www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2019

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြု

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် အောင်ပွဲရရှိခဲ့သော အားကစား သမားများအား ဂုဏ်ပြု
-
နေပြည်တော် ဖေဖော်ဝါရီ ၆ 
-
၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊တပ်မတော်(ကြည်း၊ရေ၊လေ) အားကစားပြိုင်ပွဲများတွင် ဆုရရှိ ခဲ့ကြသည့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင်တိုင်းစစ်ဌာနချုပ်သံလွင်ခန်းမ၌ကျင်းပပြုလုပ်ရာတိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့်အရာရှိ၊စစ်သည်မိသားစုများ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။ 
-
ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ခုနှစ်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ပြိုင်ပွဲ အမျိုးအစားအလိုက်ဆုများ အသီးသီး ရရှိကြသည့် အားကစားသမားများအားတိုင်းမှူးနှင့် တာဝန်ရှိသူများကဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး တပ်မတော်( ကြည်း ၊ ရေ၊ လေ)သေနတ်ပစ်ပြိုင်ပွဲ အမျိုးသား တံခွန်စိုက်ဒိုင်းဆုအား ပြိုင်ပွဲဝင်အားကစားသမားများက တိုင်းမှူးထံ ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။ 
-
ထို့နောက် အားကစားသမားများကိုယ်စား အသင်းအုပ်ချုပ်သူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းမှူးက အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger