www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်းတပ်နယ် နှင့် မိုးညှင်းတပ်နယ် တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိုးကောင်းတပ်နယ် နှင့် မိုးညှင်းတပ်နယ် တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအမှာစကားပြောကြား
-
နေပြည်တော်၊ ဖေဖော်ဝါရီ - ၄ 
-
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိုးကောင်းတပ်နယ်နှင့် မိုးညှင်းတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊မိသားစုများအား သီးခြားစီတွေ့ဆုံ အမှာစကား ပြောကြားသည်။
-
-
အဆိုပါတွေ့ဆုံပွဲများသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ် ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် တေဇကျော် နှင့် တပ်နယ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။
-

-
ထိုသို့တွေ့ဆုံအမှာစကား ပြောကြားရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတွင် အဓိက တာဝန်ရှိကြောင်း၊ ကာကွယ်ရေး တာဝန် ထမ်းဆောင်ရာတွင်သမားရိုးကျစစ်ပွဲများအား ဆင်နွှဲနိုင်ရမည်ဖြစ်ရာ တပ်မတော်အား ခေတ်မီ တပ်မတော် Standard Army အဖြစ် တည်ဆောက်လျက်ရှိကြောင်း၊ ကြည်းတပ်ကို အဆင့် မြှင့်တင်ခြင်းသာမက တပ်မတော်(ရေ)အတွက်လိုအပ်သည့် စစ်ရေယာဉ်များကို တည် ဆောက်ပြီး တပ်တော်ဝင်နိုင်ခဲ့သကဲ့သို့ တပ်မတော်(လေ) အတွက် လိုအပ်သည့် လေယာဉ် များကို အဆင့်မြှင့်တင်ခြင်းနှင့် ဖြည့်ဆည်း ဆောင်ရွက်ခြင်းများကိုလည်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ခေတ်သစ်စစ်ပွဲများတွင် လေကြောင်း အရေးအသာမှုနှင့် အီလက်ထရောနစ် နည်းပညာ ကောင်းမွန်သာလွန်မှုတို့သည် တိုက်ပွဲအဆုံးအဖြတ်ကိုများစွာ အထောက်အကူဖြစ် စေကြောင်း၊ခေတ်နှင့်လျော်ညီသည့် နည်းပညာများ တတ်ကျွမ်းစေရန်အတွက် နိုင်ငံတကာသို့ ပညာတော်သင် စေလွှတ်ခြင်းများ ဆောင်ရွက်လျက် ရှိသကဲ့သို့ တပ်မတော်သား တစ်ဦးချင်း ၏ စွမ်းရည်မြင့်မားရေးအတွက်လည်းလေ့ကျင့်ရေး ကျောင်းများတွင် စနစ်တကျ သင်ကြား လေ့ကျင့်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်ရေးများမှ ရရှိသည့် အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာဖော်ထုတ်၍ လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးချရန် လိုကြောင်း၊ လေ့ကျင့်သား ပြည့်ဝနေစေရန် အတွက် မိမိတို့နေ့စဉ် ဆောင်ရွက်ရမည့် သမားစဉ် လုပ်ငန်းတာဝန်များကို မှန်မှန်ကန်ကန် ဆောင်ရွက်ရန်လိုကြောင်း၊ ထို့အတူတပ်မတော်သားများ၏ ပညာမြင့်မားရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စစ်မြေပြင် တွင် ကျန်းမာကြံ့ခိုင်စွာတိုက်ပွဲ ၀င်နိုင်စေရန် အတွက် ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်စားသောက်မှုများရှိရန်လိုပြီး သတ်မှတ်ထားသည့်နေ့စဉ် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ကိုလည်း ဆောင်ရွက်နေရမည်ဖြစ်ကာ အမြဲတမ်း တိုက်ပွဲဝင်အသင့် Combat Ready ဖြစ်နေ ရန် လိုကြောင်း မှာကြားသည်။
-

-
ထို့နောက် မိမိတို့အဆင့်နှင့် လျော်ညီသည့် နေထိုင်စားသောက်မှုရှိရန်နှင့် အသုံးနှင့် အဖြုန်းကို နားလည်ပြီး ၀င်ငွေနှင့် ထွက်ငွေအားမျှတစွာ သုံးစွဲရန်လိုကြောင်း၊ တပ်မတော်သားများ၏နေထိုင်စားသောက်မှုအတွက် မိမိတို့အနေဖြင့် တတ်နိုင်သမျှ အကောင်ဆုံး ဖြစ်အောင် ဖြည့်ဆည်း ဆောင်ရွက်ပေးထားကြောင်း၊ တပ်မတော်သားများနှင့် မိသားစုဝင် များ၏ သက်သာ ချောင်ချိရေးအတွက်တပ်ပိုင်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက် ပေးထားသကဲ့သို့ တစ်ဦးချင်းအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို ဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်ဆင့်သောခေါင်းဆောင်များအနေဖြင့်လည်း မိမိတို့ ဦးဆောင်ရသည့် သူများအပေါ် မိဘသဖွယ်စိတ်ဓာတ်၊ တပ်မှူးကောင်းစိတ်ဓာတ် များဖြင့် ကိုယ်ချင်းစာတရားထား၍ ညီညွတ်မျှတစွာ အုပ်ချုပ်ရန်လိုကြောင်း၊ ကျန်းမာရေးနှင့် ဘ၀ကို ထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းစားသုံးမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုများကို လုံးဝရှောင်ကြဉ်ရန်လိုကြောင်း၊ မိမိတို့ တပ်မတော်သားများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများသည် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်၊ တစ်လေတည်း ရှုနေရသူများဖြစ်သဖြင့် အားလုံးက မြန်မာစိတ်မွေး၍ ရင်းရင်းနှီးနှီး၊ စည်းစည်းလုံးလုံး နေထိုင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ပြည်သူကအားကိုးရသည့် တပ်မတော်၊ နိုင်ငံတော်ကအားထားရသည့်တပ်မတော်ဖြစ်အောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားကြရန် လိုကြောင်း မှာကြားသည်။
-

-
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်နယ်များမှ အရာရှိ၊ စစ်သည် မိသားစုများ အတွက် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီးက တပ်နယ်မိခင်နှင့်ကလေးအသင်းအတွက် ချီးမြှင့်ငွေများ ကိုလည်းကောင်း အသီးသီး ပေးအပ်ကြရာ တာဝန်ရှိသူများ ကလက်ခံရယူကြသည်။ ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများက သုတ၊ ရသ၊ စာအုပ်စာစောင်များ၊ အားကစား ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။တွေ့ဆုံပွဲများအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များ သည် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
-

-
၎င်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် မိုးကောင်းမြို့နယ်နှင့်မိုးညှင်းခရိုင်ရှိဌာနဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံပြီးရရှိသည့် လျှပ်စစ်ဓာတ်အားဖြင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကိုအခြေခံသည့် အဆင့်မြင့်ဒေသ ထွက်ကုန်ချောများ ထုတ်လုပ်ပြီး ၀င်ငွေရရှိအောင် ဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများ၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေရန်အတွက်သက်ဆိုင်ရာ တာဝန်ရှိသူများက ဦးဆောင်ပြီး ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ အုပ်ချုပ်မှု ဆိုင်ရာများအား မျှမျှတ တဖြင့် ဆောင်ရွက်ရန်လိုအပ်မှုနှင့် ဒေသခံပြည်သူများ၏ ပညာရည်မြင့်မားရေးကိုလည်းဝိုင်းဝန်း ဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများ၊ မူးယစ်ဆေးဝါး သုံးဆွဲမှုများကို တတ်နိုင်သမျှတားဆီး ဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်တပ်မတော်အနေဖြင့် ပါဝင်ကူညီဆောင်ရွက် ပေးလျက်ရှိမှု အခြေအနေ များအား ရှင်းလင်းဆွေးနွေး တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger