www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label လက်နက်ခဲယမ်းဖမ်းဆီးရမိ. Show all posts
Showing posts with label လက်နက်ခဲယမ်းဖမ်းဆီးရမိ. Show all posts

Wednesday, February 27, 2019

မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာ၌ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

မောင်တောမြို့နယ်၊ ဥဒေါင်းကျေးရွာ၌ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၆
-
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ ယနေ့နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဥဒေါင်းကျေးရွာနေ ဦးဘမောင်ဌေး (ဘ) ဦးအောင်သာကျော်၏ နေအိမ်အား သွားရောက်ရှာဖွေခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ ဇနီးဖြစ်သူ ဒေါ်ခင်စန်းယုအား တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ နေအိမ်ခြံစည်းရိုးအနီး အဝါရောင် ပလတ်စတစ်ပုံးခွံများကြားမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၇၆ ပြား၊ MG-1ပလတ်စတစ် လက်ပစ်ဗုံးတစ်လုံး၊ လုပ်သေနတ် အတိုတစ်လက်၊ ၉ မမကျည်ဆန် ၁၃ တောင့်၊ ကာဘိုင်ကျည်ဆန် နှစ်တောင့်တို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။
-
အဆိုပါ ဖမ်းဆီးရမိသူ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများအား အလယ်သံကျော် နယ်မြေရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                    -
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, February 5, 2019

နမ့်စန်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

နမ့်စန်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၎
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်း တရားမဝင် မှောင်ခိုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြောင်း သတင်းအရ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ကဖေဖော်ဝါရီ ၁ ရက် ည ၇ နာရီခန့်တွင် ထင်းရှူးမြိုင်ကျေးရွာ အနီး၌ မော်တော်ယာဉ်များအား စစ်ဆေးစဉ် လွိုင်ယဲကျေးရွာဘက်မှ   ခွန်ရွှေအေး(ဘ) ဦးခွန်ထွန်းဦး မောင်းနှင်လာသော ပါဂျဲရိုး ယာဉ်အမျိုးအစားယာဉ်အမှတ်၊ 7I/----- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်မှ တရုတ်နိုင်ငံလုပ်စက်လတ်သေနတ် တစ်လက်၊ ကျည်အိမ်အဝိုင်း တစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
-
ဖမ်းဆီးရမိသူ၏ ပြောပြချက်အရ အမှတ်(၂)ကျေးရွာ၊ နမ့်စန်မြို့တွင်နေ စိုင်းဘမောင်၏ နေအိမ်မှ  ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊၎င်းအိမ်တွင် လက်နက်၊ ခဲယမ်းများ ကျန်ရှိနေသေးကြောင်းသိရှိရသဖြင့်ပူးပေါင်းအဖွဲ့က စိုင်းဘမောင် ၏ နေအိမ်အား သွားရောက်ရှာဖွေရာ စိုင်းဘမောင်အား မတွေ့ရှိရဘဲ ၎င်း၏ဇနီးဖြစ်သူ ဒေါ်နန်းလှနှင့်အတူ နေအိမ်အိပ်ခန်းအတွင်းမှ စက်လတ်နှစ်လက်၊ လက်နက်ငယ် မျိုးစုံ ၂၃လက်၊ ကျည်အိမ်မျိုးစုံ ၁၈၈ ခု၊ ကျည်မျိုးစုံ ၆၁၄၂ တောင့်၊ ၄ဝ မမဗုံးသီး ၃၄ လုံး၊ အခြားဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါလက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများ၊မော်တော်ယာဉ်နှင့်လက်နက်၊ ခဲယမ်းများအား နမ့်စန်မြို့မရဲစခန်းသို့စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်းနှင့် ယင်းလက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်သူ စိုင်းဘမောင်အား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, November 6, 2018

တာချီလိတ်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများ သယ်ဆောင်လာသူ နှစ်ဦး ဖမ်းဆီးရမိ

တာချီလိတ်မြို့နယ်အတွင်း လက်နက်/ခဲယမ်းများ သယ်ဆောင်လာသူ နှစ်ဦး ဖမ်းဆီးရမိ
-
နေပြည်တော်   နိုဝင်ဘာ  ၅
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၏ အနောက်တောင်ဘက်  ၁၁ မိုင်ခန့်အကွာရှိ ပါခါးကျေးရွာအနီး၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ မော်တော်ယာဉ်များအား စစ်ဆေးစဉ် နိုဝင်ဘာ ၄ ရက် နံနက် ၈ နာရီခန့်တွင် ပါလကျေးရွာဘက်မှ ပါခါးကျေးရွာဘက်သို့ ယာကုပ်(ဘ) ဦးဘူကဲ မောင်းနှင်၍ ယေရှဲ(ဘ) ဦးလီတီး လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ  ယာကုပ်၏  ခါးကြားအတွင်းမှ ၉ မမပစ္စတို သေနတ်တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၎င်းကျည် ၂၃ တောင့်နှင့် ယေရှဲထံမှ ပြောင်းချောသေနတ်တစ်လက်၊ ၁၂  ဗို့ကျည်  ၁၁ တောင့်၊  လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
-
အဆိုပါ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား   တာချီလိတ်မြို့မ ရဲစခန်းသို့  ဆက်လက်လွှဲပြောင်း သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger