မန္တလေး ၊ ၂၃-၁-၂၀၁၃
HIV/ AIDS ရောဂါပိုး၏ ဆိုးကျိုး သက်ရောက်မှုများ
ခံစား နေရသော ကလေးငယ်များ ( HIV Infected ) ကို အသက်ရှင် နေထိုင် သမျှ ကာလ အပိုင်းအခြားတွင်
မိသားစု အခွင့်အရေးကို တတ်နိုင်သမျှ ပြည့်ဝစွာ ခံစား နေထိုင်နိုင်ရေးကို ရှေးရှု၍ စုပေါင်း
မတည် လှူဒါန်းငွေ များဖြင့် သခရိပ်မြုံ (မန္တလေး) လူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အဖွဲ့ကို
ဇန်န၀ါရီ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ၊ ပြည်ကြီး တံခွန် မြို့နယ် ၊ မြ၀တီ
မင်းကြီးကျောင်း ၊ ဘုံပျံတောရ (ပန်းခြံလမ်း) ၊ ၆၂ လမ်းတွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
အဆိုပါ ဂေဟာသည် HIV ရောဂါပိုးကြောင့်
ရောဂါ ဝေဒနာ ခံစားနေသော ကလေးငယ်များ ( HIV Infected ) ကို အသက်ရှင် နေထိုင် သမျှကာလတွင်
စနစ်တကျ ပြုစု စောင့်ရှောက်ပြီး ကျောင်းနေခွင့် ၊ စာမေးပွဲ ဖြေဆိုခွင့် ရရှိအောင် စီစဉ်ပေးခြင်း
၊ ပန်းချီ ၊ ပန်းပု ၊ လက်မှု လုပ်ငန်း စသည့် အသက်မွေး ပညာရပ်များကို သင်ကြား ပို့ချ
သွားမည် ဖြစ်ပါကြောင်း ၊ အသက် (၁)နှစ်ခွဲ မှ (၁၂)နှစ်အရွယ် အမိ အဖ နှစ်ဦးစလုံး မရှိတော့သည့်
HIV ကူးစက်ခံ နေရသော ကလေးငယ် (၅၀) ဦးအထိ လက်ခံ ကျွေးမွေး စောင့်ရှောက် သွားမည် ဖြစ်ကြောင်း
ယခု လက်ရှိတွင် ကလေးငယ် (၁၁)ဦးအား စောင့်ရှောက် ထားကြောင်း သိရှိရသည်။
No comments:
Post a Comment