www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts

Wednesday, February 27, 2019

အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) ဖွင့်ပွဲပြုလုပ်

အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉) ဖွင့်ပွဲပြုလုပ်
-
နေပြည်တော် ဖေဖော်ဝါရီ ၂၆ 
-
အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၁/၂ဝ၁၉)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ရွှေစေတီကျောင်းတိုက်သဟပုညကာရီ ဓမ္မာရုံ၌ပြုလုပ်ရာအဆိုပါကျောင်းတိုက် ဆရာတော်သာသနာ့ဓဇဓမ္မာစရိယအရှင်ဝိမလအမှူးပြုသောသံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။ 
-
ဦးစွာ တက်ရောက်လာကြသူများက ရွှေစေတီကျောင်းတိုက်ဆရာတော်ထံလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ကျောင်းသား၊ ကျောင်းသူများအတွက်စာရေးကိရိယာများ ပေးအပ်၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါသင်တန်းကို မတ် ၂၂ ရက်အထိ သင်တန်းသား၊ သင်တန်းသူ ၁၂ဝ ဦးဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။  
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 8, 2018

မြန်မာ့ရိုးရာလက်ဝှေ့ ပိုမိုအောင်မြင်ရေး ကူညီပေးရန် ဆန္ဒရှိကြောင်း အောင်လအန်ဆန် ဖွင့်ဟ

မြန်မာ့ရိုးရာလက်ဝှေ့  ပိုမိုအောင်မြင်ရေး ကူညီပေးရန် ဆန္ဒရှိကြောင်း အောင်လအန်ဆန် ဖွင့်ဟ
ရန်ကုန် နိုဝင်ဘာ ၇ 
-
ONE  Championship  ပြိုင်ပွဲ၏  ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်သည် မြန်မာ့ရိုးရာ လက်ဝှေ့ကို ကမ္ဘာ၌ ပိုမိုအောင်မြင် စေရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောသည်။
-
မြန်မာ့ရိုးရာလက်ဝှေ့သည်  လက်အိတ် မသုံးဘဲ လက်သီးဖြင့်ထိုးရသော  အားကစား နည်းဖြစ်ကာ ခြေ၊ လက်၊ ဒူး၊ တံတောင်တို့ကို  အသုံးပြု  တိုက်ခိုက်ရခြင်းဖြစ်ပြီး  ဒေသတွင်း တိုက်ခိုက်ရေးပညာရပ်များတွင် ကြမ်းတမ်းပြီး အထိအခိုက် များသော ပွဲအဖြစ် လူသိများ သည်။  သို့သော်  မြန်မာ့ရိုးရာလက်ဝှေ့ပွဲစဉ်များကို ပြည်တွင်း၌သာ စိန်ခေါ်ပွဲ များအဖြစ် အများဆုံးမြင်တွေ့ရသည်။
-
''မွေထိုင်းနဲ့ မြန်မာ့ရိုးရာလက်ဝှေ့ဆိုရင်  မြန်မာ့လက်ဝှေ့က ပိုကြမ်းပြီးကောင်းတယ်။  
-
မွေထိုင်းကို အမေရိကမှာသိတဲ့သူများတယ်။  မြန်မာ့ရိုးရာ လက်ဝှေ့ကိုတော့ သိတဲ့သူသိပ်မရှိဘူး။ ကျွန်တော်က   မြန်မာ့ရိုးရာ လက်ဝှေ့  ပိုကောင်းတယ်ဆိုတာကို  ကမ္ဘာကသိအောင်  ကူညီပေးမှာပါ''ဟု  အောင်လအန်ဆန်က ပြောသည်။ လက်ရှိတွင် မြန်မာ့ရိုးရာလက်ဝှေ့ စိန်ခေါ်ပွဲများကို ပြည်တွင်း၌ မကြာခဏ ကျင်းပလျက်ရှိပြီး  အလဲထိုး စနစ် ကိုသာ ကျင့်သုံး လျက်ရှိသည်။ ဝိတ်တန်းအလိုက် ချန်ပီယံဆုနှင့် အမှတ်ပေးစနစ်ကို  ကျင့်သုံးသော ပြိုင်ပွဲ တစ်ရပ်မှာ ၂ဝ၁၇ ခုနှစ်မှ စတင်၍  WLC  အမည်ဖြင့် ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတကာသို့ တိုက်ရိုက်ပြသ နိုင်ခဲ့ သည်။
-
အက်စ်တီ 
-
#မြ၀တီနေ့စဉ်သတင်းစာ
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger