www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label စစ်မှုထမ်းဟောင်း. Show all posts
Showing posts with label စစ်မှုထမ်းဟောင်း. Show all posts

Thursday, April 11, 2019

နဝဒေး ရပ်ကွက်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်) လွှဲပြောင်း ပေးအပ်ပွဲပြုလုပ်

နဝဒေး ရပ်ကွက်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်) လွှဲပြောင်း ပေးအပ်ပွဲပြုလုပ်
-
နေပြည်တော်  ဧပြီ  ၁ဝ 
-
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်ရှိ အဆင့်မြင့်စစ်မှု ထမ်းဟောင်းအိမ်ရာ (နေပြည်တော်) လွှဲပြောင်း ပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင်အဆိုပါအိမ်ရာ၌ ကျင်းပပြုလုပ်သည်။
-
အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (နေပြည်တော်) လွှဲပြောင်းပေးအပ်ပွဲသို့ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီး ကြပ်ရေး အဖွဲ့နာယက နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊အိမ်ရာနေထိုင်ခွင့်ရရှိသူများတက်ရောက်ကြပြီးတိုင်းမှူးကအဖွင့်အမှာစကားပြောကြားသည်။ 
-
ယင်း နောက်အိမ်ရာ နေထိုင်ခွင့်ရရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းမှူးက စစ်မှုထမ်းဟောင်း အဖွဲ့ ဝင်များကိုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။ ထို့နောက်တိုင်းမှူးနှင့်တာဝန်ရှိသူများက အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ (နေပြည်တော်)အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အိမ်ရာများ၌နေထိုင်လျက်ရှိသူများအားလှည့်လည်တွေ့ဆုံကာ လိုအပ်သည်များညှိနှိုင်းဆောင် ရွက်ပေးသည်။ 
-
ယနေ့ဖွင့်လှစ်ခဲ့သော အဆင့် မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ(နေပြည်တော်)တွင် အရာရှိငယ် နှစ်ခန်းတွဲ လေးထပ် ခြောက်လုံးနှင့် အခြားအဆင့် နှစ်ခန်းတွဲ လေးထပ်ရှစ်လုံးတို့ကို လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အရာရှိငယ် နှစ်ခန်းတွဲ လေးထပ်တစ်လုံးနှင့် အခြားအဆင့်နှစ်ခန်းတွဲ လေးထပ်နှစ်လုံးတို့အား ထပ်မံဆောက် လုပ်လျက်ရှိကြောင်းသတင်းရရှိသည်။       
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, April 9, 2019

ကော့သောင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစု ဝင်များအား တွေ့ဆုံ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစု ဝင်များအား တွေ့ဆုံ၊  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်း မြို့နယ်ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင်များအား ဧပြီ ၆ ရက်နံနက်ပိုင်းတွင် ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေ နှင့်အဖွဲ့ဝင်များက အဆိုပါမြို့နယ်ရှိ ဘုရင့်နောင် ခန်းမ၌ သွားရောက်တွေ့ဆုံသည်။ ဦးစွာတိုင်းမှူးကအမှာစကား ပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်း ဟောင်းအိမ်ရာနေစစ်သည်များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ်လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
-
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အိမ်ရာနေ စစ်သည်များနှင့် မိသားစုဝင် ၅၁ ဦးတို့ကို သွေးတိုးရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အရိုး/အကြောရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေထွေ ရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက် ပေးနေမှုများကိုတိုင်းမှူးနှင့် အဖွဲ့ဝင်များက ကြည့်ရှု အားပေးခဲ့ကြောင်းသတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, February 27, 2019

လွိုင်လင်မြို့၊ မိုင်းပွန်မြို့နှင့် ပင်လုံမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

လွိုင်လင်မြို့၊ မိုင်းပွန်မြို့နှင့် ပင်လုံမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၂၆ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ မိုင်းပွန်မြို့နှင့် ပင်လုံမြို့နယ်တို့ရှိ စစ်မှုထမ်း ဟောင်း အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်နှင့်အဖွဲ့ဝင်များက လွိုင်လင် မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တစ်ဦးချင်း တင်ပြချက်များအပေါ်ညှိနှိုင်းဆောင်ရွက်ပေးကာ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။        
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Tuesday, January 22, 2019

ဧရာဝတီတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့နှင့် ကွပ်ကဲမှုအောက် မြို့နယ်(၂၆) မြို့နယ်မှ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌများအား တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေး အဖွဲ့နှင့် ကွပ်ကဲမှုအောက် မြို့နယ်(၂၆) မြို့နယ်မှ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌများအား တွေ့ဆုံ
-
နေပြည်တော် ဇန်နဝါရီ ၂၁
-
ဧရာဝတီတိုင်း ဒေသကြီး၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့နှင့် ကွပ်ကဲမှုအောက် မြို့နယ်(၂၆)မြို့နယ်မှ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌများအား မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်မြဝင်း (အငြိမ်းစား)က ဇန်နဝါရီ ၂ဝ ရက် နံနက်ပိုင်းတွင် ပုသိမ်မြို့၊ တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးရုံး၌ သွားရောက် တွေ့ဆုံသည်။
-
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက ရည်ရွယ်ချက် (၄)ရပ်၊ ရှေ့လုပ်ငန်းစဉ် (၇)ရပ်၊ လုပ်ငန်းကဏ္ဍကြီး(၅) ရပ်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့အထူးညီလာခံ (၂၀၁၈)တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှာကြားချက်များအား ရှင်းလင်းပြောကြားသည်။
-
ထို့နောက် တိုင်းစစ်မှုထမ်းဟောင်း ကြီးကြပ်ရေးဥက္ကဋ္ဌနှင့် မြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, January 9, 2019

တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်ကြည့်ရှု အားပေး

တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား သွားရောက်ကြည့်ရှု အားပေး
-
နေပြည်တော်  ဇန်နဝါရီ  ၈
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ဇန်နဝါရီ ၇ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုကာ တစ်ဦးချင်း ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါးကုသ ပေးထားမှုများနှင့် ကျန်းမာရေးတိုးတက်မှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး  စားသောက်ဖွယ်ရာများ ပေးအပ်သည်။
-
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-                  
 (၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, December 26, 2018

လွိုင်လင်၊ မိုင်းပွန်နှင့် ပင်လုံမြို့နယ် တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ

လွိုင်လင်၊ မိုင်းပွန်နှင့် ပင်လုံမြို့နယ် တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား တွေ့ဆုံ
-
နေပြည်တော်  ဒီဇင်ဘာ  ၂၅ 
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊    လွိုင်လင်၊  မိုင်းပွန်နှင့်ပင်လုံမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင်   အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူးဗိုလ်ချုပ်သန်းလှိုင်နှင့်အဖွဲ့ဝင်များက  သွားရောက် တွေ့ဆုံသည်။ ဦးစွာ တိုင်းမှူးက အမှာစကားပြောကြား သည်။ 
-
ထို့နောက်  တိုင်းမှူးက  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ တင်ပြ ချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, November 28, 2018

မှော်ဘီမြို့နယ်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာတို့၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့် တိုက်/အခန်းသော့များ လွှဲပြောင်း ပေးအပ်

မှော်ဘီမြို့နယ်ရှိ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာတို့၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့် တိုက်/အခန်းသော့များ လွှဲပြောင်း ပေးအပ်
-
နေပြည်တော်  နိုဝင်ဘာ ၂၇ 
-
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(ရန်ကုန်-၁) (မြိုင်သာယာ)နှင့် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(ရန်ကုန်-၂)(ကြက်ဖြူကန်) တို့၌ နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် မိသားစုဝင်များအား အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့်   တိုက်/အခန်းသော့များ လွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မှော်ဘီမြို့နယ်ရှိ တပ်နယ်ခန်းမ၌ပြုလုပ်ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့် အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး အဆင့်မြင့် စစ်မှုထမ်းဟောင်းအိမ်ရာ (ရန်ကုန်-၁)နှင့် (ရန်ကုန်-၂) တွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၁၈၄ ဦးတို့ကို အိမ်ရာနေထိုင်ခွင့် လက်မှတ်နှင့် အခန်းသော့များ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ပြီး ဆောက်လုပ်ရေး ကုမ္ပဏီများမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
-
ဆက်လက်၍ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အိမ်ရာအတွင်း လှည့်လည်ကြည့်ရှု၍ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
-
အဆိုပါ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာများအား နိုင်ငံတော်နှင့် တပ်မတော် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါနှင့် အသက်စွန့််လွှတ်ခဲ့ကြသည့် အရာရှိ၊  စစ်သည်များနှင့် သက်ပြည့်အငြိမ်းစား စစ်မှုထမ်းဟောင်းများအတွက် ဆောက်လုပ်ပေးခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် ဧပြီလအထိ အဆိုပါ အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာများ၌ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့်  တပ်မတော်သား မိသားစုဝင် စုစုပေါင်း ၄၂၆ ဦးထံသို့ နေအိမ်တိုက်ခန်းများ  လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
-
ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က  စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင် စုစုပေါင်း ၁၈၆ ဦးတို့ကို သွေးတိုးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်များက တိုင်းစစ်ဌာနချုပ် စိုက်ပျိုး၊ မွေးမြူရေးခြံများမှ ထွက်ရှိသည့် သန့်ရှင်း လတ်ဆတ်သော အသား၊ငါး၊ ကြက်ဥ၊ နွားနို့နှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သော စားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, November 1, 2018

FOR WAR VETERANS TO ALWAYS BE IMBUED WITH NATIONALISM AND PATRIOTISM DESPITE THEIR OLD AGE WITH PASSAGE OF TIME

For war veterans to always be imbued with nationalism and patriotism despite their old age with passage of time
Na Pyi Taw October 31 
-
Myanmar War Veterans Organi-zation (MWVO) as an auxiliary force of the Tatmadaw is a syste-matically formed organization.
-
They had performed their defence duties conscientiously when they were in service. As the saying that goes by “Once a soldier always a soldier”, war veterans will have to be active in shouldering the duties assigned after following the guidelines of the Tatmadaw. It is especially necessary for them to always be imbued with nationalism and patriotism despite their old age with the passage of time, said Patron of MWVO Commander-in-Chief of Defence Services Senior General Min Aung Hlaing in his speech at the second-day session of the MWVO’s Special Conference (2018) held at the conference hall of the MWVO Headquarters in Dakkhinathiri Township, Nay Pyi Taw Council Area, this morning.
-
The meeting was also attended by Deputy Commander-in-Chief of Defence Services Commander-in-Chief (Army) Vice-Senior General Soe Win, Union Ministers Lt-Gen Sein Win and Lt-Gen Ye Aung, Chief of the General Staff (Army, Navy and Air) General Mya Tun Oo, Commander-in-Chief (Navy) Admiral Tin Aung San, Commander-in-Chief (Air) General Maung Maung Kyaw, senior military officers from the Office of the Commander-in-Chief, MWVO CEC Chairman Maj-Gen Mya Win (Retd) and members, the commander of Nay Pyi Taw Command, chairmen of war veterans supervisory committees, conference delegates and invited guests.
-

Speaking on the occasion, the Senior General said today’s Tatmadaw is the strongest organizationof the State. Meanwhile, the War Veterans Organization as an auxi-liary defence force is formed with experienced war veterans and those showing goodwill towards the State and the people. In various countries, there are armed forces as well as war veterans who have retired for various reasons. An auxiliary defence force must be formed with war veterans who have military vision and follow command and order. In other words, the war veteran organization is not formed for amateurism. But it is an organization officially formed for national defence duties and for the reliance of the State and the Tatmadaw.
-
The war veteran organization is formed with those who have retired from the Tatmadaw after reaching old age as well as those who have retired on health grounds. Like they served in the Tatmadaw, they have now taken over such duties as good soldiers. Now they also need to perform the duties assigned in accord with the seven future tasks adopted by the MWVO conference held in 2016. To implement those future tasks, the CEC needs to continue its functions until success as ongoing short-, mid- and long-term tasks have been in place. It is an honour for a good soldier to be able to perform duties conscientiously. It can cause the best effect on the Tatmadaw and the State. So they must serve their duties assigned conscientiously. For war veterans who will take over duties, they must build a more consolidated unity. Only then, will the war veterans organization, an auxiliary defence force of the country, continue to exist for ever.
-
The Tatmadaw born of people must stand by the people. As the Tatmadaw represents the country,  Myanmar War Veterans Organiza-tion, since it has regular contact with the people, must serve as a bridge between the Tatmadaw and people. War veterans should be careful with their words and actions that can harm Our Three Main National Causes, the national duty. They should bear in mind that their words and actions can have direct impact on the Tatmadaw, which is associated with veterans’ organization. Ours is an independent and sovereign nation. Today, the Tatmadaw is playing its fair share in transforming to modern, developed, multi-party democratic nation according to wishes of people. In so doing, as per the Article 41 of the 2008 Constitution, the foreign policy of the country states that “the Union practises independent, active and non-aligned foreign policy aimed at world peace and friendly relations with nations and upholds the principles of peaceful co-existence among nations.” In addition, the Union always adheres to five principles of peaceful co-existence. The Tatmadaw strictly follows the provisions enacted by the Union. It is everyone’s knowledge that some foreign countries and organizations ignore the soverei-gnty of our country and interfere in internal affairs. Nationalistic and patriotic people in various townships have organized rallies to show opposition against one-sided allegations and interference of some foreign countries and organizations in internal affairs of our country, and to show support for actions of  Tatmadaw. Such rallies showed that they understand the goodwill of Tatmadaw toward the Union and people, and that Tatmadaw and people are on the same side. Such good tradition should be maintained. Rallying for public support is not a thing to be done in times of emergency, but there is a need to take practical step to show our goodwill to the people by continuously engaging with them, and actively participating in public welfare works.
-
The most important thing for the people is self-improvement, and physical well-being. For this purpose, there must be good health and proper nutrition. Therefore, veterans should maintain  a healthy lifestyle while receiving health care services provided by  the Tatmadaw. Similarly, as nutri- tion is important, individuals as  well as the organization as the  whole should farm and breed livestock on a manageable scale  as much as they can. The Tatmadaw battalions and troops will also  give a hand, and there is a need  for cooperation to achieve better results.
-
With globalization process, every country faces challenges in respective fields. All must take part in building a “modern armed forces” to fully protect the country. Tatmadaw alone cannot build modern armed forces, and public support is critically important. He urged them to contribute to development of their respective regions as much as they can as Tatmadawmen, being the members of Tatmadaw, are always ready to sacrifice life and limb to protect  the people and the country and have discharged this duty in any party of the country assigned.
-
The Senior General then cordially greeted war veterans present at the ceremony and posed for documentary photo together with central executive committee mem-bers of Myanmar War Veterans Organization. 
-
#မြ၀တီနေ့စဉ်သတင်းစာ

အချိန်ကာလအလျောက် အသက်အရွယ်များကြီးရင့်လာသော်လည်း မိမိတို့၏ အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ် ရှင်သန်လျက်ရှိရန် အထူးလိုအပ်

အချိန်ကာလအလျောက် အသက်အရွယ်များကြီးရင့်လာသော်လည်း မိမိတို့၏ အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ် ရှင်သန်လျက်ရှိရန် အထူးလိုအပ်
နေပြည်တော်၊ အောက်တိုဘာ - ၃၁
-
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့သည် တပ်မတော်၏ ကာကွယ်ရေးအရန် အင်အားစုကြီး ဖြစ်သည်နှင့် အညီ စနစ်တကျဖွဲ့စည်း တည်ဆောက်ထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ တပ်မတော်၌ တာဝန်ထမ်းဆောင်စဉ်ကလည်း ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသကဲ့သို့ တပ်မတော်မှ အငြိမ်းစားယူခဲ့ကြသော်လည်း Once  a  soldier  always   a   soldier "တစ်ခါ စစ်သားဖြစ်ခဲ့ဖူးပါက အမြဲတမ်းစစ်သားပဲ" ဆိုသည့် စကားအတိုင်း မိမိတို့အနေဖြင့် တပ်မတော်၏ လမ်းညွှန်မှုများကို ခံယူပြီး ပေးအပ်သည့် တာဝန်များကို နိုးကြားတက်ကြွစွာ ထမ်းဆောင် ကြရမှာဖြစ်ကြောင်း၊ အချိန်ကာလအလျောက် အသက်အရွယ်များ ကြီးရင့်လာသော်လည်း မိမိတို့၏ အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်များ ထာဝစဉ်ရှင်သန်လျက်ရှိရန် အထူးလိုအပ်ကြောင်းဖြင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့ နာယက၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရှိ ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂၀၁၈) ဒုတိယနေ့ အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
-


အဆိုပါအစည်းအဝေးသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ ဗဟိုအမှုဆောင် အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ် မြ၀င်း(အငြိမ်းစား) နှင့်အဖွဲ့ဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့အထူး ညီလာခံ(၂၀၁၈)သို့ တက်ရောက် လာကြသည့် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ညီလာခံကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ကြသည်။
-


ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း အဖွဲ့နာယက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားရာတွင် ယနေ့ တပ်မတော်သည် နိုင်ငံတော်၏အခိုင်အမာဆုံး သောအဖွဲ့အစည်း တစ်ခုဖြစ်သကဲ့သို့ စစ်မှုထမ်းဟောင်း အဖွဲ့သည်လည်း ကာကွယ်ရေးအရန် အင်အားစုဖြစ်သည်နှင့်အညီ အတွေ့အကြုံ ရင့်ကျက်သူများ၊ နိုင်ငံတော်နှင့်ပြည်သူလူထုအပေါ် ခိုင်မာသည့်စိတ်ရင်း စေတနာကောင်းများရှိပြီး ဖြစ်သူများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်သည့် တပ်မတော် တစ်ရပ် ရှိသကဲ့သို့ အကြောင်းအမျိုးမျိုးဖြင့် တပ်မတော် တာဝန်များ ပြီးဆုံးကြချိန်တွင် စစ်မှုထမ်း ဟောင်းများလည်း ရှိကြမြဲဖြစ်ကြောင်း၊ ကာကွယ်ရေးအရန် အင်အားစုကို တည်ဆောက်ရာတွင် စစ်မှုရေးရာ အတတ်ပညာနှင့် စစ်ရေးအမြင်ရှိမှု၊ အမိန့်နာခံတတ်မှုများ ပြည့်ဝပြီးဖြစ်သည့် စစ်မှုထမ်း ဟောင်းများဖြင့် သန္ဓေတည်တည်ဆောက်ရမှာ ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် စစ်မှုထမ်းဟောင်း အဖွဲ့ဆိုသည်မှာ ကာကွယ်ရေးအတွက် အပျော်တမ်းဖွဲ့စည်းထားသည့် အဖွဲ့အစည်း မဟုတ်ဘဲ နိုင်ငံတော်ကာကွယ်ရေးအတွက် တရားဝင် ဖွဲ့စည်းထားသည့် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားထားရသည့် အဖွဲ့အစည်းပင် ဖြစ်ကြောင်း ပြောကြားသည်။
-


ထို့နောက် စစ်မှုထမ်းဟောင်းအဖွဲ့ဆိုသည်မှာ တပ်မတော်တွင် သက်ပြည့်ဖြင့်  တာဝန်များ ထမ်းဆောင်ပြီး၍သော်လည်းကောင်း၊ ကျန်းမာရေးကြောင့် သော်လည်းကောင်း အသီးသီးပါဝင် စစ်မှုထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားရှိခြင်းဖြစ်ပြီး  တပ်မတော်၌ တာဝန် ထမ်းဆောင်စဉ်က အတိုင်း ပေးအပ်သည့် တာဝန်များကို  စစ်သားကောင်းပီသစွာဖြင့် ပခုံးပြောင်းယူခဲ့၊ ဆက်လက်တာဝန် ထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း၊ ပခုံးပြောင်းတာဝန်များကို ဆက်လက် ထမ်းဆောင်ကြမည့်သူများကလည်း  ၂၀၁၆ ခုနှစ်တွင်ကျင်းပခဲ့သည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ညီလာခံကချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၇) ရပ်နှင့် အတူပေးအပ်လာသည့် မိမိတို့၏ တာဝန်များကို  ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားလိုကြောင်း၊ ချမှတ်ခဲ့သည့်  ရှေ့လုပ်ငန်းစဉ်များကို  အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ဗဟိုအမှုဆောင် အဖွဲ့အနေဖြင့် ဆောင်ရွက် နေဆဲဖြစ်သည့် ကာလတို လုပ်ငန်း၊ ကြားကာလလုပ်ငန်း၊ ရေရှည်လုပ်ငန်းတို့ကို  စနစ်တကျလွှဲပြောင်းလက်ခံပြီးဖြစ်သဖြင့် အောင်မြင်အောင်ဆက်လက် အကောင် အထည်ဖော်ကြရန်မှာ ကြားလိုကြောင်း၊ ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်းသည် စစ်သားကောင်း တစ်ယောက်အတွက်  ဂုဏ်ဒြပ်ဖြစ်သကဲ့သို့ မိမိတို့တပ်မတော်နှင့် နိုင်ငံတော်အတွက် အကောင်းဆုံးသော သက်ရောက်မှုကို ဖြစ်စေ ကြောင်း၊ ထို့ကြောင့်မိမိတို့အပေါ် ပေးအပ်လာသည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်နှင့် ပခုံးပြောင်းတာဝန်များကို လွှဲပြောင်းယူကြမည့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ အနေဖြင့်လည်း ပိုမိုကျစ်လျစ်ခိုင်မာသည့် စည်းလုံးညီညွတ်မှုကို တည်ဆောက် နိုင်ရန်လိုအပ်ကြောင်း၊ သို့မှသာ ကာကွယ်ရေး အရန်အ င်အားဖြစ်သည့် စစ်မှုထမ်းဟောင်း အဖွဲ့ဆိုတာ အစဉ်တည်တံ့နေမှာပဲ ဖြစ်ကြောင်း ပြောကြားသည်။
-


ဆက်လက်ပြီး တပ်မတော်သည်ပြည်သူကပေါက်ဖွားလာသည့် တပ်မတော် ဖြစ်သည်နှင့်အညီ ပြည်သူနှင့်တစ်သားတည်းရှိနေရန်လိုအပ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကိုကိုယ်စားပြု သကဲ့သို့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့သည်လည်း ပြည်သူများနှင့် အမြဲထိတွေ့မှု ရှိနေသည့် အတွက် တပ်မတော်နှင့် ပြည်သူအကြား ပေါင်းကူး တံတားသဖွယ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ အမျိုးသားရေး တာဝန်ဖြစ်သည့်  ဒို့တာဝန် အရေးသုံးပါးကို ထိပါးစေမယ့် အပြောအဆိုအပြုအမူများကို သတိပြုကြရန်နှင့်  မိမိ၏ အပြုအမူ အပြောအဆိုသည် မိမိအဖွဲ့အစည်းနှင့် တစ်ဆက်တစ်စပ်တည်း ဖြစ်သည့် တပ်မတော်ကိုပါ တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေသည်ကိုလည်း နှလုံးသွင်း ထားကြရန် လိုအပ်ကြောင်း၊  မိမိတို့နိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင် သည့် နိုင်ငံတစ်ခုဖြစ် ကြောင်း၊ ယခုအခါ ပြည်သူ့ဆန္ဒနဲ့ အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ပါတီစုံ ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းလျက်ရှိရာတွင် တပ်မတော်အနေဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင်လျက်ရှိကြောင်း၊ ထိုသို့လျှောက်လှမ်းရာတွင် ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၁ ပြဋ္ဌာန်းချက်အတိုင်း နိုင်ငံခြားရေး မူဝါဒဖြစ်သည့် "နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး  ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကိုကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်" ဟု အတိအလင်းပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာဆက်ဆံရေးတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီး(၅)ရပ်ကို အစဉ်လေးစား လိုက်နာလျက်ရှိကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် ပြဋ္ဌာန်းချက်များကို တပ်မတော်အနေဖြင့် တစ်သဝေမတိမ်း တိကျစွာလိုက်နာလျက်ရှိကြောင်း၊ သို့သော်ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်း အချို့သည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုပြီး ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်လျက် ရှိသည်ကိုလည်း အားလုံးအသိပင်ဖြစ်ကြောင်း၊ ထိုသို့ပြည်ပနိုင်ငံအချို့၊ အဖွဲ့အစည်း အချို့က မိမိတို့နိုင်ငံ၏ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်ပြီး တစ်ဖက်သတ်ပုတ်ခတ်မှုများကို အမြို့မြို့အနယ်နယ်တွင်ရှိသည့် အမျိုးသားရေးနှင့် မျိုးချစ်စိတ်ဓာတ်ထက်သန်သည့် ပြည်သူများက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာ ထိပါးမှုကိုဆန့်ကျင်ပြီး တပ်မတော်၏ဆောင်ရွက်ချက်များအပေါ် ထောက်ခံပွဲများ ပြုလုပ်နေသည်ကိုတွေ့ရကြောင်း၊ အဆိုပါဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့် ပြည်သူအပေါ်ထားရှိသည့် တပ်မတော်၏ စစ်မှန်သော သဘောထားများ ကိုသိရှိပြီး တပ်မတော်နှင့် ပြည်သူတစ်သားတည်းရှိသည်ဆိုသည့် ပြယုဂ်ပင်ဖြစ်ကြောင်း၊ ဒီလိုအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ စည်းရုံးရေး ဆိုသည်မှာ အရေးပေါ်မှထလုပ်ရသည့် ဆောင်ရွက်မှုမျိုးမဟုတ်ဘဲ မပြတ်ထိတွေ့ပြီး ပြည်သူများ၏ အကျိုးပြုလုပ်ငန်းများကို စိတ်အား ထက်သန်စွာသယ်ပိုးရင်း နိုင်ငံတော်နှင့် ပြည်သူလူထုအပေါ်ထားရှိသည့် မိမိတို့၏သဘောထားများကို သိရှိအောင် လက်တွေ့ ကျကျ လုပ်ဆောင်ရမည်ဖြစ်ကြောင်းမှာကြားသည်။
-
ယင်းနောက် လူတို့အတွက်အရေးအကြီးဆုံးသည် မိမိတို့ဘ၀တိုးတက်ရေး၊ ကျန်းမာကြံ့ခိုင်စွာဖြင့် ရှင်သန်ရပ်တည်ရေးပင်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်ပြီး ရှင်သန်ရပ်တည်နိုင်ရန်အတွက် ကျန်းမာရေး ကောင်းမွန်မှုနှင့် လုံလောက်သောအာဟာရ စားသုံးနိုင်မှုကို ရရှိအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်မိမိတို့အနေဖြင့် တပ်မတော်ကဆောင်ရွက်ပေးလျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု များကို ခံယူသည့် အပြင်ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုများကိုလိုက်နာကြစေလို ကြောင်း၊ ထို့အတူစားရေးသည်လည်းအရေးကြီးသည့်အတွက် ယနေ့အချိန်တွင် မိမိတို့ နယ်မြေ အလိုက် တစ်ဦးချင်းတစ်ပိုင်တစ်နိုင်စိုက်ပျိုးမွေးမြူရေးကို တတ်နိုင်သမျှ ပြုလုပ်ကြပြီး အဖွဲ့အစည်း အနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးကို တတ်နိုင်သလောက် လုပ်ဆောင်ကြရန်လိုကြောင်း၊ တပ်မတော်မှတပ်ရင်း၊ တပ်ဖွဲ့များကလည်းတစ်ဖက် တစ်လမ်းမှ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်သည့်အတွက် ပိုမိုပြည့်စုံအောင်ပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်းမှာကြားသည်။
-


ထို့နောက် ယခုအခါကမ္ဘာကြီး၏ပြောင်းလဲတိုးတက်မှုများနှင့်အတူ နယ်ပယ် အသီးသီးတွင် စိန်ခေါ်မှုများကို နိုင်ငံအသီးသီး ရင်ဆိုင်နေကြရကြောင်း၊ နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ်နိုင်ရန် အတွက် "ခေတ်မီတပ်မတော်" တစ်ရပ် တည်ထောင်ကြရာတွင်လည်း အားလုံးကပါဝင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ခေတ်မီတပ်မတော် တစ်ရပ် တည်ဆောက်ရာတွင်လည်း တပ်မတော် တစ်ရပ်တည်း တည်ဆောက်၍ မရနိုင်သောကြောင့် ပြည်သူလူထု၏ အားပေးထောက်ခံမှု အထူးလိုအပ်ကြောင်း၊ မိမိတို့ အနေဖြင့် တပ်မတော်သားများပီပီ စွန့်လွှတ်စွန့်စားတာဝန်ထမ်းဆောင်မှု၊ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေး တာဝန်ထမ်းဆောင်မှု၊ အရိုးကြေကြေ အရေခမ်းခမ်းပေးအပ် သည့် တာဝန်များကို  နေရာမရွေး တာဝန်ထမ်းဆောင်ခဲ့ကြသကဲ့သို့ ယခုအခါတွင်လည်း မိမိတို့နေရာ ဒေသအသီးသီး၏ ဖွံ့ဖြိုးရေးအထောက်အကူပြုလုပ်ငန်းများကို တတ်စွမ်းနိုင်သရွေ့ ဆောင်ရွက် ပေးကြရန် အလေးအနက် တိုက်တွန်းကြောင်း မှာကြားသည်။
-
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်အခမ်းအနား တက်ရောက်လာကြသည့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီနှီး လိုက်လံနှုတ်ဆက်ပြီး မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင် စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, October 31, 2018

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)နှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)နှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ
နေပြည်တော်  အောက်တိုဘာ   ၃ဝ
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)နှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၂၉ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်၌ ပြုလုပ်သည်။
-
အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဗဟိုကောင်စီ နှစ်ပတ်လည်အစည်းအဝေး ပြုလုပ်ခဲ့ပြီး ၂ဝ၁၆-၂ဝ၁၈ ကာလအတွက် ဗဟိုအမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို တင်သွင်းအတည်ပြုခြင်း၊ ၂ဝ၁၈-၂ဝ၁၉ ရသုံးမှန်းခြေငွေစာရင်း တင်ပြအတည်ပြုခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့က စာတမ်းတင်သွင်းခြင်း၊ လစ်လပ်သွားသော ဗဟိုအမှုဆောင် တာဝန်နေရာများကို တင်ပြမှတ်တမ်းတင်ခြင်း၊ ထပ်တိုးရွေးချယ်မည့် ဗဟိုကောင်စီဝင် ၄၉ ဦးနှင့် ဗဟိုအမှုဆောင် အဖွဲ့ဝင်ရှစ်ဦး  လျာထားချက်ကို တင်ပြအတည်ပြုခြင်းတို့ ပြုလုပ်ခဲ့ကြသည်။  အစည်းအဝေးသို့ ဗဟိုကောင်စီဝင် ၂၆ ဦးတက်ရောက်ခဲ့ကြသည်။
-
ယနေ့တွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈) ပထမနေ့အစီအစဉ်ကို နံနက် ၈ နာရီတွင် စတင်ပြုလုပ်ပြီး ညီလာခံပထမနေ့ (ပထမပိုင်း) အစီအစဉ်တွင် ဗဟိုကောင်စီ၏ အစီရင်ခံစာကို တင်သွင်းခြင်း၊ ဗဟိုအမှုဆောင်အဖွဲ့၏ စာတမ်းကို ဖတ်ကြားတင်သွင်းခြင်း၊ လစ်လပ်သွားသော ဗဟိုအမှုဆောင်အဖွဲ့နေရာများ တင်ပြခြင်း၊ ထပ်တိုးရွေးကောက် တင်မြှောက်ရန် လျာထားပြီး ဗဟိုကောင်စီဝင်လောင်း   အမည်စာရင်းကြေညာခြင်း၊ ရွေးကောက်တင်မြှောက်ရာတွင် ထားရှိရမည့် သဘောထားများနှင့် မဲပေးပုံစနစ် ရှင်းလင်းတင်ပြခြင်းတို့ ပြုလုပ်ကြသည်။ ထို့နောက် လျှို့ဝှက်မဲဆန္ဒပေး၍ ဗဟိုကောင်စီဝင် ၄၉ ဦးကိုရွေးချယ်ခဲ့ကြပြီး ရွေးကောက် တင်မြှောက်ခံဗဟိုကောင်စီဝင် ၄၉ ဦးက ကတိသစ္စာပြုကာ အစည်းအဝေး ပထမပိုင်း အစီအစဉ်ကို ရပ်နားခဲ့သည်။
-
အထူးညီလာခံ(၂ဝ၁၈)အစည်းအဝေး ရပ်နားနေစဉ် အချိန်အတွင်း ဗဟိုကောင်စီ  ပထမအကြိမ် အစည်းအဝေး ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ထပ်တိုးရွေးကောက် တင်မြှောက်ခဲ့သော ဗဟိုကောင်စီဝင်များ အပါအဝင် ဗဟိုကောင်စီဝင် ၆၆ ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ပေးအပ်သော အရာရှိငါးဦး၊ စုစုပေါင်း ဗဟိုကော်မတီဝင် ၇၁ ဦးတို့တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် လစ်လပ်လျက်ရှိသော ဗဟိုအမှုဆောင်အဖွဲ့ဝင်ရှစ်ဦးကို ဆန္ဒမဲပေး၍ ရွေးကောက် တင်မြှောက်ကြသည်။
-

ဆက်လက်၍ ဗဟိုအမှုဆောင်အဖွဲ့ အစည်းအဝေး ပြုလုပ်ရာ အစည်းအဝေးတွင် လစ်လပ်နေသော ဥက္ကဋ္ဌနှင့် စစ်ဆေးရေးမှူးနေရာများအတွက်   ဗိုလ်ချုပ်မြဝင်း (အငြိမ်းစား)နှင့် ဗိုလ်မှူးချုပ်ကိုကိုဝင်း(အငြိမ်းစား)တို့ကို မဲပေးရွေးချယ်ခဲ့ကြသည်။
-
အထူးညီလာခံ(၂ဝ၁၈)ပထမနေ့ (ဒုတိယပိုင်း) အစီအစဉ်ကို  ပြန်လည်ပြုလုပ်ခဲ့ရာ အစည်းအဝေးတွင်  ဗဟိုရွေးကောက်ပွဲကြီးကြပ်ရေး ကော်မတီက ရွေးကောက် တင်မြှောက်ခြင်းခံရသော    ဗဟိုအမှုဆောင် အဖွဲ့ဝင် ရှစ်ဦး အပါအဝင် ဗဟိုအမှုဆောင် အဖွဲ့ဝင် ၃၄ ဦးစာရင်းကို တာဝန်နေရာများနှင့် တကွ ဖတ်ကြားတင်ပြပြီး အထူးညီလာခံ ပထမနေ့အစီအစဉ်ကို ရပ်နားခဲ့သည်။
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ (၂ဝ၁၈)သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ၂၁ ဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ ၃ဝ၈ ဖွဲ့တို့မှ ကိုယ်စားလှယ် ၃၇၈ ဦး တက်ရောက်ခဲ့ကြသည်။ အထူးညီလာခံ(၂ဝ၁၈)ဒုတိယနေ့ အစီအစဉ်ကို အောက်တိုဘာ ၃၁ ရက်တွင် ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

Friday, March 24, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်းကျေးရွာ သို့သွားရောက် ကြည့်ရှုစစ်ဆေး


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ရန်ကုန်တိုင်းစစ်ဌာနချုပ် 
တိုင်းမှူးက စစ်မှုထမ်းဟောင်းကျေးရွာ တည်ဆောက်ထားမှု အခြေအနေ များနှင့် အမှတ်(၁)
 စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တည်ဆောက်ရန် 
လျာထားဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြစဉ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင်များ 
စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၄-၃-၂၀၁၇

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက် ၁ဝ နာရီခွဲတွင် ရန်ကုန်တပ်နယ်ရှိ မြန်မာ့သားကောင်း စစ်မှုထမ်းဟောင်း ကျေးရွာသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက စစ်မှုထမ်းဟောင်း ကျေးရွာ တည်ဆောက် ထားရှိမှု အခြေအနေများ နှင့် အမှတ်(၁) စစ်မှုထမ်းဟောင်း အိမ်ရာ (လေးထောင့်ကန်) တည်ဆောက်ရန် လျာထား ဆောင်ရွက်နေမှု အခြေအနေ များအား ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က စစ်မှုထမ်းဟောင်း အိမ်ရာများ ဆောက်လုပ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး စခန်းများ၊ အသေးစား စက်မှုလုပ်ငန်း များနှင့် အထည်ချုပ်စက်ရုံ ကဲ့သို့ လုပ်ငန်းများအား အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် ပေးခြင်းအားဖြင့် စစ်မှုထမ်းဟောင်း အိမ်ရာများတွင် နေထိုင်ကြမည့် စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင် များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရုံသာမက ဒေသဖွံ့ဖြိုးမှုကိုပါ အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်း အိမ်ရာတွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းများ အတွက် လိုအပ်သည့် ရေ၊ မီးဆိုင်ရာ လိုအပ်ချက်များကိုပါ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ အိမ်ရာ ပတ်ဝန်းကျင်နှင့် လမ်းဘေးဝဲယာများ တွင်လည်း အရိပ်ရ လေကာပင်များ စိုက်ပျိုးပေးရန် လိုအပ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး စစ်မှုထမ်းဟောင်း ကျေးရွာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Tuesday, October 11, 2016

အာဆီယံနိုင်ငံများ စစ်မှုထမ်းဟောင်းအဖွဲ့ (၁၆)ကြိမ်မြောက် အထွေထွေညီလာခံ နှင့် (၂၉)ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးများ တက်ရောက်ခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ


မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး 
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် 
တပ်မတော် အရာရှိကြီး များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၁-၁၀-၂၀၁၆

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ၊ ဘန်ဒါဆရီ ဘီဂါဝန်မြို့ တွင် ကျင်းပ ပြုလုပ်သည့် အာဆီယံ နိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ (VECONAC) ၏ (၁၆)ကြိမ်မြောက် အထွေထွေ ညီလာခံနှင့် (၂၉)ကြိမ်မြောက် အလုပ် အမှုဆောင်အဖွဲ့ အစည်းအဝေးများ တက်ရောက်ခဲ့ပြီး ယမန်နေ့ နေ့လယ်ပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။

ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိ သူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် ၌ ကြိုဆို နှုတ်ဆက်ကြသည်။ အဆိုပါ ခရီးစဉ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် အတူ အဖွဲ့ဝင်အဖြစ် လိုက်ပါသွား ကြသည့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော် အရာရှိကြီး များနှင့် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီမှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါ လာကြသည်။

ဘရူနိုင်း ဒါရုဆလမ် နိုင်ငံတွင် ကျင်းပပြုလုပ်သည့် အာဆီယံ နိုင်ငံများ စစ်မှုထမ်းဟောင်း အဖွဲ့ (VECONAC)၏ (၁၆)ကြိမ်မြောက် အထွေထွေ ညီလာခံနှင့် (၂၉)ကြိမ်မြောက် အလုပ်အမှုဆောင် အဖွဲ့ အစည်းအဝေး များကို အောက်တိုဘာ ၆ ရက်မှ ၉ ရက်ထိ ပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟို စည်းရုံးရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အာဆီယံ နိုင်ငံများ၏ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌအဖြစ် အလှည့်ကျ ဆက်လက် တာဝန် ထမ်းဆောင်မည့် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ MAJ GEN (R) PEHIN DATO HAJI SHARI ထံသို့ တာဝန် ဝတ္တရားများ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၆)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger