ရှင် စေတီတော်မြတ် ကြီးသည် မြန်မာနိုင်ငံ၏ အဓိက ထင်ရှားသော သာသနာ့ အောင်မြေနေရာ တစ်ခုလည်း ဖြစ်ပေသည်။

နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲ ဖြစ်သော မြတ်မော်တင် ဗုဒ္ဓပူဇနိယ ပွဲတော်ကို လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့ ( ၁၃၇၄ ခုနှစ် ၊ တပေါင်း လဆန်း ၁ ရက်နေ့မှ တပေါင်း လပြည့်နေ့ ) အထိ ၁၅ ရက် တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပ သွားမည် ဖြစ်သည်။

ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးသို့ မြန်မာနိုင်ငံ အရပ်ရပ်မှ ဘုရားဖူး ဧည့်သည် ဓမ္မ မိတ်ဆွေများ လာရောက် ဖူးမြှော် သည့်အခါတွင် ခရီး သွားလာရေး ၊ တည်းခို နေထိုင်ရေး များ အဆင်ပြေ ချောမွေ့စေရန် မြတ်မော်တင် ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပရေး ဦးစီး ကော်မတီက ကြိုတင် စီစဉ် ဆောင်ရွက် ထားရှိကြောင်း သိရသည်။

ရန်ကုန်မြို့မှ မော်တင်စွန်း စေတီတော်သို့ မော်တော်ကား ၊ ရေယာဉ်များ နှင့် တိုက်ရိုက် သွားလာ နိုင်သကဲ့သို့ ပုသိမ် ၊ မုံရွာ ၊ ရေဦး ၊ ကားလမ်းမ ကြီးများမှလည်း လာရောက်၍ စက်စဲ ၊ မောင်းမကန် ၊ ချောင်းသာ ၊ ငွေဆောင် ၊ ငပလီ လက်ခုပ်ကုန်း တို့ကဲ့သို့ မော်တင် ပင်လယ် ကမ်းခြေနှင့် ငွေဆောင် ပင်လယ် ကမ်းခြေတို့တွင် အပန်းဖြေ အနားယူ နိုင်ကြသည်။

မြတ်မော်တင် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးတွင် ရုပ်ရှင် ၊ ဗီဒီယို ၊ ဇာတ်ပွဲ ၊ ပျော်ပွဲရွှင်ပွဲ များ စသည်တို့ဖြင့် စည်ကား သိုက်မြိုက်စွာ ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ ကြီးမှူး၍ ပုသိမ်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မောင်တင်လှိုင် (ဟိုတယ်/ခရီး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger