
-
နေပြည်တော် ဖေဖော်ဝါရီ ၆
-
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ တကားကျေးရွာ အနီးတစ်ဝိုက်ရှိ NSCN(K) စခန်းနှင့်အနီးပတ်ဝန်းကျင်နေရာများ၌ အာသံနှင့်ကသည်း လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အချို့သည် NSCN(K) အဖွဲ့အသွင်ဖြင့် ဖြန့်ခွဲအခြေပြုလျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက ဇန်နဝါရီ ၂၉ ရက်မှစ၍ သွားရောက် ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ၎င်းတို့အခြေပြုရာ စခန်းအသီးသီးအားသိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း ဖေဖော်ဝါရီ ၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
-

-

ထိုသို့ဆောင်ရွက်လျက်ရှိစဉ် ဖေဖော်ဝါရီ ၄ ရက်တွင် တကားကျေးရွာ၏ အနောက်ဘက် မီတာ ၁၆ဝဝ ခန့်အကွာရှိ လျှိုအတွင်း၌ သိုဝှက်ထားသော လက်နက်မျိုးစုံ ၁၅ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင်လည်း အဆိုပါနေရာ၌ ကျည်အိမ်မျိုးစုံ ၈ဝ ခုနှင့် အသုံးအဆောင် ပစ္စည်းများအား ထပ်မံ သိမ်းဆည်းရမိခဲ့သည်။
-
၎င်းအပြင် တကားကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၈ဝဝဝ ခန့်အကွာ၌ ၎င်းတို့အခြေပြုခဲ့သော စခန်းတစ်ခုကိုလည်း ထပ်မံတွေ့ရှိ သိမ်းပိုက်ရရှိခဲ့သည်။ တပ်မတော်စစ်ကြောင်းများ အနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း တရားမဝင်လက်နက်ကိုင်အဖွဲ့အစည်းများ ဝင်ရောက်စိမ့်ဝင်လှုပ်ရှားမှုများ မရှိစေရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment