www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 15, 2013

အမေရိကန် တပ်ဖွဲ့ဝင်များ လျော့ချရေး အစီအစဉ်သည် အာဖဂန်နစ္စတန်နိုင်ငံ၌ အကြမ်းဖက်မှုများ ပိုမို ဖြစ်ပွားစေမည်ဟုဆို


ဗိုလ်ချုပ်ကြီး Lloyd Austin
၁၅-၂-၂၀၁၃

အမေရိကန် နိုင်ငံသည် ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် အာဖဂန်ရှိ အမေရိကန် တပ်ဖွဲ့ဝင် များနှင့် အာဖဂန် တပ်ဖွဲ့ဝင် များအား လျော့ချရန် စီစဉ်ထားရာ အမေရိကန် ကွန်ဂရက် အမတ်များက အီရတ်နိုင်ငံ နှင့် နှိုင်းယှဉ် ချိန်ထိုးပြီး အာဖဂန်မှ အမေရိကန် တပ်ဖွဲ့ဝင် များကို လျော့ချပါက နိုင်ငံ မတည်မငြိမ် မှုနှင့် အကြမ်းဖက်မှု များ ပိုမို ဖြစ်ပွား လာနိုင်ကြောင်း ခန့်မှန်း ပြောကြား ခဲ့သည်ဟု ဖေဖော်ဝါရီ ၁၄ ရက်နေ့ NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

ဥပဒေပြု အမတ်များသည် အမေရိကန် အရှေ့အလယ်ပိုင်း ကွပ်ကဲမှု ဌာနချုပ်မှူး ဖြစ်လာမည်ဟု မျှော်မှန်း ထားသော ဗိုလ်ချုပ်ကြီး Lloyd Austin အား တပ်ဖွဲ့ဝင်များ လျော့ချမှု နှင့်ပတ်သက်၍ ၄င်း၏ အကဲဖြတ် ချက်ကို ဖော်ပြပေးရန် ဖိအားပေး ခဲ့သည်ဟု သိရသည်။ အီရတ်နိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်များ အပြီးသတ် ရုတ်သိမ်းမှုကို ကြီးကြပ် ကွပ်ကဲ ခဲ့သော ဗိုလ်ချုပ်ကြီး Lloyd Austin သည် ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင် အရေအတွက် လျော့ချရေး အစီအစဉ်ကို သဘော တူညီခဲ့သည်။ ၂၀၁၂ ခုနှစ် ချီကာဂိုမြို့ တွင် ပြုလုပ်သော NATO ထိပ်သီး ဆွေးနွေးပွဲတွင် ရရှိခဲ့သော သဘော တူညီချက် အရ NATO အဖွဲ့က ၂၀၁၄ ခုနှစ် နောက်ပိုင်းတွင် အာဖဂန်ရှိ တပ်ဖွဲ့ဝင် အင်အားကို ၃၅၂၀၀၀ ထားရှိရန် လျာထားရာမှ ၂၃၀၀၀၀ သို့ လျော့ချ၍ နှစ်စဉ် အမေရိကန် ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံခန့် ထောက်ပံ့ ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။ NATO တပ်ဖွဲ့က ငွေကြေး ထောက်ပံ့ရေး အတွက် အခက်အခဲ များရှိနေ ခြင်းကြောင့် NATO တပ်ဖွဲ့များ အာဖဂန်မှ ရုတ်သိမ်း သွားပြီးနောက် အာဖဂန် တပ်ဖွဲ့ဝင် အရေအတွက် ကို လျော့ချရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger