www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 27, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်မြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရွှေဘုံသာမုနိစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညို

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်မြို့၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ရွှေဘုံသာမုနိစေတီတော် မြတ်ကြီးအား သွားရောက် ဖူးမြော် ကြည်ညို
-
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါပြီး ယနေ့ ညနေပိုင်းတွင် ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုသည်။
-
-
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့သည် စေတီတော်မြတ်ကြီးရှိ ဗုဒ္ဓ ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်၍ စေတီ တော်ကြီးအား လက်ယာရစ်လှည့်လည်ဖူးမြော် ကြည်ညိုပြီး ဘုရားဖူးလာပြည်သူများ သက်တောင့်သက်သာစိတ်ချမ်းမြေ့စွာရှိစေရန်အတွက် ဘုရားကြီး ရင်ပြင်တော်တွင် နေပူခံ ကျောက်ပြားများ ခင်းကျင်းနိုင်ရေးနှင့် ရင်ပြင်တော်အတွင်း၌ရှိသော  သစ်ပင်များ ပတ်လည်၌ အက်ကွဲနေသောအုတ်ခုံများသပ်သပ်ရပ်ရပ် ပြန်လည်ပြုပြင် မွမ်းမံရေးတို့အတွက် လိုအပ်သည်များ ညှိနှိုင်းစီစဉ် ဆောင်ရွက်ပေးသည်။
-
-
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် စေတီတော်မြတ်ကြီး ဘက်စုံပြုပြင် မွန်းမံရန်အတွက် အလှူငွေများအား ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က စေတီတော်ကြီး၏ဓာတ်ပုံကားချပ်အား ဓမ္မလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စေတီတော်ကြီး၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger