ဒီဇင်ဘာ(၁၂)ရက်နေ့
တူရကီနိုင်ငံ၊ အီစတန်ဘူမြို့တွင် ဒီဇင်ဘာ ၁၂ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် Swimming World Championship Istanbul 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ ရေကူး အားကစား သမားများ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ အားကစားသမား များအဖြစ် သီဟအောင် က မီတာ ၅၀၊ ၁၀၀ အလွတ်ကူးနှင့် လိပ်ပြာကူး၊ ကေဇင်ဝင်း က မီတာ ၅၀၊ ၁၀၀ လိပ်ပြာကူး နှင့် ပတ်ကလက်ကူး၊ အိအိသက် က မီတာ ၅၀၊ ၁၀၀ ရင်ဘောင်တန်းကူး နှင့် အလွတ်ကူး ပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment