www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ပြည်သူ့အကျိုးပြု. Show all posts
Showing posts with label ပြည်သူ့အကျိုးပြု. Show all posts

Friday, August 24, 2018

ရှေးဟောင်းမကျီးတော ဘုန်းတော်ကြီးကျောင်း ပြုပြင်ထိန်းသိမ်းရန်လို



မကွေး ၂၄-၈-၂ဝ၁၈

ရေနံချောင်း၊ နတ်မောက်နှင့် နေပြည်တော် လမ်းခွဲများဆုံရာ ကန်ပြားကျေးရွာတွင် ရှေးဟောင်း လက်ရာများဖြင့် ဆောက်လုပ်ထားသော ဘုံသုံးဆင့် နှစ်ဆောင်ခွဲ ရှေးဟောင်းမကျီးတော ဘုန်းတော်ကြီးကျောင်းမှာ ယိုယွင်းပျက်စီး နေပြီဖြစ်၍ အချိန်မီပြုပြင် ထိန်းသိမ်းသင့်ကြောင်း အဆိုပါကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တတေဇနိယထံမှ သိရသည်။

ကန်ပြားကျေးရွာ၌ သမိုင်းအမွေအနှစ်များ ထိန်းသိမ်းထားရာ မကျီးတော ဘုန်းတော်ကြီးကျောင်း တည်ရှိပြီး သက်တမ်း ၂ဝ၅ နှစ်ရှိ ဘုန်းတော်ကြီးကျောင်းမှာ ယိုယွင်းနေပြီ ဖြစ်သည့်အတွက် ပြင်ဆင်ထိန်းသိမ်းခြင်းများ ပြုလုပ်ရန် လိုအပ်နေကြောင်း သိရသည်။

"ဥသြတွန်မည်"ဟူသော စာအမှတ်အသားအရ ဘုန်းတော်ကြီးကျောင်းကို မြန်မာသက္ကရာဇ် ၁၁၇၅ ခုနှစ်က တည်ဆောက်ခဲ့ပြီး တိုင်ပေါင်း ၉၇ လုံး၊ ကျောင်းဆောင်ခုနစ်ဆောင်၊ အမိုးဘုံသုံးဆင့်ဖြင့် တည်ဆောက်ထားသည့် ဘုန်းတော်ကြီး ကျောင်းဖြစ်ကြောင်း၊ အဆိုပါ ကျောင်းတွင် မင်းတုန်းမင်းလက်ထက် သိမ်အလှူ စာချွန်တော်များ၊ ရွှေပေလွှာများ၊ မကျီးစေ့၊ ကမ္မဝါများ၊ ရှေးဟောင်း ကြွေအိုးများ၊ ပေစာ၊ပုရပိုက်သိမ်းသည့် စာတိုက်နှင့် သံဃာတော်သုံး ရှေးဟောင်းကုဋီများကို လေ့လာတွေ့ရှိ နိုင်ကြောင်း သိရသည်။

"ဒီနေရာက ကန်ပြားကျေးရွာ မတည်ခင်ကတည်းက ရှေးဘုရင် တွေလက်ထက် မင်းမိန့်စာ ချွန်လွှာတွေ၊ အမိန့်ပြန်တမ်းတွေ ဖြန့်ဝေတဲ့စီရင်စု ဖြစ်ခဲ့ဖူးတဲ့နေရာပါ။ ဘုန်းတော်ကြီးကျောင်းက ရှေးနှစ်ပေါင်း ၂ဝဝ လောက်က တည်းက ရှိခဲ့တဲ့ကျောင်းပါ။ လက်ရှိက ဒုတိယအကြိမ် ပြုပြင်ထိန်းသိမ်း ထားတာပါ။ စဆောက်တုန်းကတော့ ခေါင်မိုးကို ပေပြင်ကြီးတွေနဲ့ မိုးခဲ့ကြတာပါ။ ခေတ်ကာလအရ ပျက်စီးယိုယွင်း လာလို့ဘုံသုံးဆင့်အမိုးကို သွပ်နဲ့ပဲ ပြန်မိုးလိုက်ရတယ်" ဟု မကျီးတောကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တတေဇနိယက မြွက်ကြားသည်။

ထိုသို့ပြုပြင်ရာတွင် ကျေးရွာဒေသခံများ၏ စီးပွားရေး အခြေအနေအရ ပြည့်စုံအောင် တတ်နိုင်သည့် နေအထားမရှိကြောင်း ၎င်းက ဆက်လက် မြွက်ကြား၍ သိရသည်။

#Themyawadydaily

Wednesday, April 19, 2017

ဟင်္သာတမြို့နယ် ၊ ဥယျာဉ်စုကျေးရွာရှိ လေဘေးသင့်ပြည်သူများနှင့် ပုသိမ်-ငရုတ်ကောင်း - ဂေါ်ရင်ဂျီကျွန်းသွား ကားလမ်း လမ်းချော်မှုတို့အား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်


နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက ပုသိမ်-ငရုတ်ကောင်း- ဂေါ်ရင်ဂျီကျွန်း 
သွားကားလမ်း လမ်းချော်မှုအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၁၉-၄-၂၀၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အတွင်း ဧပြီ ၁၆ ရက် ညနေပိုင်းတွင် လေပြင်း တိုက်ခတ်မှုများကြောင့် ပဲကြီးကျွန်းအုပ်စု၊ ဥယျာဉ်စုကျေးရွာ ရှိ လူနေအိမ် ငါးလုံးနှင့် ဝိဇိတရာမ ဘုန်းတော်ကြီးကျောင်း မှ ဓမ္မာရုံတို့၌ အမိုးများပျက်စီး ခဲ့ပြီး နေအိမ်တစ်လုံးပေါ်သို့ ကုက္ကိုပင် လဲကျသဖြင့် အိမ်ပိုင်ရှင်တစ်ဦး သစ်ကိုင်းပိ သေဆုံးခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါနေရာသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ လေပြင်းတိုက်ခတ်မှု ကြောင့် ပျက်စီးသွားသည့် ဘုန်းတော်ကြီးကျောင်း နှင့် နေအိမ်အမိုးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လမ်းပိတ်လျက်ရှိသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ပျက်စီးသွားသည့် နေအိမ် များမှ မိသားစုများအား နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ကူညီရွှေ့ပြောင်း ပေးခြင်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် လေဘေးသင့် ပြည်သူများအား နယ်မြေခံ တပ်မတော်သားများက ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာ များနှင့် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းပြီး ဒေသခံပြည်သူ များအား တိုင်းစစ်ဌာနချုပ် နယ်လှည့် ဆေးကုသရေးအဖွဲ့ က လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

အလားတူ ငရုတ်ကောင်းမြို့နယ် အတွင်း ဧပြီ ၁၆ ရက် ညနေပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ကြွေချိုင့်ကျေးရွာ အနီးရှိ ပုသိမ်- ငရုတ်ကောင်း- ဂေါ်ရင်ဂျီကျွန်း သွားကားလမ်း ချော်ကာ မော်တော်ယာဉ် ၄၂ စီးခန့် ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါနေရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ရွှံ့စေးမြေများ ခြစ်ထုတ်ခြင်း၊ ကျောက်များခင်း၍ မြေသားထည့်ခြင်းများ ဆောင်ရွက်ပေးရာ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲ ခန့်တွင် လမ်းချော်နေသည့် မော်တော်ယာဉ် ၁၁ စီးနှင့် ညနေ ၃ နာရီခန့်တွင် မော်တော်ယာဉ် ၃၁ စီးတို့သည် အဆိုပါနေရာမှ ဆက်လက် ထွက်ခွာနိုင် ခဲ့ကြောင်းနှင့် ငရုတ်ကောင်းတောင် နှင့် ဂေါ်ရင်ဂျီကျွန်းသွား ကားလမ်းတစ်လျှောက် တွင် ရပ်တန့်ပိတ်ဆို့ နေသော ခရီးသွားယာဉ်များ မရှိတော့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Monday, April 10, 2017

တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) ဒေသခံပြည်သူ ၅၀၃၈၆ ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့


တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိစဉ်

တပ်မတော် ပင်လယ်သွားဆေးရုံသင်္ဘော (သံလွင်) မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့အား 
တပ်မတော်(ရေ)မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများက ကြိုဆိုကြစဉ်

နေပြည်တော် ၊ ၁၀-၄-၂၀၁၇

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ကိုကိုးကျွန်းမြို့၊ ဟိုင်းကြီးကျွန်းမြို့ နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည် မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၇၆၈ ဦး၊ ခွဲစိတ်ရောဂါ ၄ဝ၃ ဦး၊ ကလေးရောဂါ ၃၇၁ ဦး၊ သားဖွား/မီးယပ် ရောဂါ ၂၈၂ ဦး၊ အရိုးရောဂါ ၁၁၂၂ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၃ဝ၁ ဦး၊ မျက်စိရောဂါ ၉၁ဝ ဦးနှင့် သွားရောဂါ ၃၉၉ ဦး စုစုပေါင်း ဒေသခံပြည်သူ ၅၅၅၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိ ခွဲစိတ်လူနာ ၅၇ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၆၃ ဦးတို့ကို ဆေးရုံသင်္ဘော (သံလွင်)ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၃၈၁ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃ဝ၃ ဦးတို့ကို ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထို့ပြင် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၄၆ ဦးအား ဆေးရုံသင်္ဘော (သံလွင်)ပေါ်တွင် ဆေးရုံတင် ကုသပေးပြီး ဆေးရုံလွှဲပြောင်း ကုသရန် လိုအပ်သော လူနာ ၃၉ ဦးအား သက်ဆိုင်ရာ မြို့များရှိ တပ်မတော်ဆေးရုံ များသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ၂ဝ၁၆ ခုနှစ်မှစ၍ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိရာ ယခု သွားရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်သည် ဆဋ္ဌမ အကြိမ်မြောက် ဖြစ်ပြီး ပထမအကြိမ် အဖြစ် ကိုကိုးကျွန်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့၊ ဒုတိယအကြိမ် အဖြစ် ရခိုင် ကမ်းရိုးတန်းဒေသ၊ တတိယအကြိမ် နှင့် စတုတ္ထအကြိမ် အဖြစ် တနင်္သာရီ ကမ်းရိုးတန်းဒေသ၊ ပဉ္စမအကြိမ် အဖြစ် ရခိုင်ကမ်းရိုးတန်း ဒေသနှင့် ဟိုင်းကြီးကျွန်း မြို့များသို့ သွားရောက်၍ ဒေသခံပြည်သူများ စုစုပေါင်း ၅ဝ၃၈၆ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး  နိုင်ခဲ့ပြီး ဆေးရုံသင်္ဘော ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင် မိခင်ခုနစ်ဦးအား အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့သည်။

အလားတူ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) ပေါ်၌လည်း ၂ဝ၁၇ ခုနှစ်အတွင်း ကိုယ်ဝန်ဆောင် မိခင်နှစ်ဦးအား အောင်မြင်စွာ မွေးဖွားပေး နိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, April 7, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က
 ဒေသခံပြည်သူတစ်ဦးအား ခွဲစိတ်ကုသပေးစဉ်

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)မှ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့က
 ဒေသခံပြည်သူတစ်ဦးအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၇-၄-၂၀၁၇

ကိုကိုးကျွန်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယမန်နေ့တွင် ငပုတောမြို့နယ်၊ ချောင်းဝကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၆၅၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက် ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၄၁၆ ဦး၊ ခွဲစိတ်ရောဂါ ၁၁၅ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၉၇ ဦး၊ ကလေးရောဂါ ၁၅၄ ဦး၊ အရိုးရောဂါ ၃၂၈ ဦး၊ နား/ နှာခေါင်း/ လည်ချောင်း ရောဂါ ၈၈ ဦး၊ မျက်စိရောဂါ ၃၂၈ ဦးနှင့် သွားရောဂါ ၁၃၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ် လူနာ ၂၇ ဦး၊ သွား ခွဲစိတ်လူနာ ၆ဝ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၈ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၇၄ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၇ ဦးတို့ကို ရောဂါရှာဖွေခြင်း များဆောင်ရွက် ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၂ဝ ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးကာ ဆေးရုံတက်ရောက် ကုသရန် လိုအပ်သော လူနာ ၃၁ ဦးကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံ များသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Thursday, April 6, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ငပုတောမြို့နယ်အတွင်းရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆက်လက်ဆောင်ရွက်


တပ်မတော်ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့က မျက်စိလူနာတစ်ဦးအားကုသပေးစဉ်။

တပ်မတော်ပင်လယ်သွားဆေးရုံသင်္ဘော(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၆-၄-၂၀၁၇

ကိုကိုးကျွန်းမြို့၊ ဟိုင်းကြီးကျွန်းမြို့နှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ဒေသခံပြည် သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် ဧပြီ ၄ ရက်နှင့် ယနေ့တို့တွင် ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာနှင့် ချောင်းဝကျေးရွာတို့ရှိ ဒေသခံပြည်သူ ၁၈၄၁ ဦးအားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၆၃၂ ဦး၊ ခွဲစိတ်ရောဂါ ၁၁၉ ဦး၊ သားဖွား/မီးယပ်ရောဂါ ၅၆ ဦး၊ ကလေး ရောဂါ ၈၇ ဦး၊ အရိုးရောဂါ ၄၁၃ ဦး၊ နား/ နှာခေါင်း/လည်ချောင်းရောဂါ ၁၁၆ ဦး၊ မျက်စိရောဂါ ၃၁၂ ဦးနှင့် သွားရောဂါ ၁ဝ၆ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၃ဦး၊ သွားခွဲစိတ်လူနာ ၇၂ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၈ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၉၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၇၉ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသ ရန်လိုအပ်သည့် ဒေသခံပြည်သူ ၅၅ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင်ကုသ ပေးကာ ဆေးရုံတက်ရောက်ကုသ ရန်လိုအပ်သော လူနာနှစ်ဦးကို ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၆)

Friday, March 31, 2017

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့ ဧရာဝတီတိုင်းဒေသကြီး ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရှိ ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)တို့ကို 
တပ်မတော်(ရေ)မှ အရာရှိ ၊ စစ်သည် ၊ မိသားစုများက ပို့ဆောင်နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၃၁-၃-၂၀၁၇

ဧရာဝတီတိုင်း ဒေသကြီး၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် တပ်မတော်နယ်လှည့် အထူးကု ဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၄)ရေတပ် ဗောတံတားမှ ထွက်ခွာရာ တပ်မတော်(ရေ )မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါနယ်လှည့် အထူးကု ဆေးအဖွဲ့သည် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူ များအား ခွဲစိတ်ကုသမှု ဆိုင်ရာရောဂါ၊ သားဖွား/မီးယပ် ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ မျက်စိရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားရောဂါ၊ အထွေထွေရောဂါ တို့နှင့် ပတ်သက်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး X-Ray ရိုက်ခြင်း၊ Ultrasound ရိုက်ခြင်းနှင့် ခွဲစိတ်ရောဂါများ ရှာဖွေစမ်းသပ် ကုသခြင်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

ထို့ပြင် အရေးပေါ် အခြေအနေ ပေါ်ပေါက်ပါက ဆေးရုံ ရေယာဉ်ပေါ်၌ လူနာ ၃ဝ ဦးအထိ တင်ဆောင်ကုသ နိုင်သည့် ခွဲစိတ်ခန်း၊ သားဖွား/မီးယပ်ခန်း၊ စမ်းသပ်ခန်းနှင့် အထူးကြပ်မတ်ဆောင် များလည်း ပါရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက်




နေပြည်တော် ၊ ၃၁-၃-၂၀၁၇

ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် မတ် ၂၉ ရက်နှင့် ယမန်နေ့တို့တွင် ကိုကိုးကျွန်းမြို့ ရှိ ဒေသခံပြည်သူ ၃၅၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၁ဝ ဦး၊ ခွဲစိတ်ရောဂါ ၃၉ ဦး၊ သားဖွား/မီးယပ် ရောဂါ ၄၇ ဦး၊ ကလေးရောဂါ ၃၈ ဦး၊ အရိုးရောဂါ ၃၉ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၈ ဦး၊ မျက်စိရောဂါ ၃၉ ဦးနှင့် သွားရောဂါ ၂၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ခြောက်ဦး၊ သွားရောဂါလူနာ ၂၃ ဦးနှင့် အထွေထွေခွဲစိတ် လူနာ လေးဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၄၂ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သည့် ဒေသခံပြည်သူ ၁၅ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင်ကုသပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Thursday, March 30, 2017

အကျေ ၊ အလွန် သင်တန်းဆင်း မြို တိုင်းရင်းသားများ ၇၀ ရာခိုင်နှုန်း သင်ယူတတ်မြောက်


အကျေ ၊ အလွန် သင်တန်းဆင်းပွဲတွင် သင်တန်းသား ၊ သင်တန်းသူများအတွက် 
ဂုဏ်ပြုဆုနှင့် စားသောက်ဖွယ်ရာများ ပေးအပ်စဉ်


နေပြည်တော် ၊ ၃၀-၃-၂၀၁၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဝါးနက်ရုံကျေးရွာ ရှိ မြိုတိုင်းရင်းသားများ မြန်မာစာ တတ်မြောက်ရေး အတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်မတော်ပညာရေး ကျောင်းများမှ နည်းပြများဖြင့် အကျေ၊ အလွန် သင်တန်းကို ဖွင့်လှစ် သင်ကြားပေးခဲ့ရာ သင်ယူတတ်မြောက်မှု ၇ဝ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

အဆိုပါကျေးရွာတွင် အိမ်ထောင်စု ၆၃ စု၊ လူဦးရေ ၃၄၄ ဦးရှိသည့်အနက် မြန်မာစာ မတတ်မြောက်သူ မြိုတိုင်းရင်းသား ၄၃ ဦးကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်မှ ၂ဝ၁၇ ခုနှစ်၊ မတ် ၃ ရက်အထိ မြန်မာစာဘာသာရပ် သင်ရိုးညွှန်းတမ်း စာအုပ်ပါ အခန်း (၁/၂)ဖတ်ခြင်း၊ ရေးခြင်း၊ သင်္ချာဘာသာရပ် သင်ရိုးညွှန်းတမ်း စာအုပ်ပါ အခန်း(၁/၂) ကိန်းဂဏန်း သင်္ကေတများရေးခြင်း၊ ရွတ်ဆိုခြင်း စသည့် သင်ခန်းစာများကို အဆိုပါကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ၌ သင်ကြား ပို့ချပေးခဲ့သည်။

သင်တန်းဆင်းပွဲကို အဆိုပါကျောင်း၌ပင် ပြုလုပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုဆုများ၊ စာရေးကိရိယာများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Tuesday, March 21, 2017

ချင်းပြည်နယ်အတွင်း ရေကြီးမြေပြိုမှုများကို မောင်းသူမဲ့လေယာဉ်ဖြင့် တိုင်းတာခြင်း နှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေး



ဟားခါး ၊ ၂၁-၃-၂၀၁၇

ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာန နှင့် ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (UNFAO) တို့ ပူးပေါင်း၍ မတ် ၁၅ ရက်မှစတင်ကာ ချင်းပြည်နယ် ဟားခါး၊ ဖလမ်းနှင့် တွန်းဇံမြို့နယ် တို့ရှိ ရေကြီးမြေပြိုမှု များကို မောင်းသူမဲ့ လေယာဉ်ဖြင့် ကောင်းကင် ဓာတ်ပုံရိုက် Survey တိုင်းတာခြင်းနှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါမောင်းသူမဲ့ လေယာဉ်ဖြင့် ကောင်းကင်ဓာတ်ပုံ ရိုက် Survey တိုင်းတာခြင်းနှင့် အသုံးချမြေပုံများ ထုတ်လုပ်ပေးခြင်းတို့ ဆောင်ရွက်ရာတွင် ရရှိလာသော အသုံးချမြေပုံ များမှတစ်ဆင့် တိကျသည့် ကွန်တိုလိုင်းများ ပါရှိသည့် မြေပုံများ ထုတ်လုပ်ပေး နိုင်ခြင်း၊ လူနေထိုင်မှု၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အချက်အလက် များကို ခွဲခြားသိရှိ ဆန်းစစ်နိုင်ခြင်း၊ လက်ရှိ မြေပြင် ပကတိအနေထား အတိုင်း Digitalize 3D မြေပုံများ ထုတ်လုပ်ပေးနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပျက်စီးမှုစစ်တမ်း ကောက်ယူခြင်းနှင့် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများ စီမံခန့်ခွဲနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မောင်းသူမဲ့လေယာဉ် သုတေသနဌာနမှ သိရသည်။

''ကျွန်တော်တို့ တက္ကသိုလ် သုတေသနဌာန အနေနဲ့ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ တုန်းကလဲ ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ အဖွဲ့တို့ ပူးပေါင်းပြီး မကွေးတိုင်း ဒေသကြီးအတွင်း ရေဘေးသင့်ဒေသ တွေမှာ စိုက်ပျိုးဧက ပျက်စီးဆုံးရှုံးမှု စစ်တမ်းကောက်ယူ နိုင်ဖို့နဲ့ သဘာဝ ဘေးန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှု တွေပြုလုပ်နိုင်ဖို့ မောင်းသူမဲ့ လေယာဉ် အသုံးပြုပြီးတော့ ကောင်းကင် ဓာတ်ပုံရိုက် Survey တိုင်းတာမှုနဲ့ အသုံးချ မြေပုံထုတ်လုပ်ပေးမှု တွေကို ဆောင်ရွက်ပေးနိုင် ခဲ့ပါတယ်''ဟု မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်၊ မောင်းသူမဲ့ လေယာဉ် သုတေသနဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ သဲမောင်မောင် က ပြောပြသည်။

မောင်းသူမဲ့ လေယာဉ် သုတေသနအဖွဲ့ အနေဖြင့် ၂ဝ၁၅ ခုနှစ်ကလည်း ကလေးမြို့ ရေဘေးသင့် ဒေသများတွင် မောင်းသူမဲ့ လေယာဉ်ဖြင့် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ၌ ဆောင်ရွက်ပေးနိုင် ခဲ့သည့်အပြင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတား ဦးစီးဌာန အတွက် ရခိုင်ပြည်နယ် အတွင်းရှိ မင်းဘူး-အမ်း လမ်းပိုင်း တံတား တည်ဆောက်ရေး လမ်းအူကြောင်းရှာ လုပ်ငန်း အတွက်လည်းကောင်း၊ တောင်ငူမှ ဘုရားကြီးထိ ၅ဝဝ ကေဗွီအေ မဟာဓာတ်အားလိုင်း လမ်းအူကြောင်း ရှာခြင်း လုပ်ငန်းများ အတွက် လည်းကောင်း မောင်းသူမဲ့ လေယာဉ်ဖြင့် အကျိုးပြု ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၅)

Wednesday, March 15, 2017

ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်


ရန်ကုန်တိုင်းစစ်ဌာနချုပ် မှ နယ်မြေခံတပ်မတော်သားများက ငလျင်ကြောင့် ပျက်စီးသွားသည့်
 နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ
 ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးစဉ်

နေပြည်တော် ၊ ၁၅-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်း မတ် ၁၃ ရက် ည ၈ နာရီ မိနစ် ၅ဝ ခန့်မှ ည ၁၁ နာရီခန့်အထိ ငလျင်ငါးကြိမ် လှုပ်ခတ်မှုကြောင့် မြို့လယ် ဘုရားကြီး ကျောင်းမုခ်ဦးနှင့် ဆင်းတုတော်များ အက်ကွဲပြိုကျပြီး မြို့တွင်းရှိ အဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့ရာ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် မှ နယ်မြေခံ တပ်မတော်သား များက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိပြီး တိုက်ကြီးမြို့နယ် ၊ ပြည်သူ့ဆေးရုံ ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူ ၂၄ ဦးအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Thursday, March 9, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသဘော် (သံလွင်) ပြန်လည်ရောက်ရှိ ၊ ဒေသခံပြည်သူ ၉၂၃၁ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်


တပ်မတော်ပင်လယ်သွား ဆေးရုံသဘော် (သံလွင်) မှ တပ်မတော်နယ်လှည့် 
အထူးကုဆေးအဖွဲ့အား တာဝန်ရှိသူများက ကြိုဆိုစဉ်

နေပြည်တော် ၊ ၉-၃-၂၀၁၇

တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ များပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသ များနှင့် ဟိုင်းကြီးကျွန်းမြို့ တို့ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထိုသို့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၉၆၃ ဦး၊ ခွဲစိတ်ရောဂါ ၁၂ဝ၉ ဦး၊ ကလေးရောဂါ ၈၆၁ ဦး၊ သားဖွား/မီးယပ် ရောဂါ ၄၈၇ ဦး၊ အရိုးရောဂါ ၁၁၆၅ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁ဝ၆၉ ဦး၊ မျက်စိရောဂါ ၁၆၇၂ ဦးနှင့် သွားရောဂါ ၈ဝ၅ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၉၂၃၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၂၂၂ ဦး၊ သွားရောဂါလူနာ ၈၃၉ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ၁၂၃ ဦးတို့ကို ဆေးရုံသင်္ဘော ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက်လူနာ ၈ဝ၁ ဦးနှင့် ECG စက်ဖြင့်နှလုံး စမ်းသပ်လူနာ ၆၂၆ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထို့ပြင်ဆေးရုံ တက်ရောက် ကုသရန်လိုအပ်သည့် ဒေသခံပြည်သူ ၄၂၆ ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင် ကုသပေးပြီး ဆေးရုံလွှဲပြောင်း ကုသရန်လိုအပ်သော လူနာ ၃၁ ဦးအား သက်ဆိုင်ရာမြို့ များရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေးစီစဉ် ဆောင်ရွက်ပေး ခဲ့သည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)ဖြင့် ယခု သွားရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်သည် ပဉ္စမအကြိမ် မြောက်ဖြစ်ပြီး ပထမအကြိမ် အဖြစ် ကိုကိုးကျွန်း မြို့နှင့် ဟိုင်းကြီးကျွန်းမြို့၊ ဒုတိယအကြိမ် အဖြစ် ရခိုင်ကမ်းရိုးတန်း ဒေသ၊ တတိယအကြိမ်နှင့် စတုတ္ထအကြိမ် အဖြစ် တနင်္သာရီ ကမ်းရိုးတန်း ဒေသများသို့ သွားရောက်၍ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ  ၊ စာ(၁၇)

Tuesday, February 28, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်




နေပြည်တော် ၊ ၂၈-၂-၂၀၁၇

ရခိုင်ပြည်နယ် ၊ ကမ်းရိုးတန်းဒေသရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွားဆေးရုံ သင်္ဘော(သံလွင်) သည် ယမန်နေ့တွင် စနဲမြို့နယ်ရှိ ဒေသခံပြည်သူ ၇၄၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှုဆိုင်ရာ ရောဂါ ၁၂၇ ဦး၊ ခွဲစိတ်ရောဂါ ၈၉ ဦး၊ ကလေးရောဂါ ၈၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၄၇ ဦး၊ အရိုးရောဂါ ၁ဝ၁ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၁၁ ဦး၊ မျက်စိရောဂါ ၁၂၃ ဦးနှင့် သွားရောဂါ ၆၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၂၆ ဦး၊ သွားရောဂါလူနာ ၇၁ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၆ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅ဝ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သည့် ဒေသခံပြည်သူ ၂၆ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင်ကုသ ပေးကာ လူနာ ၄၉ ဦးအား ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Monday, February 27, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်



နေပြည်တော် ၊ ၂၇-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းဒေသ ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယမန်နေ့တွင် ကျောက်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူ ၄၂၄ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၈၁ ဦး၊ ခွဲစိတ်ရောဂါ ၅၉ ဦး၊ ကလေးရောဂါ ၃၉ ဦး၊ သားဖွား/မီးယပ် ရောဂါ ၁၉ ဦး၊ အရိုးရောဂါ ၄၃ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၅၉ ဦး၊ မျက်စိရောဂါ ၈၅ ဦးနှင့် သွားရောဂါ ၃၉ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ် လူနာ ၁၄ ဦး၊ သွားရောဂါ လူနာ ၃၆ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ငါးဦးတို့ကို ဆေးရုံ ရေယာဉ်ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၄၁ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေ ခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၂၆ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင်ကုသ ပေးကာ လူနာ ၂၆ ဦးအား ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက်ကုသ နိုင်ရန်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, February 24, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ကျောက်ဖြူမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၊ ၂၄-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းဒေသရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကုဆေး အဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံ သင်္ဘော (သံလွင်)သည် ဖေဖော်ဝါရီ ၂၂ ရက်နှင့် ယမန်နေ့တွင် ကျောက်ဖြူမြို့ရှိ ဒေသခံပြည်သူ ၁၁၉၇ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၈၁ ဦး၊ ခွဲစိတ်ရောဂါ ၁၉၃ ဦး၊ ကလေးရောဂါ ၉၂ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅ဝ ဦး၊ အရိုးရောဂါ ၁၃၄ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၁၈ ဦး၊ မျက်စိရောဂါ ၂၃၆ ဦးနှင့် သွားရောဂါ ၉၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ် လူနာ ၂၈ဦး၊ သွားရောဂါလူနာ ၈၄ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၉ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက် လူနာ ၁၃၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၉၄ ဦးတို့ကို ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၅၈ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင် ကုသပေးကာ လူနာခုနစ်ဦးအား ရန်ကုန်မြို့နှင့် အမ်းမြို့တို့ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေး စီစဉ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

Thursday, February 23, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) မာန်အောင်မြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၊ ၂၃-၂-၂၀၁၇

ရခိုင်ပြည်နယ်၊ ကမ်းရိုးတန်းဒေသရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့် အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် ဖေဖော်ဝါရီ ၂၁ ရက်တွင် မာန်အောင်မြို့ရှိ ဒေသခံ ပြည်သူ ၇၂ဝ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၄ဝ ဦး၊ ခွဲစိတ်ရောဂါ ၉၂ ဦး၊ ကလေးရောဂါ ၇၇ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅၁ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၇၉ ဦး၊ မျက်စိရောဂါ ၁၂၅ ဦးနှင့် သွားရောဂါ ၅၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၂ဝ ဦး၊ သွားရောဂါ လူနာ ၅၆ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ကိုးဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ် ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၇၈ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၄၂ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၂၉ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင် ကုသပေးကာ လူနာလေးဦးအား ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Tuesday, February 21, 2017

တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့ ဒိုက်ဦးမြို့၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်


တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့က ဒေသခံပြည်သူများအား 
ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

တပ်မတော်နယ်လှည့်အထူးကု ဆေးအဖွဲ့က ရွေ့လျားခွဲစိတ်ကုသယာဉ်ဖြင့် ဒေသခံပြည်သူများအား 
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၂၁-၂-၂၀၁၇

ပဲခူးတိုင်းဒေသကြီး၊ ဖြူး၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ဒိုက်ဦးနှင့် ပျဉ်ပုံကြီးမြို့နယ် များအတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ မိသားစုဝင် များနှင့် ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ အခြေပြု ဆေးအဖွဲ့သည် ယမန်နေ့တွင် ဒိုက်ဦးမြို့ရှိ နယ်မြေခံတပ်ရင်း၌ အခြေပြု၍ လည်းကောင်း၊ နယ်လှည့်ဆေး အဖွဲ့သည် ဒိုက်ဦးမြို့၊ ကောလိယ ခန်းမ၌လည်းကောင်း ဒေသခံပြည်သူ စုစုပေါင်း ၁၇ဝ၄ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၆၃၈ ဦး၊ ခွဲစိတ်ရောဂါ ၁၂၅ ဦး၊ ကလေးရောဂါ ၇၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၉၃ ဦး၊ အရိုးရောဂါ ၂၆၄ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၁၃၇ ဦး၊ မျက်စိရောဂါ ၂၂၅ ဦး၊ သွားရောဂါ ၆၆ ဦးနှင့် အထွေထွေရောဂါ ၈၃ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိ ခွဲစိတ်လူနာ ရှစ်ဦး၊ သွားရောဂါလူနာ ၆၆ ဦး နှင့် အထွေထွေခွဲစိတ် လူနာ ခြောက်ဦးတို့ကို ရွေ့လျားခွဲစိတ် ကုသယာဉ်များဖြင့် ခွဲစိတ် ကုသမှုများ ဆောင်ရွက်ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၁၂၂ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၁၇ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၆ဝ ဦးတို့ကို ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲယာဉ် တို့ဖြင့် ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သောလူနာ ၁၂ ဦးအား နေပြည်တော်၊ ရန်ကုန်မြို့နှင့် တောင်ငူမြို့တို့ရှိ တပ်မတော် ဆေးရုံများသို့ တက်ရောက်ကုသ နိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

#Themyawadydaily

Monday, February 20, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော(သံလွင်) သံတွဲမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်




နေပြည်တော် ၊ ၂၀-၂-၂၀၁၇

ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသ များနှင့် ဟိုင်းကြီးကျွန်းမြို့ တို့ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယမန်နေ့တွင် သံတွဲမြို့နယ်၊ သပြုချိုင် ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၆၈၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၇၁ ဦး၊ ခွဲစိတ်ရောဂါ ၉၇ ဦး၊ ကလေးရောဂါ ၇၃ ဦး၊ သားဖွား/မီးယပ် ရောဂါ ၃၈ ဦး၊ အရိုးရောဂါ ၈၉ ဦး၊ နား/နှာခေါင်း /လည်ချောင်းရောဂါ ၄၇ ဦး၊ မျက်စိရောဂါ ၉၃ ဦးနှင့် သွားရောဂါ ၈ဝ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၁၆ ဦး၊ သွားရောဂါ လူနာ ၆ဝ ဦးနှင့် အထွေထွေခွဲစိတ် လူနာ ၁၆ ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးသည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၆၇ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၁ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင် ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၃၃ ဦးအား ဆေးရုံသင်္ဘောပေါ်တွင် ဆေးရုံတင်ကုသ ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Sunday, February 19, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သံတွဲမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်




နေပြည်တော် ၊ ၁၉-၂-၂၀၁၇

ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်း ဒေသများနှင့် ဟိုင်းကြီးကျွန်းမြို့ တို့ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် နယ်လှည့်အထူးကု ဆေးအဖွဲ့များ ပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ယမန်နေ့တွင် သံတွဲမြို့နယ်၊ သပြုချိုင်ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ ၅၅ဝ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ စတင်ဆောင်ရွက် ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၁၃၂ ဦး ၊ ခွဲစိတ်ရောဂါ ၅၆ ဦး၊ ကလေးရောဂါ ၅၅ ဦး ၊ သားဖွား၊မီးယပ် ရောဂါ ၃ဝ ဦး ၊ အရိုးရောဂါ ၇၈ ဦး ၊ နား၊နှာခေါင်း၊ လည်ချောင်းရောဂါ ၄၅ ဦး၊ မျက်စိရောဂါ ၁၂၂ ဦးနှင့် သွားရောဂါ ၃၂ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိ ခွဲစိတ်လူနာ ၁၁ ဦး ၊ သွားရောဂါလူနာ ၅ဝ ဦးနှင့် အထွေထွေခွဲစိတ် လူနာ လေးဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသ မှုများ ဆောင်ရွက်ပေး သည်။

ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၂၃ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၂၂ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံ တက်ရောက် ကုသရန် လိုအပ်သည့် ဒေသခံပြည်သူ ၁၁ ဦးအား ဆေးရုံသင်္ဘော ပေါ်တွင် ဆေးရုံတင်ကုသ ပေးခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Tuesday, February 14, 2017

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များ ၊ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့ထွက်ခွာ



နေပြည်တော် ၊ ၁၄-၂-၂၀၁၇

ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်များနှင့် ကျေးရွာများမှ စစ်မှုထမ်း ဟောင်းများနှင့် မိသားစုဝင်များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာ သွားသည်။

အဆိုပါတပ်မတော် နယ်လှည့်အထူးကု ဆေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ် ကုသယာဉ် ၊ ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်၊ ရွေ့လျားဓာတ်ခွဲခန်း ယာဉ်နှင့် သွားရောဂါ ဆိုင်ရာ ခွဲစိတ်ကုသယာဉ် တို့ပါဝင်ပြီး ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ကျော်လှစုကျေးရွာ၊ ကျောက်တံခါးမြို့နယ်၊ ညောင်လေးပင် မြို့နယ်၊ ဖအောင်းကျေးရွာ၊ ဒိုက်ဦးမြို့နယ်နှင့် ပျဉ်ပုံကြီးမြို့နယ် အတွင်း ရှိ ကျေးရွာများမှ စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင်များ၊ ဒေသခံပြည်သူ များအား ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၅ ရက်အထိ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁၈)

Friday, February 10, 2017

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) ပြန်လည်ရောက်ရှိ ၊ ဒေသခံပြည်သူ ၈၈၀၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်



နေပြည်တော် ၊ ၁၀-၂-၂၀၁၇

တပ်မတော် နယ်လှည့် အထူးကု ဆေးအဖွဲ့ များပါဝင်သည့် တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်း ဒေသများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီး များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ က ကြိုဆိုနှုတ်ဆက် ကြသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကမ်းရိုးတန်းဒေသ တစ်လျှောက်ရှိ ဒေသခံပြည်သူ များအား ကျန်းမာရေး  စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး ရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၉၇၆ ဦး၊ ခွဲစိတ်ရောဂါ ၆၆၉ ဦး၊ ကလေးရောဂါ ၁၁၁၇ ဦး၊ သားဖွား/မီးယပ် ရောဂါ ၅၂ဝ ဦး၊ အရိုးရောဂါ ၁ဝ၃၁ ဦး၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ ၃၉၉ ဦး၊ မျက်စိရောဂါ ၁၁၉၂ ဦးနှင့် သွားရောဂါ ၉ဝ၄ ဦး၊ စုစုပေါင်း ဒေသခံပြည်သူ ၈၈ဝ၈ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး မျက်စိခွဲစိတ်လူနာ ၈၉ ဦး၊ သွားရောဂါ လူနာ ၈၆၄ ဦးနှင့် အထွေထွေ ခွဲစိတ်လူနာ ၁၃၆ ဦးတို့ကို ဆေးရုံသင်္ဘော ပေါ်တွင် ခွဲစိတ်ကုသ မှုများ ဆောင်ရွက်ပေးကာ ဓာတ်မှန်ရိုက် လူနာ ၄၃၆ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၄၉၁ ဦးတို့ကို ရောဂါ ရှာဖွေခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ထို့ပြင်ဆေးရုံ တက်ရောက် ကုသရန်လိုအပ် သည့် ဒေသခံပြည်သူ ၁၂၂ ဦးအား ဆေးရုံ သင်္ဘောပေါ်တွင် ဆေးရုံတင်ကုသ ပေးပြီး ဆေးရုံလွှဲပြောင်း ကုသရန် လိုအပ်သော လူနာ တစ်ဦးအား ဘုတ်ပြင်းမြို့ရှိ တပ်မတော် ဆေးရုံသို့ တက်ရောက် ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့သည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)ဖြင့် ယခု သွားရောက်သော ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်သည် စတုတ္ထအကြိမ် မြောက်ဖြစ်ပြီး ပထမအကြိမ် အဖြစ် ကိုကိုးကျွန်းမြို့ နှင့် ဟိုင်းကြီးကျွန်းမြို့ များသို့ သွားရောက်၍ ဒေသခံပြည်သူ ၄ဝ၁၂ ဦးကို လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် ရခိုင်ပြည်နယ် ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူ ၁ဝ၉၆၁ ဦး ကိုလည်းကောင်း၊ တတိယအကြိမ် အဖြစ် တနင်္သာရီတိုင်း ဒေသကြီး ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူ ၁၁၈၁၈ ဦးကို လည်းကောင်း၊ ယခုအကြိမ်၌လည်း တနင်္သာရီတိုင်း ဒေသကြီး၊ ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူ စုစုပေါင်း ၈၈ဝ၈ ဦး စုစုပေါင်း ၃၅၅၉၉ ဦးတို့ကို ပင်လယ် ရေကြောင်း ခရီးစဉ်များ အတိုင်း လိုအပ်သည့် ဆေးဝါးကုသမှု များနှင့် ရောဂါရှာဖွေ စမ်းသပ်ကုသ မှုများ ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger