
-
နေပြည်တော် ဖေဖော်ဝါရီ ၆
-
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာရှိ ဓမ္မဒူတဇေတဝန်တောရဆေကိန္ဒာရာမ ကျောင်းတိုက် အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး အတွက် ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်မှ တပ်မတော်သားများက အဆိုပါကျောင်းတိုက်အတွင်း/အပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ အသစ် ဆောက်လုပ်လျက်ရှိသည့် ဗုဒ္ဓတက္ကသိုလ်နှင့် သံဃာဆောင်များပတ်ဝန်းကျင်ရှိ အုတ်၊ သဲ၊ ကျောက်များ သယ်ဆောင်ပေးခြင်း၊ အလှမြက်များ စိုက်ပျိုးပေးခြင်းနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း စသည့်စုပေါင်း လုပ်အားပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment