www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 23, 2013

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း ၊ တပ်မတော် (ကြည်း ၊ ရေ ၊ လေ) ပြေးခုန်ပစ် အားကစားပြိုင်ပွဲ ကျင်းပမည်

နေပြည်တော် ၊ ၂၃-၁-၂၀၁၃

၂၀၁၃ ခုနှစ် ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း ၊ တပ်မတော် (ကြည်း ၊ ရေ ၊ လေ) ပြေးခုန်ပစ် အားကစားပြိုင်ပွဲ ကို နေပြည်တော် ၊ ဇေယျာသီရိ အဆင့်မြင့် အားကစား ပြိုင်ကွင်းတွင် ဇန်န၀ါရီ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီ ၃ ရက်နေ့အထိ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် အမျိုးသား ၊ အမျိုးသမီး လူရွေးပွဲ (၁၆)ပွဲ နှင့် ဗိုလ်လုပွဲ (၆၁)ပွဲ စုစုပေါင်း (၇၇) ကျင်းပသွားမည် ဖြစ်သည်။ အမျိုးသား နှင့် အမျိုးသမီး ပြိုင်ပွဲ အမျိုးအစား များအဖြစ် မီတာ ၁၀၀ ၊ ၂၀၀ ၊ ၄၀၀ ၊ ၈၀၀ ၊ ၁၅၀၀ ၊ ၃၀၀၀ တားဆီး ၊ ၅၀၀၀ ၊ ၁၀၀၀၀ ၊ ၁၁၀ တန်းကျော် ၊ ၄၀၀ တန်းကျော် ၊ အလျားခုန် ၊ သုံးဆင့်ခုန် ၊ အမြင့်ခုန် ၊ တုတ်ထောက်ခုန် ၊ သံလုံးပစ် ၊ သံပြားပစ် ၊ ကြိုးတပ် သံလုံးပစ် ၊ လှံတံပစ် ၊ ၁၀၀ လက်ဆင့်ကမ်း ၊ ၄၀၀ လက်ဆင့်ကမ်း ၊ ၂၀၀၀၀ လမ်းလျှောက် ၊ မာရသွန် နှင့် (၁၀)မျိုးစုံပြိုင်ပွဲ စုစုပေါင်း ပြိုင်ပွဲ ၄၆ ပွဲ ပါဝင်မည် ဖြစ်သည်။

ဆုပေးပွဲ များအား ၃၁-၁-၂၀၁၃ ရက်နေ့ ၊ ၂-၂-၂၀၁၃ ရက်နေ့ နှင့် ၃-၂-၂၀၁၃ ရက်နေ့ များတွင် ပြုလုပ်သွားမည် ဖြစ်ပြီး တံခွန်စိုက် ဒိုင်းဆုကြီး (၂)ဆု နှင့် ဆုတံဆိပ်ပေါင်း (၁၇၄)ခု တို့အား ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger