www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 23, 2013

မဟာမြတ်မုနိ ဘုရားကြီးသို့ သိန်း ၁၅၀၀ တန် စိန်မကိုဋ်တော် လူဒါန်း



မန္တလေး ၊ ၂၃-၁-၂၀၁၃

မန္တလေးမြို့ ၊ မဟာမြတ်မုနိ ရုပ်ရှင်တော် မြတ်ကြီးအား ချိတ်ဆွဲ ရတနာ ပစ္စည်းဖြစ်သော ကျပ်သိန်း ၁၅၀၀ တန် စိန်မကိုဋ်တော် လှူဒါန်းခြင်း အခမ်းအနားကို ဇန်န၀ါရီ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက မိုးကောင်း ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်ရာ ရေတော် ဆရာတော် ဘဒ္ဒန္တ ဥက္ကဋ္ဌ (ဓမ္မစရိယ) ကြွရောက် တော်မူပြီး မန္တလေးတိုင်း ဒေသကြီး လူမှုရေး ၀န်ကြီးဌာန ၀န်ကြီး ၊ တိုင်းဒေသကြီး ဥပဒေချုပ် ၊ ဂေါပက အဖွဲ့ အတွင်းရေးမှူး နှင့် အမှုဆောင်များ ၊ အလှူရှင် မန္တလေး ၊ မဟာအောင်မြေ မြို့နယ် ၊ ၄၁x၄၂ လမ်းကြား ၊ ၆၁x၆၂ လမ်းကြား နေ ဘုရား ၊ သိမ် ၊ ကျောင်း ၊ ရဟန်း ဒါယကာ ၊ ဒါယိကာမ ဦးမင်းဆွေ ၊ ဒေါ်ခင်ထွေး ဖောင်ဒေရှင်း ဥက္ကဋ္ဌ ၊ ပခုက္ကူ အသင်း (မန္တလေး) ဥက္ကဋ္ဌ ဦးမင်းဆွေ (တရားရုံး လွှတ်တော် ရှေ့နေ) ဒေါ်ခင်ထွေး တို့၏ မိသားစုဝင်များ ၊ ပခုက္ကူ အသင်းမှ တာဝန်ရှိသူများ တက်ရောက် ကြည်ညို ကြကြောင်း သိရသည်။

အစီအစဉ်အရ ရေတော် ဆရာတော် ဘုရားကြီးထံမှ ပရိသတ်က သီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်ပြီး ဦးမင်းဆွေ ဒေါ်ခင်ထွေး တို့အား ရည်စူးလျက် ကျပ်သိန်း ၁၅၀၀ တန် စိန်မကိုဋ်တော် ၊ န၀ကမ္မ အလှူတော်ငွေ ကျပ် ၁၀ သိန်း နှင့် လှူဖွယ် တို့အား မိသားစုဝင်များက ရေတော် ဆရာတော် ဘုရားကြီးထံ ကပ်လှူကြရာ လှူဒါန်းမှုအတွက် လူမှုရေး ၀န်ကြီးက မှတ်တမ်းလွှာကို ပြန်လည် ပေးအပ်ပြီး လှူဒါန်းမှု အစုစု အတွက် ရေစက်ချ တရားကို ရေတော် ဆရာတော် ဘုရားကြီး က ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger