www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 19, 2014

ရှမ်းသက္ကရာဇ် ၂၁၀၉ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကျင်းပ


ရှမ်းသက္ကရာဇ် ၂၁၀၉ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကျင်းပစဉ်

တောင်ကြီး ၊ ၁၉-၁၁-၂၀၁၄

ရှမ်းသက္ကရာဇ် ၂၁ဝ၉ ခုနှစ်၊ ရှမ်းနှစ်သစ်ကူး ပွဲတော်ဖွင့်ပွဲကို  ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း ၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့် ဇနီး ဒေါ်ဖြူဖြူညွန့်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း နှင့် ဇနီး ဒေါ်ဌေးဌေးဝင်း၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက် ချီးမြှင့် ကြကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနား ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးရာ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းခမ်းမတ် ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် သစ်တောနှင့် သတ္တုဝန်ကြီး ဦးစိုင်းအိုက်ပေါင်း ၊ ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင် နှင့် ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြတ် တို့က ဖဲကြိုး ဖြတ် ဖွင့်လှစ် ပေးကြသည်။

ထို့နောက် ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဂုဏ်ထူးဆောင် နာယက၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က အဖွင့်အမှာစကား ပြောကြားပြီး ၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြတ် မှ နှုတ်ခွန်းဆက် စကား ပြောကြား ကြောင်း သိရသည်။

၎င်းနောက် ရှမ်းပြည်နယ် ယဉ်ကျေးမှု အကအဖွဲ့များက ကိန္နရီ၊ ကိန္နရာ၊ တိုးနယား အကများဖြင့် ကပြ ဖျော်ဖြေကြပြီး ပြည်နယ် ဝန်ကြီးချုပ် နှင့်ဇနီး၊ တိုင်းမှူး နှင့်ဇနီး၊ ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ နှင့် တာဝန်ရှိ သူတို့သည် ပြခန်းများအား လှည့်လှည် ကြည့်ရှု အားပေး ကြသည်။

အဆိုပါ အခမ်းအနား သို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နှင့်ဇနီး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း နှင့်ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ တိုင်းရင်းသား ရေးရာ ဝန်ကြီးများ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း ရှိ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များ၊ ယဉ်ကျေးမှု အကအဖွဲ့ဝင် များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြကြောင်း သိရသည်။

မောင်မောင်သန်း (တောင်ကြီး)

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger