www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label မီးလောင်ကျွမ်းမှု. Show all posts
Showing posts with label မီးလောင်ကျွမ်းမှု. Show all posts

Tuesday, April 2, 2019

မြိတ်မြို့နယ်၊ အေးချမ်းသာ ရပ်ကွက်၌ အမွှေးတိုင် ပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွား

မြိတ်မြို့နယ်၊ အေးချမ်းသာ ရပ်ကွက်၌ အမွှေးတိုင် ပူဇော်ရာမှ မီးလောင်မှု ဖြစ်ပွား
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အေးချမ်းသာရပ်ကွက်၊ ကံ့ကော်လမ်းနှင့် သစ္စာလမ်းထောင့်ရှိ ဒေါ်ဇင်မာနိုင်(ဘ) ဦးဝင်းနိုင် ငှားရမ်း နေထိုင်သော နေအိမ်၌ မတ် ၃၁ ရက် ည ၈ နာရီခန့်တွင် ဘုရားစင်၌ ပူဇော်ထားသော အမွှေးတိုင် ကျိုးကျပြီး ဘုရားစင်အောက်ရှိ ခေါင်းအုံးမှ တစ်ဆင့် မီးလောင်ကျွမ်းမှု စတင် ဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ် ၁၂ စီးနှင့် ရေသယ်ယာဉ် ၁၁ စီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ 
-
မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း လူနေအိမ်နှစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူအား လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, February 25, 2019

အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပြင်သာကျောင်းလမ်း၌ မီးလောင်မှု ဖြစ်ပွား

အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပြင်သာကျောင်းလမ်း၌ မီးလောင်မှု ဖြစ်ပွား
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၄ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပြင်သာကျောင်းလမ်းရှိ ဒေါ်အုန်းကျင်ပိုင်ဆိုင်သောနေအိမ်မှ ဖေဖော်ဝါရီ ၂၃ ရက် ည ၉ နာရီ ၅ မိနစ်ခန့်တွင်လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာနေရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ်ရှစ်စီးဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ မိနစ် ၃ဝ ခန့်တွင် မီးငြိမ်း သွားခဲ့သည်။ မီးလောင်မှုကြောင့် ဒေါ်အုန်းကျင်မှာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ၎င်း၏သားဖြစ်သူ မောင်စိုးမိုးနိုင်မှာ မီးလောင်ဒဏ်ရာများရရှိခဲ့ပြီး အောင်ပန်းမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, February 21, 2019

မိုးကုတ်မြို့နယ်၊ အနောက်ဗိုလ်ကုန်း ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား

မိုးကုတ်မြို့နယ်၊ အနောက်ဗိုလ်ကုန်း ရပ်ကွက်၌ မီးလောင်မှုဖြစ်ပွား
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂ဝ 
-
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အနောက်ဗိုလ်ကုန်း ရပ်ကွက်ရှိ ဦးဝင်းမြင့်(ဘ) ဦးထွန်းမှန် ပိုင်ဆိုင်သော နေအိမ်မှ ဖေဖော် ဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁ဝ မိနစ်ခန့် တွင်  လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာနေရာသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ် ရှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၂ နာရီမိနစ် ၂ဝ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။မီးလောင်မှုကြောင့်  လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ အလျားပေ ၃ဝ၊ အနံ ပေ ၂ဝ ရှိ သွပ်မိုး၊ ထရံကာလူနေအိမ် တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 20, 2019

ဝါးတစ်ရာ စက်မှုဇုန် အထပ်သားစက်ရုံ မီးလောင်မှုဖြစ် တစ်ဦးသေဆုံး ၁၃ ဦးဒဏ်ရာရ

ဝါးတစ်ရာ စက်မှုဇုန် အထပ်သားစက်ရုံ မီးလောင်မှုဖြစ် တစ်ဦးသေဆုံး ၁၃ ဦးဒဏ်ရာရ
-
ရန်ကုန် ဖေဖော်ဝါရီ ၁၉ 
-
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်၌ ယမန်နေ့ ည၇ နာရီ ၁ဝ မိနစ်က အထပ်သားစက်ရုံ မီးလောင်မှု ဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားကြောင်း သိရသည်။ 
-
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာစက်မှုဇုန် ဆိပ်ကမ်းသာလမ်းရှိ HONDA Myanmar Co.,Ltd. အထပ်သားစက်ရုံ၏ ခြံအကျယ်အဝန်း ၇ ဒသမ ၂ ဧကပေါ်၌ တည်ဆောက် ထားသော အလျားပေ ၂၄ဝ၊ အနံပေ ၈ဝ၊ အမြင့်ပေ ၄ဝ Steel Structure သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံနှင့် အလျားပေ ၁၄ဝ၊ အနံပေ ၁၄ဝ၊ အမြင့်ပေ ၄ဝ Steel Structure သွပ်မိုး၊သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံကြားရှိ အလျားပေ ၂ဝ၊ အနံ ၁၅ ပေ၊ အမြင့် ၈ ပေရှိ မြေပေါ်ကန်နှစ်ကန်မှ အထပ်သားများကို ကော်ဖတ်စားရာမှ ထွက်လာသောအမှုန့်၊ မြေပေါ်ကန် နှစ်ကန်ဘေးရှိ အလျား၁၅ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၅ ပေ အထပ်သားများကို ကော်ဖတ်စားရာမှ ထွက်လာသော အမှုန့်အပုံနှင့် အလျားပေ ၂၄ဝ၊အနံပေ ၈ဝ၊ အမြင့်ပေ ၄ဝ Steel Structure သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အအုံရှေ့ အလျားပေ ၆ဝ၊ အနံပေ ၂ဝ၊ အမြင့် ၁ဝ ပေ အထပ်သားများကို ကော်ဖတ်စားရာမှ ထွက်လာသော အမှုန့်အပုံတို့မှ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။ 
-
မီးလောင်မှု ဖြစ်ပွားရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးရဲမင်းသွေး၏ အနီးကပ်ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄ဝ၇ ဦးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၁၆၁ ဦးတို့က ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး အပါအဝင်အခြားမြို့နယ် အသီးသီးမှ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း ၄၄ စီး၊ အထောက်အကူပြုယာဉ် စုစုပေါင်းငါးစီး၊ ကွပ်ကဲမှုယာဉ် စုစုပေါင်း ခုနစ်စီးတို့ဖြင့် မီးငြှိမ်းသတ်ရာ ည ၈ နာရီခွဲတွင်မီးငြိမ်းသွားသည်။ 
-
မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ စုစုပေါင်း ၁၄ ဦးရှိပြီး အင်းစိန်ဆေးရုံကြီး၌ ၁၂ ဦးနှင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ နှစ်ဦးဆေးကုသမှု ခံယူလျက်ရှိရာ အင်းစိန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသော အလုပ်သမား ငြိမ်းချမ်းဦး ၃၁ နှစ်မှာ ယနေ့ နံနက်ပိုင်းတွင် သေဆုံးသွားကာကျန်ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။ 
-
မောင်မျိုး(ဧရာဝတီ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 19, 2019

ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်၌ မီးလောင်မှုဖြစ်ပွား

ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတိုက်၌ မီးလောင်မှုဖြစ်ပွား
-
နေပြည်တော် ဖေဖော်ဝါရီ  ၁၈ 
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာရှိ လေးမျက်နှာဘုန်းတော်ကြီး ကျောင်းတိုက် မီးဖိုချောင်၌ ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၄ဝ ခန့်တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှတစ်ဆင့်  မီးလောင် ကျွမ်းမှုဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာနေရာသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ်သုံးစီးဖြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၁ နာရီ ၁ဝ မိနစ်ခန့်တွင်မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့်လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဘုန်းတော်ကြီးကျောင်းဝင်း အတွင်းရှိ မီးဖိုတဲတစ်လုံးနှင့် ကျောင်းဆောင်တစ်လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းသတင်း ရရှိသည်။       
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 24, 2019

မိတ္ထီလာမြို့နယ်၊ မင်းတဲကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

မိတ္ထီလာမြို့နယ်၊ မင်းတဲကုန်းကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
-
နေပြည်တော်  ဇန်နဝါရီ  ၂၃ 
-
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မင်းတဲကုန်းကျေးရွာနေ ဦးလင်းလင်း(ဘ) ဦးဝင်းမြိုင်သည် ဇန်နဝါရီ ၂၂ ရက် နံနက် ၁၁  နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်ခြံဝင်းအတွင်း အမှိုက်ပုံမီးရှို့ရာ ၎င်းမှတစ်ဆင့် ကြက်ခြံသို့ ကူးစက်၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ 
-
မီးလောင်ရာနေရာသို့ တပ်မတော်သားများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ၁၂ နာရီ ၂ဝ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ကြက်ခြံတစ်ခြံ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့်  မီးပေါ့ဆစွာသုံးစွဲသူ  ဦးလင်းလင်းအား  မိတ္ထီလာမြို့ ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 24, 2018

စမ်းချောင်းမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား

စမ်းချောင်းမြို့နယ်အတွင်း မီးလောင်မှုဖြစ်ပွား
-
နေပြည်တော်  ဒီဇင်ဘာ  ၂၃ 
-
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်း(မြောက်)ရပ်ကွက်၊ စမ်းချောင်းလမ်းနှင့် ဦးစံငြိမ်းလမ်းထောင့်ရှိ အမှတ်(၆၃)မြေညီထပ်၊ (စြေ-၃၆ယ ဗ-၃)၌ ယနေ့နံနက် ၉ နာရီခွဲတွင် ဒေါ်မော်မော်ခင်(ဘ) 
---- မြို့မရပ်ကွက်၊ ပိုက်လုံးလမ်း၊ ဗဟန်းမြို့နယ် နေသူဖွင့်လှစ်ထားသော  ''အစားတလိုင်း'' အဝစားဟော့ပေါ့ဆိုင်တွင် အလုပ်သမား ချစ်ထူး(ဘ) ဦးမြသိန်းနှင့် ဇာနည်ထွန်း(ဘ)ဦးရင်ထွေးတို့ နှစ်ဦးသည် ဂက်စ်အိုး ချိန်းပြောင်းပြုလုပ်ရာမှ မီးကူး၍ ဆိုင်အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့်   မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ် ၁ဝ စီးဖြင့်   ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၅ဝ တွင် မီးငြိမ်းသွားခဲ့သည်။
-
အဆိုပါမီးလောင်မှုကြောင့်  ချစ်ထူးနှင့် ဇာနည်ထွန်းတို့နှစ်ဦး၏ မျက်နှာ၊ လည်ပင်း၊ ဝဲ/ယာလက်၊ ခြေထောက်၊ ကျောပြင်တို့တွင် မီးလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစေခဲ့ကြောင်းနှင့် မီးပေါ့ဆစွာ သုံးစွဲသူများအား စမ်းချောင်းမြို့နယ် ရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး  အမှုဖွင့် ထားရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Friday, December 21, 2018

ပင်လောင်းမြို့နယ်၊ ရင်းမှီး(တောင်)ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

ပင်လောင်းမြို့နယ်၊ ရင်းမှီး(တောင်)ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား
-
နေပြည်တော် ဒီဇင်ဘာ ၂ဝ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ရင်းမှီး(တောင်)ကျေးရွာနေ ဦးလှစိန်(ဘ)ဦးချမ်း၏ နေအိမ်၌ ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် တီဗွီစင် မီးပလပ်ခုံမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သဖြင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရွာသူ၊ ရွာသားများ ပူးပေါင်း၍ မီးသတ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ၃ နာရီ မိနစ် ၄ဝ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။ 
-
အဆိုပါမီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဦးလှစိန်အား ပင်လောင်းတပ်နယ်မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, December 10, 2018

မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေသွား ကားလမ်းဘေး၌ မီးလောင်မှုဖြစ်ပွား

မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေသွား ကားလမ်းဘေး၌ မီးလောင်မှုဖြစ်ပွား
-
နေပြည်တော်  ဒီဇင်ဘာ   ၉ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရန်ကုန်-စစ်တွေသွား ကားလမ်းဘေး၌ ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်တွင် စက်သုံးဆီ အရောင်းဆိုင်တန်းရှိ ဦးကျော်ဇောဖြူ စက်သုံးဆီအရောင်းဆိုင်မှ မီးကြွင်းမီးကျန်မှ တစ်ဆင့်   မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ပတ်ဝန်းကျင်ရှိ ဆိုင်ခန်းခြောက်ခန်းအား မီးကူးစက် လောင်ကျွမ်းခဲ့သဖြင့် တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ်ငါးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်း သတ်မှုကြောင့် ည ၈ နာရီခန့် တွင် မီးငြိမ်းသွားခဲ့သည်။ 
-
မီးလောင်မှုကြောင့်  လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းနှင့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးမှာ ၇ဝဝဝဝဝဝဝ ကျပ်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဦးကျော်ဇောဖြူအား  မြောက်ဦးမြို့မရဲစခန်း၌ တရား ဥပဒေအရ အရေးယူနိုင်ရေး အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။        
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, October 15, 2018

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်

ပုလော အောက်တိုဘာ ၁၄
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာ အထဲစုရပ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
-
ဖြစ်စဉ်မှာ ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရှပ်ပုံကျေးရွာ အထဲစုရပ်ရှိ ဒေါ်မလဲ ၆၅ နှစ်သည် နေ့လယ်စာ ထမင်းချက်ပြီး မီးဖိုအား မီးငြှိမ်းသတ်ခဲ့သော်လည်း မီးကြွင်းမီးကျန်များ ကျန်ရှိနေခဲ့သဖြင့်  မီးကြွင်း မီးကျန်များမှတစ်ဆင့် မီးဖိုအနီးတွင် ရှိနေသော ဝါးထရံကို မီးစတင် လောင်ကျွမ်းခဲ့သည်။
-
မီးလောင်မှုဖြစ်ပွားရာသို့ ပုလောမြို့မ ရဲစခန်းမှ  ဒုတိယရဲအုပ်ကျော်မိုးလွင်နှင့် တပ်ဖွဲ့ဝင်များ၊ ပုလောမြို့နယ် မီးသတ်ဦးစီးဌာန  ဦးစီးမှူး  ဦးအောင်သူဦးနှင့်  သန္ဓေ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၁၅ဝ  ခန့်က   မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့်  ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ အချိန်တွင် မီးညွန့်ကျိုးခဲ့ပြီး မွန်းလွဲ ၂ နာရီ ၅၇ မိနစ်တွင် မီးလုံးဝငြိမ်းသွားရာ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
-
မီးလောင်မှုကြောင့် အလျား ၂၄ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၈ ပေရှိ နေအိမ်အောက်ခြေ အုတ်ဖိနပ်၊  ဓနိမိုး၊  ပျဉ်ခင်း၊ထရံကာ နေအိမ်တစ်လုံး    ကာလတန်ဖိုး ငွေကျပ်၂၇ဝဝဝဝ ခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။
-
ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင် ဒေါ်မလဲအား ပုလောမြို့မရဲစခန်းက (ပ)၉၅/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, September 17, 2018

ကလေးမြို့တွင် အင်ဗာတာ အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွား



ကလေး ၁၇-၉-၂၀၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းရပ်ကွက် ဂန္ဓမာလမ်းနယ်မြေ (၁၆) အိမ်အမှတ် (၁ဝဝ) တွင် ယနေ့ နံနက် ၁၁နာရီ မိနစ် ၃ဝ ခန့်က အင်ဗာတာ အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အိမ်ရှင် ဦးနိုးသော့ ကပ်မိသားစုသည် လျှပ်စစ်မီး ပျက်နေသဖြင့် အင်ဗာတာဖွင့်ပြီး ဖုန်းအားသွင်းလျက် အိမ်တံခါးများ ပိတ်ကာ ဘုရားကျောင်း သွားနေကြစဉ် အင်ဗာတာအပူလွန်ပြီး နေအိမ်ကို မီးကူးစက် လောင်ကျွမ်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ရာနေရာသို့ ကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် လေးစီး၊ရေသယ်ယာဉ် နှစ်စီး၊မီးသတ်တပ်ဖွဲ့ဝင် ဦးရေ၃ဝနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ဦးရေ ၂ဝ တို့ သွားရောက်၍ မီးငြှိမ်းသတ်ရာ မွန်းလွဲ ၁၂နာရီ ကျော်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုးငွေကျပ် လေးသိန်း ခန့်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ပိုင်ရှင် နိုးသော့ကပ်ကို ကလေးမြို့မရဲစခန်းက (ပ)၁၆၉၁/၂ဝ၁၈၊ရာဇသတ်ကြီး ပုဒ်မ-၂၈၅ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Wednesday, September 12, 2018

ပြည်ကြီးတံခွန်မြို့နယ်၊ (ခ)ရပ်ကွက်ရှိ ငါးနီပဲဂိုဒေါင်၌ မီးလောင်မှုဖြစ်ပွား



နေပြည်တော် ၁၂-၉-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ ၇၂ x ၇၃ လမ်း၊ ပျူစောထီးလမ်းနှင့် ကျန်စစ်သားလမ်းကြား၊ (ခ)ရပ်ကွက်ရှိ ဦးမြင့်နိုင် ပိုင်ဆိုင်သော ငါးနီပဲဂိုဒေါင်၌ စက်တင်ဘာ ၁ဝ ရက် ည ၆ နာရီ ၅မိနစ်ခန့်တွင် ဂိုဒေါင်အတွင်းရှိ ကုလားပဲများအား ဘွိုင်လာအိုးဖြင့် အခြောက်ခံရာမှ တစ်ဆင့် အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ မီးသတ်ယာဉ်၂၅ စီး၊ အုပ်ချုပ်မှု ယာဉ် သုံးစီး တို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဂိုဒေါင်အတွင်းရှိ ငွေကျပ်သိန်း ၆ဝ ခန့်တန်ဖိုးရှိ ကုလားပဲ ၁ဝဝ အိတ် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ စက်ရုံတာဝန်ခံ ရန်နိုင်စိုး (ဘ) ဦးတုတ်ပေါအား ပြည်ကြီး တံခွန်မြို့နယ် ရဲစခန်း၌ တရားဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိ သည်။

# မြဝတီနေ့စဉ်သတင်းစာ

Tuesday, September 4, 2018

ကလေးငယ်များ ဖယောင်းတိုင်နှင့် ဆော့ကစားရာမှ နေအိမ်သို့ မီးကူးစက်လောင်ကျွန်းမှု ဖြစ်ပွား



မြစ်ကြီးနား ၄-၉-၂ဝ၁၈

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကလေးငယ်များ ဖယောင်းတိုင်မီးနှင့် ဆော့ကစားရာမှ နေအိမ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ရာဒါကောင်း (B) နယ်မြေရှိ နေအိမ်အမှတ် (၄/၄၃)တွင် စက်တင်ဘာ ၂ရက် ညနေ ၅နာရီ ၃၅မိနစ်က မီးလောင်နေကြောင်း သတင်းအရ မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်သူထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် လေးစီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့် သွားရောက်၍ ဒေသခံ ပြည်သူများနှင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၅နာရီ မိနစ် ၄ဝတွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ငွေကျပ်သုံးသိန်းခန့် တန်ဖိုးရှိ အလျား ၂၇ ပေ၊ အနံ ၁၈ပေ၊ အမြင့် ပေ ၂ဝ ရှိ သွပ်မိုး၊ ပျဉ်ခင်း၊ နံကပ်နှစ်ထပ်နေ အိမ်အပေါ်ထပ် အတွင်းပိုင်း မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေါ်ရွယ်နန်၏ သားဖြစ်သူ မောင်ဒီဝမ်ရှယ်၏ ညာဘက်ပေါင်တွင် မီးလောင်ကျွမ်းခဲ့ရာ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာ နေအိမ်ပိုင်ရှင် ဦးဒိန်ခန်ရမ်ဆိုင်းမှာ နေအိမ်မှ မိုးကောင်းမြို့သို့ အလုပ်ကိစ္စဖြင့် သွားရောက်ရန် ဇနီးဖြစ်သူ ဒေါ်ရွယ်နန်က ဘူတာသို့ လိုက်လံပို့ဆောင်စဉ် သားသမီးများသာ ကျန်ရှိနေခဲ့ပြီး ၎င်း၏သားသမီးများမှာ မိဘများ မရှိခိုက်မီးခြစ်ဖြင့် နေအိမ်အိပ်ခန်းအတွင်း ဆော့ကစားရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ရွယ်နန်ကို မြစ်ကြီးနားမြို့မရဲစခန်းက (ပ)၂၂၆/၂ဝ၁၈၊ ပြစ်မှုပုဒ်မ-၂၈၅/ ၃၃၇ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 3, 2018

မိန်းပလပ်ခုံ အပူလွန်ကဲရာမှ လူနေအိမ် ငါးလုံး မီးလောင်မှု ဖြစ်ပွား



မန္တလေး ၃-၉-၂ဝ၁၈

မန္တလေး ချမ်းမြသာစည် မြို့နယ် မြို့သစ် (၄ )(ဃ-၇) ရပ်ကွက်သစ် တော်ဇုန်တောင်ဘက် ၆၂လမ်း-၆၄လမ်းနှင့် ကံကော်လမ်း×သံလမ်းကြား ထပ်တရာလမ်းသွယ်တွင် ယနေ့ညနေ ၃နာရီ ၅၂မိနစ်က အိမ်အမှတ်(၁၈/က) ပိုင်ရှင်ဦးခင်မောင်သိန်း (ဘ) ဦးမောင်မောင်၏ (၂ဝ× ၁၅)ပေ သွပ်မိုးထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် အပေါ်ထပ်တွင် သွယ်တန်းထားသော မိန်းပလပ်ခုံမှ အပူလွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် (၂ဝ×၁၅) ပေ သွပ်မိုးထရံကာ၊ ပျဉ်ခင်းနှစ်ထပ် နေအိမ်နှစ်လုံး၊ (၂ဝ×၁၅)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံး၊ ပေ(၂ဝ×၃ဝ) သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံးနှင့် ပေ၃ဝ×ပေ၄ဝ သွပ်မိုး၊ အုတ်ခင်း၊ မြေစိုက် တစ်ထပ်နေအိမ်တစ်လုံး စုစုပေါင်း လူနေအိမ်ငါးလုံး ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၂၃ဝဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် အစီး ၂ဝ၊ရေသယ်ယာဉ် ၁ဝစီး၊ အုပ်ချုပ်မှုယာဉ် နှစ်စီး၊ အကူယာဉ် နှစ်စီး၊ သန္ဓေမီးသတ်ဦးရေ ၅ဝ၊ အရန်မီးသတ်ဦးရေ ၁၅ဝတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုကြောင့် လူနေအိမ်ငါးလုံးနှင့် အိမ်ထောင်စု ငါးစုမှ အမျိုးသား၂၃ဦး၊ အမျိုးသမီး ၂၁ဦးတို့ မီးဘေးသင့်ခဲ့ပြီး ဓမ္မရက္ခိတ ဓမ္မာရုံအတွင်း ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ပိုင်ရှင် ဦးခင်မောင်သိန်း (ဘ) ဦးမောင်မောင်ကို ချမ်းမြသာ စည်မြို့နယ် အမှတ်(၁၁)ရဲစခန်းက ပ-၃၆၁/၂ဝ၁၈၊ ပုဒ်မ -၂၈၅ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

Thursday, August 9, 2018

ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက်တွင် ခြင်ဆေးခွေထွန်းထားရာမှ စာအုပ်ပုံကိုမီးကူးစက်၍ နေအိမ်ခုနှစ်လုံးမီးလောင်ဆုံးရှုံး



မန္တလေး ၉-၈-၂ဝ၁၈

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် (စ) ရပ်ကွက် ၅၄လမ်း x၅၅လမ်းနှင့် ကျန်စစ်သားလမ်း၊ ဘုရင့်နောင်လမ်းကြား အကွက်အမှတ် (ထထ-၁၃) အိမ်အမှတ် (၅၇) ပိုင်ရှင်ဦးသိန်းသိန်းဦး၏ တစ်ထပ်နေအိမ်တွင် ယနေ့ နံနက် ၃နာရီ ၅၅မိနစ်က ခြင်ဆေးခွေကို အောက်ခံပြားမပါဘဲ ထွန်းထားရာမှ အနီးရှိ စာအုပ်ပုံကို မီးကူးစက်၍ နေအိမ်ခုနစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် အစီး ၄ဝ၊ ရေသယ်ယာဉ် ၁ဝ စီး၊ အုပ်ချုပ်မှုယာဉ်နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်ဦးရေ ၁၁ဝ၊အရန်မီးသတ်တပ် ဖွဲ့ဝင်ဦးရေ ၁၉ဝ တို့ဖြင့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ယနေ့နံနက် ၄နာရီ ၂၅မိနစ်က မီးထိန်းနိုင်ခဲ့ပြီး နံနက်၎နာရီ ၃၅ မိနစ်တွင် မီးလုံးဝ ငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် ပေ(၂ဝx၃ဝ) သွပ်မိုး၊ထရံကာ တစ်ထပ်နေအိမ်တစ်လုံး၊ ပေ(၁ဝx၂ဝ) သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ်လေးလုံး၊ ပေ(၂ဝx၃ဝ) ပျဉ်ကာ၊ ပျဉ်ခင်း၊သွပ်မိုး နှစ်ထပ်နေအိမ်တစ်လုံး၊ ပေ(၁ဝx၄ဝ) အုတ်ညှပ်နံကပ် တစ်ထပ်နေအိမ်တစ်လုံး စုစုပေါင်း နေအိမ်ခုနစ်လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၆၄၆ဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ထို့ပြင် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ပိုင်ရှင် ဦးသိန်းသိန်းဦး၏ဇနီး ဖြူဖြူသင်း (ဘ) ဦးတင်ဆွေကို ပြည်ကြီး တံခွန်မြို့နယ် စက်မှုဇုန်နယ်မြေ ရဲစခန်းက (ပ)၃၉၇/၂ဝ၁၈၊ဥပဒေပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Wednesday, August 8, 2018

ဝမ်းတွင်းမြို့တွင် ပလတ်ခေါင်း အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



ဝမ်းတွင်း ၈-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့ အမှတ်(၃) ဗဟိုရပ်တွင် ယနေ့ နံနက် ၁၁နာရီ မိနစ် ၄ဝခန့်က ပလတ်ခေါင်းအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မျိုးမင်းထွန်း (ဘ)ဦးပေါ်ထွန်း အမှတ် (၃) ဗဟိုရပ် ဝမ်းတွင်းမြို့ နေထိုင်သည့် နေအိမ် (၁၂×၄ဝ)ပေ တစ်ထပ်ပျဉ်ခင်း၊ သွပ်မိုး၊ ထရံကာနေအိမ်ရှိ လျှပ်စစ်မိန်းခုံတွင် တပ်ထားသည့် ပလတ်ခေါင်း အပူလွန်ကဲပြီး အနီးရှိထရံသို့ မီးကူးစက် လောင်ကျွမ်းရာမှ မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာနေရာသို့ မြို့နယ်မီးသတ်ရုံးမှ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ သဲတောနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ်တစ်စီး စုစုပေါင်း ရေသယ်ယာဉ်လေးစီး၊ သန္ဓေမီးသတ် တပ်ဖွဲ့ဝင် ၁၆ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ဝဦးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁နာရီမိနစ် ၅ဝခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၁နာရီ ၅၃မိနစ်ခန့်တွင် မီးလုံးဝငြှိမ်းသတ် နိုင်ခဲ့သည်။

မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် ၂၄ဝဝဝဝ ဆုံးရှုံးခဲ့ပြီး ပတ်ဝန်းကျင်သို့ မီးကူးစက်မှုမရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မျိုးမင်းထွန်းကို ဥပဒေအရအရေး ယူပေးပါရန် ဒုတိယရဲအုပ် ဝင်းဇေယျာဦးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဝမ်းတွင်းမြို့မ ရဲစခန်းက (ပ)၂ဝ၇/၂ဝ၁၈၊ ရာဇသတ်ကြီးပုပ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#PyiChitThar

Friday, August 3, 2018

အပူလွန်ကဲရာမှ ဝိုင်ယာရှော့ဖြစ်၍ မီးလောင်မှုဖြစ်ပွား




ခိုလမ် ၃-၈-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ ရပ်ကွက် (၂) နေ ဇော်မင်းလှ (ခ) ကိုဇော် (ဘ) ဦးရွှေလှ Top အထွေထွေ ရောင်းဝယ်ရေး ဆိုင်အိမ်အမှတ် (၂/၃၂)နေအိမ်တွင် ယနေ့နံနက် ၁၁နာရီ ၅၈မိနစ်က အိမ်နောက်ဖေး မီးဖိုခန်းတွင် အပူလွန်ကဲရာမှ ဝိုင်ယာရှော့ခ်ဖြစ်၍ နေအိမ် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာသို့ ခိုလမ်တပ်နယ်မှ တပ်မတော်သားများနှင့် ရေသယ်ယာဉ် သုံးစီး၊ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ယာဉ် လေးစီး၊ ဒေသခံပြည်သူများ စုပေါင်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ တစ်နာရီမိနစ် ၃ဝတွင် မီးညွှန့်ကျိုးခဲ့ပြီး မွန်းလွဲ၂ နာရီတွင် မီးလုံးဝငြိမ်းသွားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လုပ်ငန်းလိုင်စင်မဲ့ သိုလှောင်ထားသော ဆီပီပါအလုံး၇ဝ၊ အိမ်တစ်လုံး၊ စုစုပေါင်းကာလ တန်ဖိုးငွေကျပ် ၁၂၇၅ဝဝဝဝ ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အိမ်ရှင် ဇော်မင်းလှ(ခ)ကိုဇော်ကို ခိုလမ်ရဲစခန်းက (ပ)၂ဝ၁၃/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ၂၈၅ (မီးပေါ့ဆစွာသုံးစွဲမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Thursday, August 2, 2018

ပီပါခွံတင်ဆောင်ထားသောယာဉ် စက်နှိုးရာမှ ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်



စစ်ကိုင်း ၂-၈-၂ဝ၁၈

စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ စစ်ကိုင်း-ရွှေဘိုကားလမ်းဘေး ပီပါပိန်၊ဖောင်း၊ဖာလုပ်ငန်း ဝင်းအတွင်းရှိ ပီပါခွံများတင်ဆောင် ထားသော ယာဉ်တစ်စီးသည် ယနေ့နံနက် ၉နာရီက စက်နှိုးရာမှ ဘက်ထရီဝိုင်ယာရှော့ခ် ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အုန်းတောကျေးရွာ စစ်ကိုင်း-ရွှေဘိုကားလမ်းဘေးရှိ ပီပါပိန်၊ ဖောင်း၊ ဖာလုပ်ငန်းမှ ပြန်လည်ပြုလုပ် ပြီးပီပါများကို မန္တလေးမြို့သို့ ပြန်လည်တင်ပို့ရန် ပီပါအခွံ ၁၂ လုံးနှင့် ဒီဇယ်ပီပါနှစ်လုံး တင်ထားသော ကန်တာအမျိုးအစားယာဉ်တစ်စီးသည် ကားစက်နှိုးရာမှ ဘက်ထရီဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဝိုင်ယာကြိုးတစ်လျှောက်မှ ကားခေါင်းခန်းအတွင်းကို လောင်ခြင်းဖြစ်ပြီး ဆီပီပါများ မလောင်ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးသူအောင်က ပြောပြသည်။

အဆိုပါ မီးလောင်ရာသို့ စစ်ကိုင်းမြို့မှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ အုန်းတောကျေးရွာမှ မီးငြှိမ်းသတ်ယာဉ် တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁ဝ ဦးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၂ဝ တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ငွေကျပ်ခြောက်သိန်း ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဝင်းကို (ပ)၆၃/ ၂ဝ၁၈၊ ပြစ်မှုဆိုင်ရာပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

Tuesday, July 24, 2018

စစ်ကိုင်းတိုင်းဒေသကြီးတွင် မီးလောင်မှုကြောင့် ငွေကျပ်သန်း ၁၇၀၀ ကျော် ဆုံးရှုံးခဲ့



မုံရွာ ၂၄-၇-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က မီးလောင်မှုကြောင့် ငွေကျပ်သန်း ၁၇ဝဝ ကျော် ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ဝ၁၇ - ၂ဝ၁၈ ဘဏ္ဍာနှစ်က မီးလောင်မှု ဖြစ်ပွားမှု အခြေအနေမှာ မီးဖိုမီးကြောင့် မီးလောင်မှု ၃၂ ကြိမ် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၆၂၈၆၃၅၃ဝဝ၊ ပေါ့ဆမီးကြောင့် မီးလောင်မှု ၆၂ကြိမ် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃၅၆၁၅၉၅ဝ၊ လျှပ်စစ်မီးကြောင့် မီးလောင်မှု ၄၈ ကြိမ်ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်၃ဝ၁၈၂၆၅ဝ၊ ရှို့မီးကြောင့် မီးလောင်မှု ၃၈ကြိမ် ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၆၆၃၈၄၅ဝ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အလိုအလျောက်မီးကြောင့် မီးလောင်မှု ခုနစ်ကြိမ်ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၂၆၅၃ဝဝဝဝ၊ တောမီးငါးကြိမ် လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၁၈၂၂ဝဝဝ၊ မိုးကြိုးမီး တစ်ကြိမ်လောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၁၂၅ဝဝ ဆုံးရှုံးခဲ့၍ စုစုပေါင်းမီးလောင်မှု ၁၉၃ကြိမ် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်း ၁၇၃၉ ဒသမ ၅၃၆၈၅ ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

Monday, July 23, 2018

ဂတ်မီးဖို မတော်တဆ ပေါက်ကွဲမှုဖြစ်ပွား



ကျောက်ဆည် ၂၃-၇-၂ဝ၁၈

ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီ မိနစ် ၃ဝခန့်က မန္တလေးတိုင်းဒေသကြီး တိုင်းရင်းဆေး တက္ကသိုလ်မှ ဆရာများ၊ ခရိုင်၊မြို့နယ်တိုင်းရင်းဆေး ဝန်ထမ်းများသည် တိုင်းရင်းဆေး ပညာဖြင့်ပြည်သူများကို အခမဲ့ဆေးကုသမှုများ ပြုလုပ်နေစဉ် ဆေးပေါင်းအိုး တည်ထားသည့် ဂတ်စ်မီးဖိုမတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးပေါင်းဂတ်စ်မီးဖို မတော်တဆ ပေါက်ကွဲမှုကြောင့် ဦးဝင်းဇော်၊ လက်ထောက်ကထိက၊ တိုင်းရင်းဆေး ပညာတက္ကသိုလ်၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေး ဦးစီးမှူး ဦးဇော်လင်းထင်၊ မြို့နယ် တိုင်းရင်းဆေးဦးစီးမှူး ဒေါ်လင်းလင်းကြူနှင့် စတုတ္ထနှစ်တိုင်းရင်ဆေး တက္ကသိုလ်ကျောင်းသူ မပန်းအိစံတို့ လေးဦးမှာ ဂတ်စ်မီးအပူဟပ်မိပြီး မစိုးရိမ်ရဒဏ်ရာ အနည်းငယ် ရရှိခဲ့ကြောင်းနှင့် အခြားဆုံးရှုံးမှုများ မရှိခဲ့ကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger