www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2019

UN PEACEKEEPING OPERATION COURSE ဆိုင်ရာ သင်တန်း ဖွင့်လှစ်

UN Peacekeeping Operation  Course ဆိုင်ရာ သင်တန်း ဖွင့်လှစ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၄ 
-
မြန်မာ့တပ်မတော် အနေဖြင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်တို့ ပူးပေါင်းဆောင်ရွက် ဖွင့်လှစ်သော ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်း (UN Peacekeeping Operation  Course) ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   Park Royal ဟိုတယ်၌ ကျင်းပပြုလုပ်သည်။
-
အဆိုပါဖွင့်ပွဲ အခမ်းအနားသို့  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Saurabh Kumar နှင့် စစ်သံမှူး  Col. Naveen Mahajan ၊ အိန္ဒိယ တပ်မတော် Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိများ၊မြန်မာ့တပ်မတော်မှ သင်တန်းသား စစ်သည်များ  တက်ရောက်ကြသည်။ ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်  မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Saurabh Kumar တို့က အဖွင့်အမှာစကား အသီးသီး ပြောကြားကြသည်။ 
-
ထို့နောက်  အိန္ဒိယနိုင်ငံ Centre for United Nations Peacekeeping (CUNPK) မှ နည်းပြအရာရှိ တစ်ဦးက အိန္ဒိယနိုင်ငံ၏ UN Peacekeeping Operation တွင် ပါဝင်ဆောင်ရွက်နေမှု အခြေအနေများအားPower Point ဖြင့် ရှင်းလင်း တင်ပြသည်။ ယင်းနောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာကြသူများ၊ (CUNPK)မှ နည်းပြအရာရှိများ၊ သင်တန်းသားများနှင့် အတူ အမှတ်တရ စုပေါင်း ဓာတ်ပုံရိုက်ကြသည်။ 
-
အဆိုပါသင်တန်းမှာ  (၆)ကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ် အထိ အရာရှိ ၉၆ ဦး၊ စစ်သည် ၅၄ ဦး တက်ရောက်ခဲ့ပြီး ယခုသင်တန်း၌ စစ်သည် ၃ဝ ဦးတက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရပြီး သင်တန်း၌ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအား ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု၊ စစ်ဘက်-အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကင်းလှည့်ခြင်း၊ ယာဉ်တန်းလုံခြုံရေး ဆောင်ရွက်ခြင်း၊ တပ်ခွဲ အခြေချစခန်း တည်ဆောက်ခြင်း၊ လေ့ကျင့်ခန်း Blue Helmet ၊ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်နေမှုများစသည့် ဘာသာရပ်များအား စာတွေ့၊ လက်တွေ့လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ  ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger